Part36(uni+zawgyi)

4.2K 151 9
                                    

Uni

မိန့် နက်ကိုနှိပ်ဆက်ခဲ့သမျှ ဝဠ်တွေလည်နေပြီလေ

မိန့်ရင်ထဲမှာမွန်းကျပ်နေပြီ မိန့် အဖြစ်က စုပ်လည်းစူး စားလည်းရူး

နက်အတွက် သူအသက်မက ချစ်ရတဲ့ ကောင်မလေးအတွက် ပျော်ရွှင်မှုဆိုတာ

ဘာမှန်းတောင်သေချာမသိရသေးတဲ့ကောင်မလေး

သူ့ကိုဂရုစိုက်ရင်လေ သိပ်သဘောကျတတ်တဲ့ကောင်မလေး

သူ့ကိုယ်သူထက်
သူများအခက်အခဲဖြစ်မှာကိုပိုစိတ်ပူတက်တဲ့ကောင်မလေး
သူဘယ်လိုရင်ဘက်နဲ့ ပြောထွက်မှာလဲ

သူ့ကြောင့် မိန့်အများကြီးချစ်တက်လာပြီ

အများကြီးလည်း ဂရုစိုက်တက်လာပြီ

မိန့်အာဏာအတွက် နှင်းဆီနက်မရှိရင်
သေမှာ

သူရော မိန့်မရှိရင် ဘယ်လိုနေမလဲ

ခုတောင်မိန့်ဒီလောက်ဂရုစိုက်နေတာတောင်
ရဲ့ရဲ့လေးပဲကျန်တဲ့ နက်ကို စိတ်ဒုက္ခထပ်ပေးဖို့ဆိုတာ မိန့်ရင်ကိုဓားနဲ့ထိုးနေရသလိုပါပဲ

"ယမုံပြောတာလက်မခံရင် ယမုံဘက်ကလဲ နှင်းဆီနက်ကိုအသက်ရှင့်ခွင့်ပေးမှာမဟုတ်ဘူးနော် "

ဆောင်းဦးယမုံနဲ့ပတ်သက်ခဲ့မိတဲ့ ကိုယ့်ဟာကိုယ်ပဲ အပစ်တင်ရမလား

နက်ကို ခုလိုအဖြစ်မျိုးနဲ့ကြုံအောင် ဒုက္ခပေးမိတဲ့ အဓိကတရားခံ ကိုယ့်ကိုကိုယ်ပဲ အပစ်တင်ရမလား

အရာရာက ကိုယ့်ကြောင့်ပဲမို့ မိန့်ဘယ်လိုမှဖြေမဆယ်နိုင်ဘူး

မနက်ဖြန်ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရတော့မယ်

နက်ရဲ့အခြေအနေက
ဆောင်းဦးယမုံရဲ့ဆန္ဒကို မလိုက်လျှောပဲ
အချိန်ဆွဲထားလို့မရတော့ဘူး

"ကိုယ်ဝန်က ကြီးထွားလာလေ molarတွေကလည်းကြီးလာလေပဲ

ကြာကြာထားရင် ကလေးရော လူကြီးပါ ပစ်ရလိမ့်မယ်သား"

မေမေပြောတဲ့စကားတွေကလည်း မိန့်ရင်ကို ဓားနဲ့ အကြိမ်ကြိမ်ထိုးနေသလိုပါပဲ

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now