Uni
"အဲ့လိုမှမဟုတ်ရင် ကျွန်မရှင့်ကို လက်မထပ်နိုင်ဘူးနော် ကျွန်မဒီအိမ်ပေါ်ကဆင်းမယ်"
နှင်းဆီနက်ပြောလိုက်တဲ့စကားတွေက
မိန့်ဘာမှပြန်မပြောနိုင်တော့ဘူးသူနှင်းဆီနက်ကို ချစ်မချစ်မသေချာပေမယ့် သူတစ်ကယ်ကိုလက်ထပ်ချင်တာပါ
"ကိုယ်မင်းကို မျက်စိရှေ့မှာစောင့်ရှောက်ရရင်ပဲ ကျေနပ်ပါပြီ မင်းကြိုက်သလိုလုပ်ပါ ခုရော မင်းအက်ျီလည်းတော့မှာလား ကိုယ်ထွက်ပေးရတော့မလား "
နှင်းဆီနက် မိန့်ကိုမကြည့်ဘဲ ခေါင်းငြိမ့်လိုက်တယ်
မိန့်လေးပင်တဲ့ခြေလှမ်းတွေနဲ့ အခန်းထဲက ထွက်သွားတယ်
အပြင်ရောက်တော့ ယောက်ျားတန်မယ့် မျက်ရည်များကျလာတယ်
မျက်ရည်တွေနဲ့သားကိုကြည့်ပြီးဒေါ်သရဖီက "သားရယ် သားအခုခံစားနေရတာက သမီးနဲ့ယှဥ်ရင် မပြောပလောက်ပါဘူးကွယ်
သားတောင်ဒီလိုဖြစ်နေတယ်ဆို
သမီးလေးဘယ်လောက်ခံစားနေရမလဲ
သားသူ့ကိုနားလည်ပေးလိုက်ပါနော်"
မိန့် မေမေ့ရင်ခွင်ထဲဝင်ကာငိုနေလိုက်တယ်
"မေမေရယ် သားလေ သားမှားသွားတယ်
သားသူ့ကို ဘယ်လိုမှတောင်းပန်လို့မရတော့ဘူး
သားသူ့ကိုမမုန်းပါဘူးမေမေရယ် အရင်က သူ့ကိုဒုက္ခပေးခဲ့တာလည်း
သားရင်ထဲကိုသူခဏခဏရောက်လာလို့ပါ သူလေ သူအရမ်းခံစားခဲ့ရမှာ သူ အရမ်းစိတ်ညစ်ပြီးအားငယ်နေရရှာမှာပဲ "
"သားက သူ့ကို ဂရုစိုက်ရမယ်နော်သား နက်ကလေးက ရိုးသားပြီး လိမ္မာယဥ်ကျေးတဲ့ကလေးပါသားရယ် မေမေကလေသူ့လေးကို အစောကြီးထဲက သားနဲ့သဘောတူခဲ့တာ "
"ဒါနဲ့များ ဘာလို မေမေ့တပည့်ဒေါက်တာသီဟနဲ့ပေးစားသေးလဲ "
"ဟော်တော် သားပဲခါးခါးသီးသီးဖြစ်နေလို့မေမေက သီဟနဲ့ကိစ္စကိုဖန်တီးလိုက်တာပါနော် သီဟကလည်း နက်လေးကို တကယ်မယူပါဘူး

أنت تقرأ
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
عاطفيةမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်