Unicode (19)

163 11 9
                                    

ငယ်သူမို့မသိပါ
HunHan

"Xiaoလေး"

"ဟင်"

"Xiaoလေးတို့စာမေးပွဲကနီးပြီ.. Xiaoလေးကစာမေးပွဲဖြေပီးရင် ရွာပြန်ရတော့မှာနော်"

"အင်းပေါ့.. papaနဲ့mamaကိုလဲအရမ်းလွမ်းနေပီ.. ဒီကိုရောက်နေကထဲက papaတို့ကိုတစ်ခါမှလဲမဆက်သွယ်ရဘူး.. "

"မပြန်လို့မရဘူးလားXiaoလေး.. ဒီ​မှာဘဲနေလေ"

Krisရင်ခွင်ထဲနေ Hannieထွက်လိုက်ပြီး Krisကိုမော့ကြည့်လိုက်ကာ..

"ကိုကို.. Hannieကတောသားလေ. တောမှာမွေး တောမှာကြီးလာတဲ့တောသားတစ်ယောက်.. ကိုယ့်ဘ၀ကိုမေ့ပီး Seoulမြို့သားလိုလို..Parkအိမ်ရဲ့သားလိုလိုနဲ့ အမြဲတမ်းနေလို့မှမရတာ.. Hannieဘ၀အစစ်အမှန်ကတောသားဘဲ.. အချိန်တန်ရင်အိမ်ပြန်​ရမှာဘဲလေ."

"ကိုကိုတော့အဲ့အချိန်တွေကိုဘယ်လိုကျော်ဖြတ်ရမလဲကြာ..ကျောင်းပိတ်တဲ့ရက်တွေကိုမြန်မြန်ရစ်ပြီး ကျောင်းပြန်ဖွင့်မဲ့အချိန်ကိုကျော်လိုက်ချင်တယ်"

"ကိုကိုကလဲ..Hannieကို papaတို့နဲ့လဲနေခွင့်ပေးပါဦးလား?"

Krisသက်ပြင်းကိုအရှည်ကြီးချလိုက်သည်။

"Xiaoလေးပြန်မဲ့နေ့လဲ ကိုကိုမှာလိုက်ပို့ခွင့်မရှိဘူးလေ.. နှုတ်ဆက်ချင်တာတောင် Xiaoလေးကို ကိုကိုလာနှုတ်ဆက်လို့မရဘူးမလား?"

"ကိုကိုရယ်"

Krisစကားကြောင့် Hannieအရမ်းစိတ်မကောင်းဖြစ်သွားရသည်။စိတ်ထဲမှာလဲ Krisကိုသနားသွားမိသည်မို့..Krisရင်ခွင်ထဲတိုး၀င်ကာ ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားမိလေသည်။

ကိုကိုနဲ့Hannieချစ်သူဖြစ်လာတဲ့သက်တမ်းတလျှောက် တခြားချစ်သူတွေလို အမြဲတမ်းလဲမတွေ့.. မနက်ကျောင်းလာချိန်နဲ့ ညနေအတန်းပီးမှသာတွေ့ရတာ.. ဒါတောင်တစ်ခါတလေ ဦးဆယ်က သူမနက်ပိုင်းdutyမရှိတဲ့အချိန်တွေဆို Layနဲ့Junလာတဲ့အထိထိုင်စောင့်ပေးလို့ Hannie ကိုကိုနဲ့တွေ့လို့မရဘူး..

ကိုကိုက Photo Modelဆိုတော့ photo shootingသွားရတဲ့အချိန်ဆိုရင်လဲ Hannieဆီမလာတော့ မတွေ့ရဘူး.. အဲ့လိုနဲ့ကိုကိုနဲ့Hannieတို့က တခြားချစ်သူတွေလိုမဟုတ်..

ငယ်သူမို့မသိပါ (Uni+Zawgyi) (Complete)Where stories live. Discover now