🐣31🐣

4.4K 557 88
                                    

🐠ငယ်​သူမို့မသိပါ🐠
🌿HunHan🌿

သည်းငယ်​ငယ်​နဲ့သူ့ချစ်​သူကိုတွဲ​တွေ့ရပီး​နောက်​ပိုင်း မကြာခနဆိုသလိုထပ်​​တွေ့ခဲ့ရတယ်​..

တခါတ​လေဆို သည်းငယ်​ငယ်​က ​ကျောင်းလာမကြိုဖို့​ပြောတယ်​..သူငယ်​ချင်း​တွေနဲ့​လျှောက်​လည်​ချင်​တယ်​လို့​ပြောတတ်​​ပေမဲ့ အိမ်​ကိုပြန်​လာရင်​ သူ့ချစ်​သူကပြန်​လာပို့တာကို ကိုယ်​တိုင်​မြင်​ခဲ့ရတယ်​..

ဒါ​တွေအားလုံးကိုသိ​နေ​ပေမဲ့ မသိချင်​​ယောင်​​ဆောင်​ပီး​နေခဲ့တယ်​.. သည်းငယ်​ငယ်​​ပျော်​​နေရင်​ ​ကျေနပ်​တာမို့ အခုလို​တွေလုပ်​​နေတာလဲ မညိုညင်​ရက်​ပါဘူး..

အမှန်​တိုင်း​ပြောရရင်​ အသည်း​တွေ​ပေါက်​ထွက်​မတတ်​နာကျင်​​ပေမဲ့ သည်းငယ်​ငယ်​ ငါ့အနားကထွက်​မသွားဘူးဆိုတဲ့စိတ်​​လေးနဲ့​ဖြေသိမ့်​မိတယ်​..

သည်းငယ်​ငယ်​ ကိုယ့်​အနားကထွက်​သွားတဲ့​နေ့က​ ကိုယ့်​​သေ​နေ့ဘဲ.. သည်းငယ်​ငယ်​မရှိဘဲ အသက်​ဆက်​ရှင်​နိုင်​မယ်​မထင်​ဘူး.. ကိုယ်​က သည်းငယ်​ငယ်​ရဲ့ဖြစ်​တည်​မှုတစ်​ခုထဲနဲ့အသက်​ရှင်​​နေတဲ့သူမို့ပါ..

"သည်းငယ်​ငယ်​"

"ဟင်​ ဦးဆယ်​ ဘာ​လဲဟင်​"

Krisဆီmessageပို့​နေတဲ့Hannie..Sehunအနား​ရောက်​လာ၍ဖုန်းကိုပိတ်​ကာ ချလိုက်​သည်​။Sehunသိ​ပေမဲ့လဲ သတိမထားမိသလို​နေလိုက်​သည်​။

"ကိုယ်​​ပြောစရာရှိတယ်​ ​က​လေး​သေချာနား​ထောင်​​ပေး​နော်​"

"ဟုတ်​"

Hannieပုခုံးနှစ်​ဖက်​ကိုကိုင်​ကာ သူ့ဘက်​လှည့်​​စေပီး

"သည်းငယ်​ငယ်​လိုချင်​တာ..ဖြစ်​ချင်​တာ.​ပြောချင်​တာမှန်​သမျှကို ကိုယ့်​ကိုမကွယ်​၀ှက်​ဘဲ​တိုင်​ပင်​ပါ.. တ​ယောက်​ထဲကျိတ်​ခံစား​နေရတာမျိုး​တွေ တ​ယောက်​ထဲစိတ်​ပင်​ပန်းပီး စိတ်​ဆင်းရဲခံ​နေတာမျိုး​တွေမလုပ်​ပါနဲ့..​ဘေးနားမှာ ကိုယ်​ရှိတယ်​.တစ်​ခုခုကိုလုပ်​မယ်​လို့ဆုံးဖြတ်​​တော့မယ်​ဆိုရင်​ အနည်းဆုံး​တော့ ကိုယ့်​ဘက်​ကိုကြည့်​ပီးစဉ်းစား​ပေးပါ.. ကိုယ့်​ကိုအမှန်​တိုင်း​ပြောပါ က​လေးသာ​ပျော်​မယ်​ဆိုရင်​​လေ ကိုယ်​အားလုံးလိုက်​​လျော​ပေးဖို့အသင့်​ဘဲ.. က​လေးကို ကိုယ်​အရမ်းချစ်​တာ​တော့ ယုံ​ပေး​နော်​.. က​လေးစိတ်​နဲ့အမှားလုပ်​မိသွားရင်​​တောင်​ ကိုယ်​ကနားလည်​တာမို့လို့. "

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now