🐣2🐣

8.4K 659 64
                                    

❀ ငယ်​သူမို့မသိပါ❀
🎄HunHan🎄

Seoulမြို့ရဲ့စည်​ကားလှတဲ့မြင်​ကွင်း.. တိုက်​တာကြီး​တွေ.. ကား​တွေတ၀ီဝီသွားလာ​နေတာ​တွေကိုမြင်​ပီး Hannieငိုဖို့ပင်​​မေ့​နေခဲ့သည်​။

ရွာကထွက်​ခါစက​တော့ မျက်​ရည်​​တွေကျလို့..
ရွာထိပ်​က​နေ​စောင့်​ကြို​နေတဲ့ က​စား​ဖော်​က​လေး​တွေကလဲ ​ကား​နောက်​က​နေမ​မောမပန်း​ပြေးလိုက်​ပီးနှုတ်​ဆက်​ကျသည်​။ရွာထဲက အခြားသူ​တွေကလဲ လက်​တရမ်းရမ်​နှုတ်​ဆက်​ကျ​တော့ ကား​ပေါ်က​နေ ၀မ်းနည်းပက်​လက်​ငိုလို့ ​Baekတို့​ချော့ရ​သေးတယ်​..

တလမ်းလုံးလဲငိုလာလိုက်​တာ Seoulမြို့ဆိုတာကြီးကို​ရောက်​​တော့မှ အထူးအဆန်း​တွေကိုမြင်​ပီး ငိုဖို့သတိမရ​တော့တာပင်​..

ကား​လေးကParkအိမ်​​တော်​ထဲ​မောင်းဝင်​လာသည်​။hannieမှာ ပါးစပ်​အ​ဟောင်းသားနဲ့လိုက်​ကြည့်​​နေသည်​။နန်း​တော်​ကြီးတမျှခမ်းနားလှတဲ့ ဒီအိမ်​ကြီးမှာသူ​နေရမှာ ယုံ​တောင်​မယုံနိုင်​​သေး..

"Daebak.. အိမ်​ကြီးကလှလိုက်​တာ"

"သား hannieလာ​လေ"

"Nae baek omma"

အိမ်​ထဲ​ရောက်​​တော့ ပါးစပ်​​တောင်​မပိတ်​နိုင်​..
မြင်​ရသမျှက TVထဲမှာမြင်​ဖူးသည့်​အိမ်​မျိုး..

"သား ထိုင်​"

Yeol appaထိုင်​ဆိုသည့်​ထိုင်​ခုံကြီးမှာ hannie၀င်​ထိုင်​​တော့ ဆိုဖာမို့အိကျသွားသည်​။

အိမ်​မှာရှိသမျှ အလုပ်​သမား​တွေကို​ Yeolက​ခေါ်လိုက်​သည်​။

"အားလုံးဘဲမှတ်​ထားကျ.. သူ့နာမည်​က Choi Luhan.. Xiao Hannieလို့​ခေါ်ကျတယ်​.. ဒီ​နေ့ကစပီး ဒီအိမ်​မှာ​နေမှာ.. သူ့ကို ​မြေး​လေးdaeulလိုဘဲ လုပ်​​ပေးရမယ်​.. သူကဒီအိမ်​သားဖြစ်​သွားပီ"

အသက်​၁၇နှစ်​​ကျော်​ ၁၈နှစ်​ထဲ​သာရှိ​သေးသည့်​hannieက သူတို့အတွက်​​တော့ က​လေးသာသာမို့ daeul​လေးနဲ့တန်းတူ​ပြောလိုက်​တာပင်​..

"MiMi.. သားငယ်​​ဘေးကအခန်းကိုရှင်းလိုက်​.. arjima. အ​အေး​ဖျော်​ခဲ့.. MiMi.. hannieအထုတ်​သယ်​သွား"

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now