Unicode (1)

1K 50 0
                                    

*ငယ်သူမို့မသိပါ*
HunHan

"ဦးငယ်ပြန်လာပြီ ဟေး"

ဆင်၀င်အောက်ကားရပ်လိုက်တာနဲ့ ခြံထဲမှာဆော့နေတဲ့ Daeulလေးက အော်ရင်းပြေးလာသည်။

Sehunကားပေါ်ကဆင်းချင်းချင်း သူ့ဆီအပြေးလာတဲ့Daeulလေးကိုကောက်ချီလိုက်သည်။

"ဦးငယ် သားသားအတွက် ice-creamပါလား"

"ပါတာပေါ့ဗျာ.."

ကားတံခါးဆွဲဖွင့်ကာ ဒစ်ရှ်ဘုတ်ပေါ်တင်ထားသည့်အထုတ်ကိုယူလိုက်သည်။

"ငါးဘူးတောင်၀ယ်လာခဲ့တယ်ဗျာ"

"ဟေး.. ဒါမှ သားသားဦးငယ် အာဘွား"

Daeulလေးက Sehunလည်ပင်းကိုဖက်ကာ ပါးလေးကိုနမ်းလိုက်သည်။Daeulလေးကသူတို့Parkအိမ်တော်ရဲ့ဆည်းလည်းလေးတစ်လုံးဆိုလဲမမှား..

"လူလည်လေး ဒါတွေနဲ့ညာစားနေတာ"

"ငယ်လေး..သားသားကိုအရမ်းအလိုမလိုက်နဲ့..သားသားကလေ နင့်ဆိုရင်ကိုအရမ်းကပ်ဆိုးနေတာ"

ဘေးနားရောက်လာသည့် သူ့အစ်မ Xiuminကပြောလိုက်သည်။

"ကလေးဘဲnoonaရာ.. ဘာသိမှာလဲ.. ကျ
နော်ကိုဆိုးမဲ့သူဆိုလို့ သူတယောက်ဘဲရှိတာ..ဆိုးပါစေ"

"မပြောတော့ဘူးဟေ့.. သားသားပြောမရဆိုမရနဲ့ဆိုးလာရင် နင်ဘဲ.. "

"ကျနော့်သားကို ကျနော်နိုင်ပါတယ်ဗျာ.. "

"နိုင်ရင်လဲပီးတာဘဲ.. သားသား အဲ့တာတွေသိမ်းထား ထမင်းစားပီးမှစားရမယ်နော်"

မောင်နှမ၂ယောက်ဧည့်ခန်းထဲရောက်တော့

"သား ခနထိုင်ပါဦးကွ"

"Nae.. ဘာပြောချင်လို့လဲဖေဖေ"

"ဒီနှစ် ဖေဖေ့မွေးနေ့ကို ဖေဖေငယ်ငယ်ကနေလာတဲ့ရွာလေးမှာသွားလုပ်မလို့.. အလှူလေးပြုချင်တာလဲပါတယ်.. အဲ့တာသုံးလေးရက်လောက်ကြာမယ်..သားအလုပ်ကခွင့်ယူလို့ရမလားလို့"

"မရလောက်ဘူးဖေဖေ.. ka​i နဲ့sooလဲမရှိဘူးလေ.. သားပါနားရင် ဆေးရုံအုပ်ကကောနေမယ်.. သားဒီကနေဘဲ bd wishလိုက်မယ်နော်ဖေဖေ.. "

"သားမရဘူးဆိုတော့လဲ ဘယ်တက်နိုင်ပါ့မလဲ.chenကိုဘဲခေါ်သွားရတော့မှာပေါ့."

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now