Part12(uni+zawgyi)

5.5K 203 0
                                    

uni

မိန့်ကျောင်းရောက်တော့

အတန်းတက်ရတာလဲစိတ်သိပ်မပါဘူး

  သူ့ဘဝထဲ ဒီနှင်းဆီနက်ဆိုတဲ့ဟာလေးရောက်လာမှ အရာရာ စိတ်ညစ်စရာတွေ ဝမ်းနဲစရာတွေ ဖြစ်နေတယ်

အတန်းကလဲတက်ရတာစိတ်မပါမယ့်တူတူ canteen သွားပြီး မုန့်လေးစားဖို့ထွက်လာတာ

ဆောင်းဦးယမုံနဲ့တန်းတိုးတော့တာပဲ မိန့်ကိုတွေ့တွေ့ချင်း သူ့ရဲ့မူပိုင် အချွဲအပစ်သံနဲ့  "ကိုကို လာ ယမုံလေ ဝမ်းသာစရာသတင်းပြောစရာရှိတယ် ဟိုထမင်းချက်လေ ဒီနေ့ကျောင်းမလာလို့တဲ့ ဆရာမက ယမုံကို စာတန်းဖတ်ဖို့လူစားထိူးလိုက်တယ် သိလား"

"ဘယ်လို သူကတစ်ရက်လေးကျောင်းပျက်တာကိုလေ ဘာလိုဒီလိုလုပ်ရတာလဲ"

"တစ်ရက်လေးပေမယ့် ဆရာမကတော့ နှင်းဆီနက်ရဲ့ အကျင့်စရိုက်ကိုမကြိုက်လို့တဲ့ ကျောင်းရဲ့ဂုဏ်ဆောင်တစ်ယောက်က အကျင့်စာရိတ္တကောင်းရမယ်တဲ့ အဲ့ထမင်းချက်အကြောင်းဆရာမတွေသိသွားလို့နေမှာပေါ့ ဟင်းဟင်း"နှင်းဆီနက်ရဲ့ မဟုတ်မမှန်သတင်းတွေကို ဆောင်းဦးယမုံတစ်ယောက် online မှာဖွထားတာလေ ဒါကြောင့်မှန်းမိန့်သတိထားမိလိုက်တယ်

"နေပါဦး နှင်းဆီနက်က ဘယ်နေရာမှာ စာရိတ္တပျက်နေလို့လဲ မင်းမဟုတ်တာတွေပြောနေတာ ခုချက်ချင်းရပ်လိုက်တော့နော်"မိန့်မပြောချင်တော့လို့ စကားစဖြတ်လိုက်တယ်

ဒါကို ယမုံက"နေပါဦး ကိုကိုဘာဖြစ်နေတာလဲ သူမကောင်းတာလုပ်စားမှန်းတစ်ကျောင်းလုံးသိတယ် ကိုကိုသူ့ကိုကာကွယ်ပြီးပြောနေလဲ သူသိက္ခာကကျပြီးသားပဲ ကိုကိုလည်းသတိထားပါ သူ့ကကိုကိုအိမ်ကထမင်းချက်ဆိုတော့ ကိုကို့ကိုလည်း သူက ဘယ်အချိန်အပိုင်ကြံမလဲမသိဘူး"

"မင်း မင်း ဘာလို့မဟုတ်တဲ့စကားတွေပြောနေတာလဲ သူကမကောင်းတာလုပ်စားတာလို့ဘယ်သူပြောလဲ မင်းပဲပြောတာမလား မင်းဟာလေ ရုပ်လေးလှသလောက်တော်တော်ယုတ်မာတာပဲ ငါကတော့ မင်းကိုတော်တော်ရွံသွားပြီ နောက်တခါမင်းငါနဲ့ လမ်းမှာတောင်မတွေ့စေနဲ့"မိန်ပြောလည်းပြောပြီးထထွက်သွားလိုက်တာ

မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်Where stories live. Discover now