🐣29🐣

4.1K 478 43
                                    

🌟ငယ်​သူမို့မသိပါ🌟
🍀HunHan🍀

"မငိုနဲ့​လေသည်းငယ်​ငယ်​ရယ်​.. mamaတို့စိတ်​မ​ကောင်းဖြစ်​​အောင်​"

"ငိုမှာဘဲဗျာ.. မျက်​ရည်​က သူ့အလိုလိုကျလာတာကို Hannieလဲဘယ်​တတ်​နိုင်​ပါ့မလဲ?ငိုတာကအစ ပိတ်​ပင်​​နေ​တော့တာဘဲ"

Hannieငို​နေရင်းနဲ့Sehunကို ပက်​ခနဲပြန်​​ပြောလိုက်​​သေးသည်​။

"အာ ဟုတ်​ပါပြီဗျာ.. ကြိုက်​သ​လောက်​ငိုပါ"

"Hannieကိုဒါမျိုးလာလုပ်​လို့မရဘူး"

ဒီ​နေ့ Hannieမိဘ​တွေရွာပြန်​မဲ့​နေ့.. အရင်​ကထဲက ကြိုမ​ပြောဘဲ သွားခံနည်းမှ​ပြောရ​ကောင်းလားဆိုပီးHannieတို့ရူံ့ပွဲချငို​လေသည်​။

အခုလဲ ငို​နေရင်းနဲ့ ဒါမျိုးလာလုပ်​လို့မရဘူးဆိုပီး အ​ပေါ်ကို​ပြေးတက်​သွားသည်​။ပြန်​ဆင်းလာ​တော့ အထုတ်​​တွေနဲ့...

"Hannieလဲ ပြန်​လိုက်​မယ်​"

"ဘယ်​သူက​ခေါ်မယ်​​ပြောလို့ အ၀တ်​ထုတ်​​တွေသိမ်းလာတာ​လဲ.. သားသား ဒီအိမ်​မှာ​နေခဲ့ရမှာ ​ကျောင်းကလဲမကြာခင်​ဖွင့်​​တော့မယ်​​လေ.."

"မသိဘူး မသိဘူး.. mamaတို့ပြန်​ရင်​ Hannieပြန်​လိုက်​မှာဘဲ. ဒီအိမ်​မှာHannieတ​ယောက်​ထဲမ​နေဘူး"

"ဟဲ့ ဒီအိမ်​က သူစိမ်းအိမ်​လား?သားသား​နော်​ mamaအလိုလိုက်​ထားတိုင်း မဆိုးချင်​နဲ့.. အခု သားသားက mamaတို့နဲ့ဆိုင်​ရုံဘဲဆိုင်​​တော့တာ mamaတို့ကမပိုင်​​တော့ဘူး​လေ.. သားသားက သားhunနဲ့လက်​ထပ်​ထားတဲ့အတွက်​ သားhunနဲ့အတူလိုက်​​နေရမှာ သဘာဝဘဲ.. ဒီက​လေး​ပြော​နေတာနဲ့​နေမြင့်​​တော့မယ်​ Baek​ရေ unnieတို့ပြန်​ပီ"

Hannie mamaကပြန်​မယ်​​ပြောကာရှိ​သေး Hannieအထုတ်​​ကောက်​ဆွဲပီး ကားနားအရင်​​ပြေးသည်​။ကား​တံခါးကိုဖွင့်​ကာ သူ့အ၀တ်​ထုတ်​ကိုပစ်​ထည့်​လိုက်​သည်​။

"ဟဲ့ ဒီက​လေး ​ပြောရဆိုရခက်​လိုက်​တာ​နော်​"

Hannie mamaမှာ သူ့သားငဂျစ်​ကိုမနိုင်​​တော့..

"မလိုက်​ရဘူးလို့mama​ပြော​နေတယ်​​လေ"

"လိုက်​မှာဘဲလို့ Hannie​ပြောထားတယ်​​လေ"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now