Uni
ခန်းနားလှတဲ့မဂ်လာခန်းမကြီးထဲကို
ရွှေရောင်သတို့သမီးလေး လျှောက်လှမ်းလာမယ့်လမ်းမှာ
ပန်းပွင့်ဖြူဖြူလေးတွေနဲ့ အလှဆင်ထားတယ်
သတို့သားဖက်က အမေနဲ့ သတို့သမီးဖက်က အဖေတို့က ခန်းမလျှောက်လမ်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ အပြုံးပန်းလေးတွေ ပန်ဆင်ပြီး ကျက်သရေရှိနေကြတယ်
သတို့သမီးရဲ့ အမဖြစ်သူကတော့ သူ့တူမလေးကိုချီပြီး မဂ်လာခန်းမကြီးထဲက ဧည့်သည်တွေကို နေရာလိုက်ချနေတယ်
မာယာမပါတဲ့ အပြုံးနဲ့ ဟန်ဆောင်မှုကင်းလှတဲ့ ဟန်ပန်လေးကြောင့်တွေ့သမျှသူတိုင်း ဆောင်းဦးယမုံကို ချစ်ကြမှာ အမှန်ပဲလေ
ဆောင်းဦးယမုံက သူ့ရဲ့ချစ်စရာကောင်းလှတဲ့ တူမလေးကိုလဲ လက်ကလုံးဝမချဘူး
သူများကခဏချီချင်လို့ဆိုရင်တောင် သူက ကျကွဲတော့မယ့်ဖန်ရုပ်လေးလို့ စိတ်ပူပန်စွာနဲ့
ကလေးကိုမပေးချင် ပေးချင်ပေးနေတာ
အချိန်ကျလို့ခန်းမကြီးထဲ သတို့သမီးလျှောက်လှမ်းလာတော့ တွေရသူအပေါင်း သြချရလောက်အောင် လှလွန်းတဲ့ သတို့သမီးက ကလေးတစ်ယောက်အမေ ပါလို့ကြိမ်ပြောရင်တောင် ယုံကြမယ်မထင်
အချိန်တိုင်းတွေ့နေရတဲ့ မိန့်တောင် နက်ကိုမြင်ပြီး လက်တွေတုန်လာတယ် ရင်ထဲမှာ ဟာတာတာကြီး ဘာလိုနေမှန်းမသိဘူး ဘာလိုနေရမယ်မှန်းမသိတော့ဘူး
ရပ်ထားတဲ့ဒူးတွေကလည်း ဘာကိစ္စတုန်နေတာပါလိမ့် နောက်ဆုံး မျက်နှာပြင်တစ်ခုလုံ ထူပူပြီး
မျက်ရည်တွေကျလာတယ်
ခုသူ့ရှေ့က ကောင်မလေးက မိန့်ရဲ့ သတို့သမီးလေးလေ
မိန့်ပိုင်တဲ့မိန့်ချစ်ရတဲ့ မိန့်ကိုချစ်တဲ့ မိန့်ရဲ့အိမ်သူသက်ထားလေးပါ
နှင်းဆီနက်ဘဝမှာလေ
မိဘမဲ့ဘဝနဲ့ ရင်ခွင်မဲ့နေခဲ့တာ နှစ်တွေအကြာကြီးပဲ
YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်