Uni
ဒေါက်တာသရဖီ သူ့ဂျူတီချိန်ပီ့းသွားပေမယ့်မပြန်နိုင်သေးဘူး
"မေမေ သားတို့ပြန်ရအောင်လေ မနက်ခြောက်နာရီထိုးတော့မယ် ဘုရားသွားမယ်ဆို"
မိန့်အာဏာပြောတာ သူမ ကြားပုံမရ၍"မေမေ"
"သား မေမေတို့ အဲ့ဒီကလေးကိုမွေးစားရအောင်"
"ဟင် ဘယ်ကကလေးလဲ ဘာလို့မွေးစားမှာလဲ မေမေဘာတွေပြောနေတာလဲ"
မေမေကိုကြည့်ရတာ ညအိပ်ရေးပျက်တာများပြီး ကယောက်ခြောက်ခြားနဲ့ဘာတွေပြောနေတာလဲ သူနားမလည်တော့ဘူး
"မေမေကို ခုဏက လာတွေ့တဲ့ကလေးမလေးလေ"
"ဟာ မေမေကလည်းရှုပ်ရှုပ်ယှက်ယှက် ဘယ်ကမှန်းမသိဘဲနဲ့ ဘယ်သူမှန်းလဲမသိဘဲ မေမေရာ မွေးစားရအောင် သူက ကလေးလဲမဟုတ်ပဲနဲ့"
"သား မေမေရဲ့မွေးနေ့မှာ မေမေကုသိုလ်ယူချင်တယ်သား"
"မေမေရာ ကုသိုလ်ယူချင်တာများ သူ့ကို ပိုက်ဆံပေးလိုက်ပေါ့ မေမေဟာက"
"တော်တော့သား မေမေသူ့ကိုမွေးစားမယ် မင်းဘာမှပြန်မပြောနဲ့တော့"
မိန့်အာဏာ သူ့မေမေ့ကို အံ့သြနေတယ်
မေမေတစ်ခါမှသူ့ကိုမအော်ဖူးဘူး ဒီကောင်မလေးကိစ္စကြောင့်မေမေကငါ့ကိုအော်တာ ဒီကောင်မလေးကဘာလဲ လူတောင်မမြင်ရသေးဘူး မုန်းချင်လာပြီ
'ကိုယ်အော်လိုက်လို့တိတ်သွားပေမယ့် သားကိုကြည့်ရတာ သိပ်သဘောကျပုံမရဘူး ဒါပေမယ့် မတက်နိုင်ဘူး ဟိုကလေးက ဖြူ့ကလေးဖြစ်နိုင်ခြေတော်တော်များနေတယ်
သူ့ကိုတွေ့လိုက်ကတည်းက ငယ်ငယ်က သိပ်ချစ်ရတဲ့သူငယ်ချင်းဖြူ့ကိုတွေ့လိုက်ရသလိုပဲလို့တွေးနေတာ ကလေးမလေးမေ့လဲသွားတုန်းက သူ့ရဲ့ဂုတ်ကိုကြည့်လိုက်တော့ အမှတ်လေးတွေ့တယ် သေချာပါတယ်
ဒါဖြူ့သမီးလေးပါ ကိုယ်ကိုတိုင်သမီးလေးကိုမွေးပေးခဲ့တာ ဖြူကမီးတွင်းထဲမှာပဲဆုံးသွားလို့

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်