• 8 •

716 92 0
                                    

( Zawgyi )

ထင်ထားတာ ကိုကိုက ကျောင်းဖွင့်ခါနီးမှပြန်လာမယ်ထင်ထားတာ။
ဒါပေမဲ့ မထင်မှတ်ပဲ ကိုကိုက သူ့ကို Surprise လုပ်လိုက်တယ်။

သူတို့ ဂျယ်ဂျုက ပြန်လာပြီး တစ်ပတ်ကြာတော့ ကိုကိုက သူ့အိမ်ရှေ့ရောက်နေခဲ့တယ်။
Donghyuck ကတော့ သူ့အိမ်ရှေ့မှာ ဂြိုလ်သားကို မြင်ရသလိုမျိုး ကြောင်နေတော့တယ်။ လက်ထဲက ရေခဲမုန့်လေးတောင် အောက်ကိုပြုတ်ကျလို့ .. ။

" တကယ်ကြီး LeeMinhyung လား "

သူ့အသိထဲတော့ လွမ်းလို့လျှောက်မြင်နေတာလားလို့ထင်နေတုန်း ။

" LeeMinhyung မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ ~ "

သူ အရှေ့ကလူသားကို ပြေးပြီးဖက်လိုက်တယ်။
ထင်ထားတာထက် မကြာပေမယ့်လည်း အရမ်းလွမ်းနေခဲ့ရတာပဲလေ။
တစ်စက္ကန့်တောင်မတွေ့ရရင် မနေနိုင်ဘူးဆိုတာမျိုးက ဒီလိုမျိုးဖြစ်လောက်တယ်။

" ကိုယ့်တိုက်ခန်းတောင် မသွားရသေးဘူး ချန်းနီးဆီ အရင်လာတာ "

ကိုကိုပြောတာ အမှန်ဖြစ်ကြောင်းကို ဘေးနားက အ၀တ်အိတ်တွေက သက်သေပြနေတယ်။

" အိမ်ထဲဝင် လာ "

ဒါ ကိုကို သူ့အိမ်ထဲကို ရောက်ဖူးတာ ပထမဆုံးဖြစ်မယ်။
သူကသာ ကိုကို့တိုက်ခန်းဆီ ခဏခဏ သွားနေပေမယ့် သူ့အိမ်ကို ကိုကို့ကိုမခေါ်ဖူး။

" ချန်းနီး မိဘတွေရော ~ "

" ဖေဖေက နယ်မှာ စက်ရုံကိစ္စကြောင့်ရောက်နေတာ အငယ်၂ယောက်က ကျောင်းပိတ်လို့ ဖေဖေနဲ့လိုက်သွားတယ်
မေမေကတော့ မ ရှိ တော့ဘူး ~ "
( Just fiction, i hope you all don't be too seriously ~ 🙏)

" Awnn .. "

သူတို့ မိဘတွေအကြောင်းပြောဖူးတာ ဒါပထမဆုံးဖြစ်မယ်။
သူတို့နှစ်ယောက်အတူရှိနေချိန်မှာ သူတို့ကိုယ်တိုင်အကြောင်းကလွဲ
တခြားသူတွေအကြောင်းမပြောဖြစ်ကြ ။
Donghyuck ရဲ့ ညီလေးတွေ ညီမလေးတွေဆို သူတစ်ခါမှကို မမြင်ဖူးပါ။ ဒါကလည်း သူ Donghyuck အိမ် မလာဖြစ်လို့နေမှာ။
တခြားအကြောင်းတွေမပြောဖြစ်ကြလို့ Minhyung က Donghyuck အကြောင်း သိပ်မသိပေမယ့် Donghyuck ကတော့ သူ့အကြောင်းကို သေချာလေး သိနေတတ်တယ်။

B.A.C.K • MH ( Complete )Where stories live. Discover now