Unicode (21)

97 7 1
                                    

ငယ်သူမို့မသိပါ
HunHan

Parkအိမ်တော်တွင် Hannieပြန်သွားပြီးနောက်ပိုင်းတိတ်ဆိတ်သွားတော့သည်။သိသိသာသာခြောက်ကပ်သွားသောအိမ်ကြီး..

အိမ်တစ်အိမ်ဲမှာလူတယောက်ရောက်လာတာမသိသာပေမဲ့ လူတယောက်မရှိတော့ရင် ကျန်ခဲ့သူကလွမ်းနေခဲ့ရတယ်မလား?လွမ်းနေတဲ့သူတွေထဲမှာ Sehunကထိပ်ဆုံးက..

မနက်စာထမင်းစားချိန် Hannieကြိုက်တဲ့အသားဟင်းကိုလှမ်းယူပြီး ဘေးနားကHannieပန်းကန်ထဲထည့်ပေးမယ်လုပ်တော့ ရှင်းလင်းနေတဲ့နေရာ..

"ဟူး"

သင်ပြင်းရှည်ကိုချကာ ထိုအသားကို ကိုယ်ဘာကိုသာစားလိုက်သည်။စားချင်စိတ်မရှိတော့တာကြောင့် ရေခရားကိုဆွဲယူကာ ဖန်ခွက်ထဲရေထည့်ပီးယူသောက်လိုက်သည်။အကျင့်ဖြစ်နေတဲ့လက်က နောက်ထပ်ဖန်ခွက်ထဲကို ရေထပ်ထည့်ပြီး

"ရော့ သည်း.. ကျစ်"

Sehunရေသောက်တိုင်း "Hannieကိုပါတစ်ခွက်ပေးဆိုပီး" ခိုင်းတက်တဲ့Hannieကြောင့် Sehunထမင်းစားပြီး ရေသောက်တိုင်းပြောစရာမလိုအောင် Hannieအတွက်ရေထည့်ပေးပီးသားအကျင့်က Hannieမရှိတာကိုအသားမကျသေး...

Sehunစိတ်ပျက်စွာ ကျစ်စုတ်သတ်ပြီး ထမင်းဆက်မစားဘဲထထွက်သွားသည်။ကျန်တဲ့သူတွေကလဲ Sehunကိုကြည့်ပီးစိတ်မကောင်း..

"သားငယ်က Hannieလေးအပေါ် အဲ့လောက်ထိချစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူးကိုရယ်"

"ကိုတို့တောင် ဘာလုပ်လုပ်Hannieကိုသတိသွားရမိတာ.. Hannieနဲ့အမြဲအတူရှိနေတဲ့သားငယ်က ပိုသတိရတာမဆန်းပါဘူးBaekရယ်.. သားငယ်ကိုအခုလိုမြင်ရတာ မွေးကထဲကပထမဆုံးဘဲနော်Baek"

"အင်း."

Sehunထမင်းဆက်စားချင်စိတ်မရှိတော့၍ ခြံထဲသာဆင်းထိုင်လိုက်သည်။အရင်ကနားရက်တွေဆို ခြံထဲစာဖတ်တိုင်း..

"Daeul ကိုကို့ကိုကြည့်.. ကိုကိုကန်မယ်နော်.. ဂိုး "

စူးခနဲထအော်တဲ့အသံ.. ကျောင်းပိတ်တိုင်း daeulနဲ့အတူဘောလုံးကန်တက်တဲ့ကောင်လေးတယောက်ကိုမြင်ယောင်လာသည်။

တခါတလေ စာဖတ်နေတဲ့သူ့ကိုပါဂျီကျပြီး ဘောလုံးအတူကန်ဖို့ခေါ်တက်သေးတာ.. ဘောလုံးဆို ဂိမ်းတောင်မဆော့ဘူးတဲ့သူ့ကို ဘောလုံးမကန်တက်မှန်းသိလို့ အတူတူဆော့ဖို့ခေါ်ပြီး နိုင်တဲ့သူကို လိုချင်တာ၀ယ်ပေးကြေးဆိုပီး လူလည်လေးလုပ်တက်တဲ့ကောင်လေး..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now