• 2 •

1.1K 129 3
                                    

( Zawgyi )

[ ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုကို နောက်တစ်ခါ ပြန်လည်ရယူရတာက အခတ်ခဲဆုံးပဲ။ ]

အလုပ်ပိတ်ရက်လည်း ပြီးပြီဖြစ်တာကြာင့် ဟယ်ချန်း က အရင်လိုမဟုတ်တော့ပဲ တစ်နေကုန် Studio ခန်းထဲ ပိတ်မိနေရတော့တယ်။
အခုမှ အသစ်ဝင်လာတဲ့ Trainee လေးတွေနဲ့ Vocal ပိုင်းကို သင်ကြားပေးရင်း မနက်ပိုင်းတစ်ပိုင်းလုံးက ဘာရယ်မဟုတ် ကုန်ဆုံးသွားပြန်တယ်။

ကုမ္ပဏီဘေးက Cafe မှာ နေ့လည်စာစားဖို့ ကုမ္ပဏီအောက်ကို ဆင်းလာရင်းနဲ့ တစ်လမ်းလုံးက တွေ့သမျှ လူတွေက သူ့ကိုမေးတယ်။

" ဟယ်ချန်း .. သိပြီးပြီလား "

" ဘာကိုလဲလို့ "

" ဟင့်အင်း .. ဘာမှမဟုတ်တော့ဘူး "

ဟယ်ချန်း အလိုလိုမျက်မှောင်ကြုတ်မိသွားတယ်။
သိပြီးပြီလားလို့မေးကြတယ် ဘာကိုသိပြီးပြီလားလို့ မေးတာလဲလို့ ပြောတော့ တစ်ယောက်မှပြန်မဖြေကြဘူး။

ဒီတိုင်းဆင်းသွားရင် တွေ့သမျှလူအကုန်လုံး မေးလာမယ့်သဘော ရှိတာမို့
စိတ်ရှုပ်ရှုပ်နဲ့ ဓာတ်လှေကားရှေ့မှာ ဓာတ်လှေကားပွင့်အလာကိုသာ စောင့်နေမိတော့တယ်။

အသာလေးပွင့်လာတဲ့ ဓာတ်လှေကားကို ၀င်ဖို့ရန်အသင့်
မျက်နှာမူမိတော့ တွေ့လိုက်ရတာက သူနဲ့စိမ်းမနေတဲ့ မျက်နှာ။
အဲ့ဒီ မျက်လုံးတွေ .. ။

လေးနှစ်နီးပါး ကြာခဲ့တာမို့ ဘာဖြစ်ဖြစ် နည်းနည်းတော့ အဆင်ပြေလောက်ပြီလို့ ထင်ခဲ့တဲ့ နှလုံးသားဟာလည်း ထိုအခိုက်အတန့်မှာ ထပ်ပြီး ဆယ်ကျော်သက်အရွယ် အခုမှအချစ်နဲ့စတွေ့ဖူးတဲ့လူလို ခုန်ပေါက်နေတော့သည်။

ထိုမျက်ဝန်းတွေနဲ့ အကြည့်စုံမိတိုင်း အမြဲ သူကသာ ကျရှုံးရမြဲ။
ပထမဆုံးတွေ့ခဲ့တဲ့ လွန်ခဲ့တဲ့ ၆နှစ်တုန်းကစလို့ အခုထိ
အဲ့ဒီမျက်ဝန်းတွေနဲ့ ထိုလူက သူ့ရဲ့နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ ကိုင်လှုပ်နိုင်မြဲ။

ဘာမှမဖြစ်ချင်ယောင်ဆောင်နေတဲ့ ဟယ်ချန်းဟာ မျက်ဝန်းထဲ အရည်ကြည်တွေကိန်းအောင်းနေပေမယ့် ဘာမှမဖြစ်သလို ဓာတ်လှေကားထဲဝင်လိုက်သည်။

B.A.C.K • MH ( Complete )Where stories live. Discover now