🐣35🐣

4.9K 570 49
                                    

🍊ငယ်​သူမို့မသိပါ🍊
💝HunHan💝

ကျောင်းပိတ်​ရက်​တစ်​ရက်​မှာ Hannieကို Layကလာ​ခေါ်သည်​။သူ့မိဘ​တွေနဲ့​​တွေ့​ပေးဖို့ရာအတွက်​.. Hannieကို​ခေါ်ပီး Junဆီဝင်​​ခေါ်သည်​။

Layအိမ်​​ရောက်​​တော့ Lay mamaက တရုတ်​စာ​တွေချက်​​ကျွေးသည်​။တရုတ်​လူမျိုးကိုယ်​တိုင်​လုပ်​တဲ့ဟင်းမို့ တရုတ်​ဟင်း​တွေကစားရတာအရသာပို​ကောင်း​နေသည်​။

Layမိဘ​တွေက သ​ဘော​ကောင်းသလို ​အ​နေလဲ​အေးသည်​။ရှေးရိုးလဲဆန်​ပုံရသည်​။Hannieတို့ကို​တော့ သားတ​ယောက်​လိုဘဲဆက်​ဆံသည်​။

Layမိဘ​တွေနဲ့အကြာကြီးစကားထိုင်​​ပြောဖြစ်​သည်​။Layမိဘ​တွေ အခန်းထဲဝင်​ကာအနားယူ​တော့မှ ဧည့်​ခန်းမှာ Hannieတို့သုံး​ယောက်​ဘဲကျန်​ခဲ့​တော့သည်​။

"ငါတို့shoppingထွက်​ရ​အောင်​.. အခုလို​ကျောင်းပိတ်​ရက်​သုံး​ယောက်​စုံတုန်း​လေး​လျှောက်​ပတ်​ရ​အောင်​ကွာ"

"မင်းတို့သွားချင်​သွား​လေ မင်းတို့နှစ်​​ယောက်​ညီရင်​ ငါလိုက်​မယ်​"

"Lay.. Hannieကလိုက်​မယ်​တဲ့..မင်း​ကော"

"မင်းတို့သ​ဘောဘဲ.. ​နေဦး ငါmamaတို့ကိုသွား​ပြောလိုက်​ဦးမယ်​"

Layက သူ့မိဘ​တွေကိုအပြင်​သွားမဲ့အ​ကြောင်း​ပြောဖို့ အခန်းထဲဝင်​သွားသည်​။ခနအကြာပြန်​ထွက်​လာသည်​။

"သွားမယ်​"

"Ok"

Layကားနဲ့ဘဲ Seoulရဲ့shopping centreကြီးတစ်​ခုကိုထွက်​လာကျသည်​။

"​ရောက်​တုန်း​ရောက်​ခိုက်​ ငါ​တော့အင်္ကျီ​လေးဘာ​လေးဝယ်​ဦးမယ်​"

"၀ယ်​​​လေ.. Jun မင်းကအင်္ကျီဝယ်​မှာဆို​တော့ အဲ့အင်္ကျီဆိုင်​​တွေဘက်​အရင်​သွားမယ်​.. "

အင်္ကျီဆိုင်​​တွေဘက်​ကိုအရင်​၀င်​လိုက်​သည်​။Junကအင်္ကျီ​တွေတစ်​ထည်​ပီးတစ်​ထည်​​မေးပီးဝယ်​​နေသည်​။Hannieလဲဆိုင်​ထဲမှာ ချိတ်​ထားတဲ့အင်္ကျီကိုလှမ်းငမ်း​နေလိုက်​သည်​။သ​ဘောကျတာ​တွေ့ရင်​၀ယ်​မည်​။

အင်္ကျီကို​လျှောက်​ကြည့်​ရင်း အရုပ်​နှစ်​ရုပ်​ကိုဝတ်​​ပေးထားသည့်​အင်္ကျီနှစ်​ခုမှာဆင်​တူဖြစ်​​နေသည်​။ထိုအင်္ကျီကို Hannieအရမ်းသ​ဘောကျ​နေသည်​။အရုပ်​နှစ်​ရုပ်​မှာတစ်​ရုပ်​က​သေးပီး တစ်​ရုပ်​ကနည်းနည်းကြီးသည်​။အရုပ်​​သေးမှာဝတ်​​ပေးထားသည့်​အင်္ကျီဆို Hannieနဲ့​တော်​​လောက်​မည်​။Hannieအင်္ကျီတံဆိပ်​က​ဈေးကိုကြည့်​လိုက်​​တော့ ​ဈေးကနည်းနည်းကြီးသည်​။ဈေးနဲ့လိုက်​​အောင်​ အင်္ကျီကမိုက်​သည်​။ထိုအင်္ကျီအားHannieအရမ်းသ​ဘောကျသည်​။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now