Unicode (6)

355 24 3
                                    

ငယ်သူမို့မသိပါ
HunHan

"ပစ္စည်းတွေစုံပီလား?ဖျာကောပါပီလား?"

"အကုန်ပါပြီဖေဖေ.. အကုန်ကားနောက်ဖုံးထဲရောက်ပီ"

"ဒါဆိုလဲ တက်​ကျတော့လေ.. အကုန်စုံရင်သွားမယ်"

Hunရဲ့ dutyနားရက်..Chenရဲ့အလုပ်ပိတ်ရက်တွင် ကလေးနှစ်ယောက်ကို ကစားကွင်းလိုက်ပို့ခြင်းဖြစ်သည်။

စပို့ရှပ်အဖြူနဲ့အနက်စင်းလေးအပေါ်မှာ ဘောင်းဘီနဲ့တစ်ဆက်ထဲကြိုးသိုင်းပီး၀တ်ထားသည့် Hannieနဲ့Daeul.. ဦးထုပ်လေးပါနောက်ပြန်ဆောင်းထားသည့်ကလေး၂ယောက်မှာ ဆင်တူ၀တ်စုံလေးနဲ့အသည်းယားဖို့ကောင်းသည်။

Hannieရောက်ကထဲက Xiuသည် သူ့သားdaeulနဲ့ဆင်တူလေးတွေဆင်တက်သည်။အခုလဲအပြင်ထွက်ဖို့အတွက် သူမကိုယ်တိုင်ရွေးပီး၀တ်ပေးထားခြင်းဖြစ်သည်။

ပန်းခြံရောက်တော့ ကားပါကင်ထိုးပီး လက်မှတ်ဖြတ်ကာအထဲ၀င်ခဲ့သည်။

လူရှင်းသည့်သစ်ပင်တစ်ပင်အောက်မှာ ယူလာတဲ့ဖျာကိုခင်းပီး စားစရာတွေထည့်ထားသည့်ခြင်းကြီးကိုချလိုက်သည်။

"ကဲ ဖေဖေနဲ့မေမေက ဒီမှာထိုင်စောင့်နေမယ်.. သားတို့က ကလေးတွေကိုလိုက်ပို့ပေးလိုက်.. ထမင်းဆာရင် ဒီနားလာစား"

Chanyeolပြောပီး ဖျာပေါ်၀င်ထိုင်လိုက်သည်။Baekလဲ၀င်ထိုင်ပီး ချိုင့်တွေကိုဖျာပေါ်ချလိုက်သည်။

Hannieနဲ့Daeulကတော့ လက်တွဲပီးရှေ့ဆုံးကနေသွားတော့သည်။

"ဟာ လျှောကြီး"

လျောစီးတဲ့နေရာရောက်တော့ Hannieနဲ့Daeulမှာ ဗြောင်းဆန်အောင်ဆော့သည်။
Hannieတို့ဆော့နေတာကို ထိုင်ဖို့လုပ်ထားသည့်ခုံလေးမှာ Hunနဲ့Chenကထိုင်ကြည့်နေသည်။Xiuကတော့ daeulနောက်ကလိုက်နေရသည်။

"ကလေးတို့ ဟိုဘက်မှာရေလွှာလျောသွားစီးမယ်"

Xiuပြောလိုက်မှ လျှောပေါ်ကဆင်းလာသည်။
ရေလွှာလျောစီးတော့ Chenနဲ့Hunပါ မကြီးမငယ်နဲ့လိုက်စီးရသည်။Xiuနဲ့ကလေး၂ယောက်ကို လွှတ်လိုက်ဖို့ကလဲ မဖြစ်နိုင်..

တိုက်ကား..မြင်းကမ္ဘာ.. ကာတွန်းအိမ်စုံနေလေပီ..နောက်ဆုံး ရိုလာကိုစတာနားရောက်တော့ Daeulကစီးချင်ပေမဲ့ Hannieကအမြင့်ကြောက်သူမို့ မစီးရဲ..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now