🐣9🐣

5.4K 520 112
                                    

🍎ငယ်​သူမို့မသိပါ🍎
🍄HunHan🍄

"​ရောက်​ပီ ဆင်း​တော့"

Sehunတို့ကား​လေး Seoul Uni​ရှေ့မှာရပ်​သွားသည်​။

Sehun​ပြော​တော့ Hannieတံခါးဖွင့်​ပီးဆင်းလိုက်​သည်​။

"အာ အဲ့ဖိနပ်​အထုတ်​က ကား​ပေါ်တင်​ခဲ့​လေ.မင်းကသွား​လေရာသယ်​သွားမလို့လား?မင်းဖိနပ်​အစုတ်​အပြတ်​ကို ဘယ်​သူမှအလုပ်​ရူပ်​ခံပီးမခိုးဘူး.. ပြန်​ထား"

"ဟုတ်​"

Seoul Uniရဲ့တံခါးဝင်းက​နေ၀င်​ခဲ့​တော့ ​ရှေ့တည့်​တည့်​ကမြင်​​နေရသည့်​ ​ကျောင်းဝင်းကြီး.. ကြီးမားလှတဲ့​ကျောင်း​ဆောင်​​တွေကိုကြည့်​ပီး Hannieပါးစပ်​​လေး အိုပုံသဏ္ဍန်​ဖြစ်​သွား​လေသည်​။

Sehunကသာအ​ရှေ့ကသွား​နေတာ Hannieက​နေရာမှာတင်​ရပ်ပီး​အံ့သြ​နေတုန်း

"ဟာကွာ မလာဘဲဘာလုပ်​​နေတာလဲ?ငါအလုပ်​ရှိ​သေးတယ်​ကွ.. ဒီ​ကျောင်းမှာမင်းတက်​ရမှာ ​နေ့တိုင်းမမြင်​ချင်​မှအဆုံး.. ​စောက်​မြင်​ကတ်​စရာ​ကောင်း​အောင်​မြင်​ရမှာမို့ မတ်​တပ်​ရပ်​ပီးခံစားမ​နေနဲ့.. "

"Hannieက ဒီလို​​ကျောင်းကြီးမျိုး TVမှာဘဲမြင်​ဖူးတာ​လေ..အပြင်​မှာမြင်​ရ​တော့ ငါတကယ်​ဒီလို​နေရာ​ရောက်​လာပါလားလို့ခံစား​နေတာ.. ​တက္ကသိုလ်​​ကျောင်းတက်​ရမှာ​ပျော်​စရာကြီး​နေမှာ ဟီး"

"အဲ့လိုစကားမျိုး ​နောက်​တစ်​လ​လောက်​ထိ​ပြောနိုင်​ပါ​စေကွာ.. မင်းကတက္ကသိုလ်​ကို မူကြိုမှတ်​​နေလား?စာ​လေးတစ်​ပုဒ်​​လောက်​သင်​..ပီးရင်​ မုန့်​စား,ကစား လုပ်​လို့ရမယ်​ထင်​​နေတာလား?​ဝေး​သေး တက္ကသိုလ်​လဲစာနဲ့နပမ်းလုံးရတာဘဲ.. ​နောက်​မှ ​ကျောင်း​ပေါက်​၀​ရောက်​ရင်​ကိုငိုချင်​စိတ်​​ပေါက်​တယ်​လို့မ​ပြောနဲ့"

"မ​ပြောဘူးလုံးဝဘဲ.. Hannieက စာကျက်​ရတာလုံးဝမပျင်းဘူး.. မိဘ​တွေကို​ကျေးဇူးဆပ်​နိုင်​ဖို့ ပို​တောင်​ကြိုးစားမှာ"

"​စောင့်​ကြည့်​ရ​သေးတာ​ပေါ့.."

Hannieကို Sehunက ဆရာ​တွေဌာနကို​ခေါ်သွားသည်​။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now