🐣20🐣

4.4K 500 69
                                    

🍀ငယ်​သူမို့မသိပါ🍀
⭐HunHan⭐

Krisစကား​ကြောင့်​ Hannie​သွေးပျက်​သွားသည်​။

"ဟင့်​အင်း ကိုကို အဲ့လိုမလုပ်​ပါနဲ့​နော်​..Hannie​တောင်းပန်​ပါတယ်​ ဟင့်​ Hannieကိုပြန်​ပို့​ပေးပါ​နော်​"

Hannieမျက်​ရည်​​တွေကျကာ မျက်​နှာကလဲဖြူဖက်​ဖြူ​ရော်​နဲ့ဖြစ်​လာ​တော့ Krisပြာပြာသလဲနဲ့ကားထိုးရပ်​လိုက်​သည်​။သူHannieကိုစတာနည်းနည်းများသွားပီ..

"Xiao​လေး.. မငိုနဲ့​လေ ကိုကိုကစ​နေတာ.. Xiao​လေးနဲ့တ​နေရာသွားစရာရှိလို့.. ကိုကိုကခိုး​ပြေးစရာလား ဒီ​လောက်​တန်​ဖိုးထားတာ.. Xiao​လေးကိုလိုချင်​ရင်​ Park arjushiဆီလာ​တောင်းမှာ​ပေါ့ကွ.. ကိုကိုခိုး​ပြေးမှာအဲ့​လောက်​လန့်​​နေတာလား?"

"လန့်​တာ​ပေါ့.. ဒီလိုကြီးလုပ်​လို့မဖြစ်​ဘူး​လေ Hannie papaတို့ရှိ​သေးတယ်​.. အခုလိုလုပ်​လိုက်​ရင်​ Hannieကသားမိုက်​ဖြစ်​သွားလိမ့်​မယ်​"

"ကိုကို​တောင်းပန်​ပါတယ်​ Xiao​လေးပုံကချစ်​ဖို့​ကောင်း​တော့ စလိုက်​တာ.."

"ဒါဆို အခုဘယ်​သွား​နေတာလဲ?"

"​အော်​.. Xiao​လေးစိတ်​ကြည်​​အောင်​ရူခင်း​တွေလိုက်​ပြတာ.. အရမ်းလှတာ ည​နေဆည်းဆာရူခင်း​တွေXiao​လေးမြင်​ရင်​ ပြန်​ချင်​မှာ​တောင်​မဟုတ်​ဘူး"

"ဟုတ်​လား?Hannieတို့ရွာ​လောက်​လှရဲ့လား?ရွာမှာဆို​နေ့တိုင်းည​နေဆည်းဆာရူခင်းမြင်​​နေရတာ ​နေကြာခင်းကြီးနဲ့ မြစ်​ကြီးနဲ့"

"ဒါဆို ကိုကိုလာလည်​မယ်​"

"လာလည်​​လေ.. Layနဲ့Junပါ​ခေါ်ခဲ့"

Kris​ခေါ်လာတဲ့​နေရာ​ရောက်​​တော့ လမ်း​ဘေးတ​နေရာကိုကားထိုးရပ်​လိုက်​သည်​။

"လာXiao​လေး"

"Woow. လှလိုက်​တာအပင်​ကြီးက.. "

သစ်​ပင်​ကြီးတစ်​ပင်​ထဲ ထီးထီးကြီးရှိ​နေသည်​။
သစ်​ရွက်​​တွေ​ကြွေ​နေပီး အသစ်​ထွက်​စပြု​နေတဲ့အရွက်​ငယ်​​လေးက နီဖန့်​ဖန့်​နဲ့.. ​နောက်​နားဆီက ​​နေကြီးတစ်​၀က်​၀င်​​နေပုံနဲ့ထပ်​တူကျ​နေ​တော့ ည​နေဆည်းဆာကအရမ်းလှ​နေသည်​။

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now