Uni
"အန်တီ့သားက သူလား ဒါဆိုကျွန်မဒီမှာ အလုပ်မလုပ်နိုင်ဘူး "
"ဟင် ဘာဖြစ်လို့လဲသမီးရယ် ခဏ ခဏနေပါဦး
သားမင်းလည်းထိုင်ဦး သမီးအဖွားအတွက်မစဉ်းစားတော့ဘူးလား
သမီးဒီမှာမနေရင် သမီးအဖွားအတွက်ဆေးဖိုးကိုရှာဖို့လွယ်လို့လား ဟင်"
ဒေါ်သရဖီလည်း ကြံရာမရတဲ့အဆုံး
အဖွားဆိုတဲ့လက်နှက်ကိုထုတ်သုံးလိုက်တယ် အဲ့အခါမှကလေးမလေးကငြိမ်သွားတယ်
"မေမေ သားကတော့ သူ့..."
"တော်စမ်းသား မေမေပြောမယ်
ခုကစပြီး နှင်းဆီနက်ဟာ မေမေတို့အိမ်မှာနေလိမ့်မယ်
သူကမေမေမွေးစားတာကိုလက်မခံပေမယ့်
မေမေကတော့သူ့ကိုသမီးတစ်ယောက်အဖြစ်လက်ခံလိုက်ပီ
မင်းဘာမှမပြောနဲ့တော့"ဒေါ်သရဖီထထွက်သွားတယ်
သူ မထွက်သွားလို့လဲမဖြစ် သားတော်မောင်ကသူရှိနေရင်ထပ်ပြီးအထွန့်တက်နေဦးမှာကြောင့်ပေါ့
မေမေထွက်သွားတော့ နှင်းဆီနက်နဲ့ကျွန်တော်ဧည့်ခန်းထဲမှာနှစ်ယောက်လုံးထိုင်နေဆဲ
"မင်းငါ့အမေကို ဘယ်လိုစည်းရုံးလိုက်တာလဲ ဟိုကသမီးတောင်တော်ချင်သွားတယ်ဆိုတော့"
"ဒီမှာ ကျွန်မကရှင်တို့အိမ်မှာထမင်းချက်လာလုပ်တာ
ဒေါက်တာ့ဘာသာဒေါက်တာသမီးပဲတော်ချင်တော်ချင်မြေးပဲတော်ချင်တော်ချင်ကျွန်မဂရုမစိုက်ဘူး"
"ဘာ မင်းက ထမင်းချက်လာလုပ်တာ ဟုတ်လား ဟိတ် မင်းငါတို့အိမ်မှာလာနေတာ ဘာရည်ရွယ်ချက်နဲ့လဲ"
"ရှင်ခိုင်းစရာမရှိတော့ဘူးဆိုရင် ကျွန်မအခန်းထဲဝင်တော့မယ်"နက်စကားဆက်မပြောချင်တော့တာနဲ့ သူ့ရှေ့ကထဖို့အလုပ်
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်