Unicode (9)

199 14 0
                                    

ငယ်သူမို့မသိပါ
HunHan

"ရောက်ပီ ဆင်းတော့"

Sehunတို့ကားလေး Seoul Uniရှေ့မှာရပ်သွားသည်။

Sehunပြောတော့ Hannieတံခါးဖွင့်ပီးဆင်းလိုက်သည်။

"အာ အဲ့ဖိနပ်အထုတ်က ကားပေါ်တင်​ခဲ့လေ.မင်းကသွားလေရာသယ်သွားမလို့လား?မင်းဖိနပ်အစုတ်အပြတ်ကို ဘယ်သူမှအလုပ်ရူပ်ခံပီးမခိုးဘူး.. ပြန်ထား"

"ဟုတ်"

Seoul Uniရဲ့တံခါး၀င်းကနေ၀င်ခဲ့တော့ ရှေ့တည့်တည့်ကမြင်နေရသည့် ကျောင်း၀င်းကြီး.. ကြီးမားလှတဲ့ကျောင်းဆောင်တွေကိုကြည့်ပီး Hannieပါးစပ်လေး အိုပုံသဏ္ဍန်ဖြစ်သွားလေသည်။

Sehunကသာအရှေ့ကသွားနေတာ Hannieကနေရာမှာတင်ရပ်ပြီးရပ်နေတုန်း

"ဟာကွာ မလာဘဲဘာလုပ်နေတာလဲ?ငါအလုပ်ရှိသေးတယ်ကွ.. ဒီကျောင်းမှာမင်းတက်ရမှာ နေ့တိုင်းမမြင်ချင်မှအဆုံး.. စောက်မြင်ကတ်စရာကောင်းအောင်မြင်ရမှာမို့ မတ်တပ်ရပ်ပီးခံစားမနေနဲ.. "

"Hannieက ဒီလိုကျောင်းကြီးမျိုး TVမှာဘဲမြင်ဖူးတာလေ..အပြင်မှာမြင်ရတော့ ငါတကယ်ဒီလိုနေရာရောက်လာပါလားလို့ခံစားနေတာ.. တက္ကသိုလ်ကျောင်းတက်ရမှာပျော်စရာကြီးနေမှာ ဟီး"

"အဲ့လိုစကားမျိုး နောက်တစ်လလောက်ထိပြောနိုင်ပါစေကွာ.. မင်းကတက္ကသိုလ်ကို မူကြိုမှတ်နေလား?စာလေးတစ်ပုဒ်လောက်သင်..ပီးရင် မုန့်စား,ကစား လုပ်လို့ရမယ်ထင်နေတာလား?ဝေးသေး တက္ကသိုလ်လဲစာနဲ့နပမ်းလုံးရတာဘဲ.. နောက်မှ ကျောင်းပေါက်၀ရောက်ရင်ကိုငိုချင်စိတ်ပေါက်တယ်လို့မပြောနဲ့"

"မပြောဘူးလုံး၀ဘဲ.. Hannieက စာကျက်ရတာလုံး၀မပျင်းဘူး.. မိဘတွေကိုကျေးဇူးဆပ်နိုင်ဖို့ ပိုတောင်ကြိုးစားမှာ"

"စောင့်ကြည့်ရသေးတာပေါ့.."

Hannieကို Sehunက ဆရာတွေဌာနကိုခေါ်သွားသည်။

"ငယ်လေး"

"Hyoyeon noona"

"ငယ်လေး ဘယ်လာတာလဲ?"

"ဒီဌာနကအသိဆရာတယောက်ဆီလာတာ.ကလေးကျောင်းလာပို့တာ.. အခုမှfrist yearစတက်မှာဆိုတော့ ကြောက်နေမှာစိုးလို့ ဆရာဆီအပ်မလို့"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now