Part22(uni+zawgyi)

4.8K 221 5
                                    

Uni

ဒီနေ့တော့ အန်တီကြီးကို အစောကြီးပြန်ခိုင်းလိုက်တယ် မီးဖိုချောင်ကိုမိန့်ကိုယ်တိုင်ဝင်မှာလေ

တစ်ခါမှမတောင်းဆိုဘူးတဲ့ကောင်မလေးတောင် ကိုယ့်လက်ရာကိုတောင်းဆိုတယ်ဆိုတော့

ကျွန်တော့်လက်ရာတော်တော်ကောင်းလိုပေါ့😁

ပထမတစ်ခါချက်ကျွေးတည်းက သူကြိုက်မှန်းသိပေမယ့်

ခုထပ်စားချင်လိမ့်မယ်လို့မထင်ထားဘူးလေ ကိုယ့်ကိုကိုယ်တောင် နဲနဲမြောက်ချင်လာပြီ

"ဟေ့သား ဘာတွေပျော်နေတာလဲ"

"ရှူးတိုးတိုးမေမေ ဟီး နက်ကလေ သားချက်တဲ့ ဆန်ပြုတ်စားချင်လို့တဲ့ အဲ့တာ ချက်နေတာ ဟီး"

ဒေါ်သရဖီ ဆေးရုံကပြန်လာတော့ အိမ်ရှေ့မှာတစ်ယောက်မှမရှိလို့

မနက်ကခေါ်ထားတဲ့ထမင်းချက် အဒေါ်ကြီးများရှိမလားဆိုပြီးမီးဖိုးချောင်ဝင်လာတာ

အေပရွန်ကြီးတကားကားနဲ့ သားတော်မောင်ကို ပြုံးပြုံးကြီးတွေ့လို့ တအံ့တသြမေးကြည့်တာပေါ့

"ဟုတ်လား ဒါဆို သမီးက ချဥ်ချဥ်းတက်တာ ထူးထူးဆန်းဆန်း သားချက်တဲ့ဆန်ပြုတ်ပေါ့လေ

ဟင်းဟင်း ငါ့သားတော့ ခဏခဏ ချက်ကျွေးရတော့မယ်ဟေ့"

"ကျွေးမှာပေါ့မေမေရ သားမိန်းမနဲ့ သားကလေး စားဖို့ပဲ သားကအမြဲတောင်ချက်ကျွေးချင်တာ😁"

"အော် ငါ့သားငါ့သား ကျုပ်တခါတလေလေး ဖျားလို့များ ဆန်ပြုတ်ပြုတ်ပေးပါဆို

မေမေကို တစ်ရက်ပဲပြုတ်ပေးမှာနော်တို့ ဘာတို့နဲ့ ဟင်းမပြောချင်ဘူးနော်"

"ဟာ မေမေကလဲ"

"ကဲပါ ဆက်လုပ်ဆက်လုပ် မေမေကစတာ

ငါ့သားလေး နက်အပေါ် ဂရုစိုက်တာမြင်ရတော့ မေမေလဲ စိတ်ချမ်းသာတာပေါ့

မေမေသမီးကိုသွားကြည့်လိုက်ဦးမယ်"

"မေမေ ခဏလေး မသွားနဲ့ဦး

သူအိပ်နေတယ် သူမေမေဝင်လာတဲ့ အသံကြားလို့လန့်နိုးသွားမှာစိုးလို့

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now