• Final •

1.2K 109 5
                                    

[ Zawgyi ]

စာရေးသူ - ထပ်ပြောပါဦးမယ် အဟင်း
အရမ်း ကြာသွားလို့ မမှတ်မိမှာစိုးလို့ အရင်အပိုင်းနည်းနည်း ပြန်ဖတ်ဖို့ အကြံပေးချင်ပါတယ်။ • /// •
Final ဆိုတော့ မုဒ်ထည့်ပြီးဖတ်စေချင်လို့ ဟီးဟီး။
ဒီအပိုင်း မတရားးးး ရှည်ပါတယ်။

အစတည်းက အဆုံးသတ်တွေက မသေချာမရေရာဖြစ်ခဲ့တယ်။
ကိုယ်တိုင်ပါ ရှုပ်ထွေးနေတဲ့ အချစ်ရေးဟာ ထပ်ပြီးလည်း ချောမွေ့မှုရှိနိုင်တော့မှာမဟုတ်။

နောင်တတွေ တသီးကြီးရခဲ့ပြီးတဲ့နောက်မှာ ရွေးချယ်မှု​တွေဟာပြောင်းလဲသွားနိုင်သေးလား။

ဟယ်ချန်းက ဆုတောင်းဖူးတယ်။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် သူ ဒီလူသားကို မချစ်ခဲ့မိပါစေနဲ့တဲ့။ ~

Minhyung ပြောတဲ့ " လေးဆယ့်ရှစ်နာရီ အပိုင်လိုချင်တယ် " ဆိုတဲ့ စကားအဓိပါယ်ဟာ သူနဲ့နောက်ဆုံး အ​တူရှိနေမယ့် အချိန်ဆိုတာကို Haechan က သိလည်းမသိခဲ့သလို မေးလည်းမမေးခဲ့ဘူး။

ထိုလူသားရဲ့ မျှော်လင့်ချက်အပြည့်နဲ့ အကြည့်တွေအောက်မှာ Haechan က ဘာဖြစ်ဖြစ်ဆိုပြီး လေးဆယ့်ရှစ်နာရီလုံး သူ့နားအတူရှိနေပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အချိန်တွေဟာ ရေတွက်နေပြီး မျက်နှာချင်းဆိုင် တွေ့လိုက်တိုင်း Minhyung က သူ့ကို လွတ်ထွက်သွားမှာစိုးသည့်အလား တင်းတင်းကျပ်ကျပ်ဖက်ထားတတ်တယ်။
၂၄နာရီအတွင်းမှာ Minhyung က သူ့ကို အချိန်တစ်ဝက်ကျော်လောက်ထိ ဖက်ထားတတ်တယ်။

အစတုန်းက သူ့ရဲ့ အပြုအမူတွေကို Haechan နားမလည်ခဲ့ဘူး။ နားလည်ဖို့လည်း အထူးတလည် မကြိုးစားပြည့်ခဲ့ဘူး။

လေးဆယ့်ရှစ်နာရီ အတွင်းမှာ ထိုလူသားဟာ သူ့ကို မြတ်နိုးစရာတစ်ခုဆုံးရှုံးသွားတော့မယ့်ပုံနဲ့သာ ကြည့်နေခဲ့တယ်။

သူမြတ်နိုးရတဲ့ ကြည်လင်နေတဲ့ မျက်ဝန်းတစ်စုံက အခုချိန်မှာတော့ ခပ်ဆွေးဆွေး။
သူ့ရှေ့ရောက်ရင် တစ်ချိန်လုံး ပြုံးနေခဲ့ပေမယ့် ထိုအပြုံးတွေက အသက်မပါတာမျိုးမဟုတ်ပဲ ဝမ်းနည်းရိပ်သန်းနေတယ်လို့ သူပဲ ထင်နေမိတာလား။

B.A.C.K • MH ( Complete )Onde as histórias ganham vida. Descobre agora