Part21(uni+zawgyi)

5.1K 209 0
                                    

Uni

လူကနေမကောင်းပါဘူးဆို တစ်ချိန်လုံးစိတ်ရှုပ်စရာတွေချည်းပဲကြုံနေရတယ်

မိန့်အာဏာက တစ်မျိုး သူ့ကောင်မလေးကတစ်မျိုး

ခုလည်းသူ့နံမည်တောင်သေချာမသိသေးဘူး

သူပါးရိုက်တာခံလိုက်ရတယ်

ကိုယ်ကလည်းသိပ်အားမရှိတော့

သူ့ကိုပြန်မရိုက်လိုက်နိုင်ဘူး

အခန်းပြင်ထွက်လာတော့လဲ သူတို့နှစ်ယောက်ကိုတွေ့တယ်

ကန်တင်းသွားတော့လည်း ရှေ့တည့်တည့်ကခုံမှာ ထိုင်ပြီး မျက်လုံးစိမ်းကြီးနဲ့ကြည့်နေတာ ဘယ်လိုလုပ်စားလို့ရမှာလဲ

ခေါက်ဆွဲပြုတ်က မှာထားပြီး ပွတောင်နေပြီ

စားချင်စိတ်လည်းမရှိတာနဲ့ ထိုင်နေတုန်း ဒီလူဆွဲခေါ်ရာနောက်ပါလာတာလေ

လက်ကို အတင်းဆွဲလာတာ ချုပ်ရိုးကိုထိမိပြီး သွေးတွေပြန်ထွက်နေပြီ

ကားပေါ်ရောက်တော့ "မင်းတော်တော်အဲ့ကောင်ကိုကြိုက်နေတာလား မင်းငါနဲ့လက်ထက်လိုက်ရလို့အဲ့လောက်စိတ်ဆင်းရဲနေရလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ကဲပြောစမ်းပါဦး ခုဘာဖြစ်လို့ အစားတောင်မစားနိုင်အောင်ဖြစ်နေတာလဲ ပြောစမ်း"ဆို နက်လက်မောင်းကိုအကြမ်းကိုင်လှုပ်ပြီး မိန့်မေးလိုက်တယ်

နက်ကမျက်ရည်တွေနဲ့ မိန့်ကိုကြည့်ပဲကြည့်နေတယ် ဘာမှလဲမဖြေဘူး

မိန့်စိတ်မရှည်တော့ဘူး နက်ပါးနှသ်ဖက်ကို လက်တစ်ဖက်တည်းနဲ့ညှစ်ပြီး "ပြောလေ ပြောစမ်းပါ"

"အ"ပါးကရောင်နေတာကိုး

"ပါးကဘာဖြစ်တာလဲ နက် မင်းဘာဖြစ်လာတာလဲလို့ ငါမေးနေတယ်လေ "

"ဘာမှမဖြစ်ဘူး ဘာမှလဲဖြစ်မလာဘူး ဟုတ်ပြီလား

ကိုမိန့်အာဏာ ရှင်ကျွန်မကိစ္စတွေကိုလိုကမပတ်သက်ပါနဲ့

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now