Uni
နက်နိုးလာတော့ ကုတင်ဘေးမှာ မိန့်အာဏာကိုတွေ့တယ်
နက်လက်ကိုကိုင်ပြီး ခေါင်းမှောက်အိပ်နေတာ
နက်လှုပ်လိုက်မိတော့ နိုးလာတယ်ထင်တယ်
မျက်လုံးပွတ်ပြီး နက်ကို"နိုးလားပြီလား နေရတာအဆင်ပြေရဲ့လား လက်ရော သက်သာလား ခေါင်းရောမူးသေးလား ခုဗိုက်ဆာနေပြီလား ကိုယ်ဘာဝယ်ပေးရမလဲ မင်းဘာစားချင်လဲဟင်"
သူ့ဟာသူသာမေးနေတာ နက်ကသူ့ကိုလည်းမကြည့် ဘာမှလည်းမဖြေဘဲ နံရံကိုပဲကြည့်နေတယ်
"နက် အဆင်ပြေရဲ့လား မသက်သာဘူးလားဟင် ကိုယ်ပူနေလား "မိန့်ပြောလည်းပြော နက်နှဖူးလေးကိုစမ်းဖို့လုပ်တော့ နက်ကမိန့်လက်ကိုပုတ်ချလိုက်တယ်
"ဘာလို့သေခွင့်မပေးတာလဲ ဘာလို့ ကယ်လိုက်တာလဲ ခုလောက်ထိလုပ်ပြီးသွားတာတောင်မကျေနပ်သေးဘူးလားဟင် ဘာတွေထပ်နှိပ်စက်ဦးမလို့လဲ ဟင့်ဟင့်"
မိန့်ခေါင်းခါပြီး
"မဟုတ်ပါဘူးနက်ရယ် ကိုယ်လေ မင်းကိုမနှိပ်စက်တော့ပါဘူး ခုကစပြီးနက်မကြိုက်တာ ဘာမှမလုပ်တော့မှာမို့ မငိုနဲ့တော့နော်"
"ကျွန်မဘဝမှာလေ မိဘကလဲမလိုချင်လို့စွန့်လွှတ်ခဲ့တယ်
ဘယ်သူကမှလဲအပေါင်းအသင်းမလုပ်ချင်ကြဘူး
တစ်ဦးတည်းရှိတဲ့အဖွားကလည်း ကျွန်မကို ထားသွားတော့မယ်တဲ့
ကျွန်မဘေးမှာ ဘယ်သူမှမ
ရှိတော့ဘူး ကျွန်မလေ ကျွန်မ ဒီကလေးကိုမမွေးနိုင်ဘူး ကျွန်မအားမရှိတော့ဘူး "မိန့်က နက်ကို ရင်ခွင်ထဲဆွဲဖက်လိုက်တယ်
နက်သူ့အဖွားအကြောင်းသိနေခဲ့တာလား
ဒီလောက်ခံစားနေရတဲ့ကလေးကို သူဘာလို့များဒုက္ခတွေပေးမိတာပါလိမ့်
မိန့်တွေးပြီး စိတ်မကောင်းဖြစ်သွားပေမယ့် ဘာမှတော့ပြန်မပြောနိုင်တော့ဘူး
"နှင်းဆီနက်ဆိုတဲ့ကျွန်မဘဝမှာ ဘာမှလဲမက်မောစရာမရှိတော့ဘူး ကျွန်မဘဝလဲပျက်သွားပြီ ကျွန်မလေ ကျွန်မ"

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်