Part42(uni+zawgyi)

4.3K 146 14
                                    

Uni

"ဖေဖေ နက်မသိခဲ့လို့ ခုမှလာတွေ့နိုင်တာ တောင်းပန်ပါတယ်နော် "

"သမီးရယ် ဒီနေ့မှဆေးရုံကဆင်းတာဆို ဘာလို့ လာရတာလဲ"

"နက်က ကောင်းနေပါပြီ

နက် ကိုယ့်ကျေးဇူးရှင်တွေကို ဒီနေ့မှမကန်တော့ရရင် နက်အိပ်လို့ပျော်တော့မှာ မဟုတ်ဘူး "

ဆောင်းဦးယမုံက နက်နဲ့ဖေဖေစကားပြောနေတာကိုကြည့်ပြီး ထထွက်သွားဖို့လုပ်တော့ နက်က

"မမ ခဏနေပါဦး နက်မမကိုလည်းကန်တော့ပါရစေ"

"ဟင် ငါ့ကိုဘာလို့ကန်တော့ရမှာလဲ နင်နဲ့ငါက ဘာမှမဆိုင်ဘူး"

"နက်သိပြီးပါပြီ

နက်နဲ့သမီးလေးကို မမရဲ့ ချဉ်ဆီလှူခဲ့တာကို

နက်လိုချဉ်ဆီခံယူတဲ့  လူတောင်ဒီလောက်ခံစားရရင်

ချဉ်ဆီထုတ်ခံရတဲ့သူက ဘယ်လောက်နာကျင်မယ်ဆိုတာ သိတာပေါ့

သမီးလေးရော နက်ရော က မမပေးတဲ့ အသက်ပဲရှိတာပါ"

ဆောင်းဦးယမုံ အံ့သြရပြန်တယ်

"နင် ငါ့ကို စိတ်မနာဘူးလား နှင်းဆီနက်"

နက်က ကလေးလေးကိုချီထားရာကနေပြီး

ရောက်ကတည်းက ဘာမှ ဝင်မပြောတဲ့ ယောက်ျားဖြစ်သူကို သမီးလေးကိုပေးပြီး

"စိတ်နာရမှာလား
နက်ရဲ့ သွေးသားအရင်းကိုလေ

နက်ရဲ့ အသက်သခင်ကျေးဇူးရှင်ကိုလေ

နက်ဖေဖေရဲ့ သမီးကိုလေ

နက်စိတ်နာမှရမှာလား"

ဆောင်းဦးယမုံ မျက်ရည်တွေဝဲနေတယ်

ကျတော့မယ့်စဲစဲ မျက်ရည်တွေကို လူမသိအောင်ခိုးသုပ်ပြီး

"ငါက နင့်အပေါ် အရမ်းဆိုးခဲ့တာလေ"

"အဲ့တာ မသိခင်တုန်းကမလား ခုဆိုးလို့လား ခုတောင် ဖေဖေ့ကို နက်ဆီ အတင်းသွားခိုင်းနေတာလေ

နက်ကိုခွင့်လွှတ်ပါ မမရယ် နက်ကြောင့်မမဒုက္ခရောက်ခဲ့ရတာ"

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now