Uni
လက်က အနာကိုထိမိလို့ထင်တယ်
မျက်နှာလေးမဲ့သွားတယ်
လက်ကအနာက အရှင်းပျောက်ဖို့တောင်တော်တော်အချိန်ယူရဦးမှာလေ
ခုလိုမထိခိုက်ဖို့ ဂရုစိုက်မှဖြစ်မယ်
မိန့်က ယမုံနဲ့လမ်းခွဲထားတာ မကြာသေးတော့ ခုချက်ချင်းကြီး နက်နဲ့အတိအလင်းတွဲသွားတွဲလာလုပ်ဖို့ဆို နက်သိက္ခာကို ထည့်တွက်ရမှာပေါ့လေ
ဘယ်လိုပဲဖြစ်ဖြစ်ပါ
မိန့်နက်ကိုတော့ အရင်ကထက်ပိုပြီးတွေးပေးတက်နေပါပြီ
.......
နေ့လည်break time ချိန်တောင်ရောက်နေပြီ နှင်းဆီနက် အတန်းထဲကထွက်မလာသေးဘူး
မိန့်နက်တို့အခန်းရှေ့နားရောက်နေပေမယ့် ယမုံနဲ့လည်းမျက်နှာချင်းမဆိုင်ချင်လို့ ခပ်လှမ်းလှမ်းကနေပဲ နက်ထွက်လာတာ ကြည့်နေလိုက်တယ်
ယမုံဘဝမှာရည်းစားတွေအများကြီးထားဖူးပေမယ့် ဘယ်တစ်ယောက်ကိုမှ ရင်မခုံခဲ့ဖူးဘူး
ဆောင်းဦးယမုံဆိုတာနဲ့ ယောက်ျားတိုင်းက သူတို့အသည်းနှလုံးကို ယမုံလျှောက်မယ့်လမ်းမှာချခင်းပြီးသား
လိုချင်တာမှန်သမျှရနေတဲ့ဘဝမှာ
ယမုံ့အသွေးအသားထဲက နှစ်နှစ်ကာကာအလိုရှိနေတာက
ကိုယ့်ကို တစ်စက်လေးတောင် ဂရုမစိုက်တဲ့ ကိုကို့ကိုပဲ မိန့်အာဏာဆိုတာလေ ဆောင်းဦးယမုံရဲ့စိတ်ကြိုက်ဖန်ဆင်းပေးထားတဲ့ လူသားလေးလိုပဲ
ကိုကိုဘာလုပ်လုပ် ယမုံကကြွေနေရတာ ယမုံ့ကို ဂရုမစိုက်ရုံတင်မကဘူး
တစ်ခါတစ်ခါ သူအလိုမကျရင်လည်း ပြန်အော်တက်သေးတယ်
ဒါတောင် ကိုကို့ကို ယမုံ အသည်းထဲကနင့်နေအောင်ကိုချစ်တယ်
ယမုံကပဲအပြိုင်အဆိုင်စိတ်ကြီးလို့လားတော့မသိဘူး ယမုံဆီက ယမုံပိုင်ဆိုင်ထားတဲ့ အရာကိုလုယူသူမှန်သမျှ စုပ်ပြတ်သပ်သွားအောင်လုပ်ပစ်ချင်တယ်

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်