• 13 •

774 96 2
                                    

( Zawgyi )

Song Recommed : Baekhyun - Love Again

[ နောက်ထပ် .. ? ]

Tee * Tee * Tee *

အိပ်ယာဘေးစားပွဲပေါ်က အဆင်မပြတ် မြည်နေတဲ့ Alarm သံကြောင့် အိပ်ချင်နေတဲ့ကြားထဲကနေပဲ နာရီကိုထပိတ်ရသေးတယ်။

ပထမဆုံး မြည်တဲ့ အသံမို့ သိပ်မနောက်ကျသေးဘူးဆိုတဲ့ အသိက သူ့မျက်လုံးတွေကို နောက်တစ်ခါထပ်ပြီး မှိတ်သွားစေတယ်။
မျက်လုံးကို ထပ်ပြီး မှိတ်လိုက်တော့ မသိလိုက်ဘာသာပဲ အိမ်မက်ကမ္ဘာထဲကို နောက်တစ်ခါ ထပ်ပြီး ရောက်သွားရတယ်။

အိပ်တာမကြာသေးခင်မှာပဲ ဖုန်းက ဆက်တိုက်ဆိုသလို မြည်လာတော့တယ်။

ထပ်ပြီး ထပ်ပြီး သူမသိချင်ယောင်ဆောင်ထားလည်း ထပ်ပြီး မြည်နေပြန်တယ်။

" Ahhh ! "

စိတ်ပျက်စွာပဲ ထထိုင်လိုက်ပြီး ဖုန်းကို ကိုင်လိုက်ရတယ်။
ဖုန်းထဲမှာတော့ မန်နေဂျာ အစ်ကိုရဲ့ ဆူပူသံက ချက်ချင်းဆိုသလို ထွက်လာတော့တယ်။

" HAECHAN ! ဒီနေ့ ရိုက်ကူးရေးရှိတယ်လေ "

" အိပ်ပျော်သွားလို့ Hyung ကျွန်တော် မြန်မြန် ထွက်လာခဲ့မယ် "

" * ကျစ် * "

ညက အရက်အရှိန်ကြောင့် ခေါင်းကထိုးကိုက်နေလေပြီ။
အခန်းထဲကထွက်လာတော့ ဧည့်ခန်းက စားပွဲပေါ်မှာ ပုံနေတဲ့ ဘီယာဘူးခွံတွေ ။

သူက ထပ်ပြီး ကလေးလို လုပ်မိပြန်ပြီ။
မနေ့က ဖြစ်တဲ့ ကိစ္စကြောင့် နောက်နေ့အလုပ်ရှိတာတောင် သတိမရနိုင်တော့ပဲ အရူးလို သောက်နေမိခဲ့တာ။

ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စွာနဲ့ပဲ ရေချိုးခန်းထဲဝင်ပြီး သန့်စင်ရတော့တယ်။
ခေါင်းက ထိုးကိုက်နေပေမယ့် အလုပ်ကိစ္စလည်းရှိသေးတာမို့ ဒီတိုင်းသာထွက်လာခဲ့တယ်။

ကားပေါ်မှာလည်း ခေါင်းက တအား မူးနေတာနဲ့ မန်နေဂျာအစ်ကို ကိုပဲ သံပုရာရည်ဝယ်ခိုင်းရတယ်။
ညနက်ထိ သောက်တာသာသိရင် သူတော့ ပွစိပွစိအပြောခံရတော့မှာ။

" နေမကောင်းတာလား Haechan
ဒီနေ့ Schedule နည်းပါတယ် ညနေသာ Ent မသွားတော့နဲ့ Hyung ပြောပေးထားမယ် အဲ့ကလေးတွေက မင်းအကူအညီမရှိရင်လည်း ရပါတယ်ကွာ "

B.A.C.K • MH ( Complete )Where stories live. Discover now