• 9 •

634 98 1
                                    

( Zawgyi )

[ Minhyung's side ]

နိုင်ငံခြားမှာနေတုန်းက Minhyung အလယ်တန်းမှာ ပထမဆုံး စိတ်ဝင်စားခဲ့ရတဲ့ ကောင်မလေး ရှိခဲ့တယ်။

Minhyung က အလယ်တန်းတုန်းက အဲ့ဒီကျောင်းကို ပြောင်းလာရတာဖြစ်ပြီး သူ့မှာအပေါင်းအသင်းဆိုတာမရှိသေးတဲ့အချိန်။

အခန်းထဲပြုံးပြီး ၀င်လာတဲ့ ဆံပင်ရွှေရောင်နဲ့ ကောင်မလေးက
ကျောင်းသားသစ်ဖြစ်တဲ့ သူ့မျက်လုံးထဲ တန်းဝင်လာခဲ့တယ်။

အရပ်ရှည်ရှည်နဲ့ကောင်မလေးက ချစ်စရာကောင်းတာထက် ချောပြီးလှတာမျိုး။

အဲ့အချိန်တည်းက ထိုကောင်မလေးကို သူဟာ စပြီး စိတ်ဝင်စားလာခဲ့တယ်။
ဒါပေမဲ့ ထိုစိတ်ဝင်စားခြင်းမျိုးက အချစ်လား ရိုးရိုးခင်ချင်တာမျိုးလားဆိုတာ သူပုံမဖော်နိုင် ။

ဖော်ရွေတဲ့ကောင်မလေးဖြစ်တဲ့ Luna က Minhyung နဲ့ ခပ်မြန်မြန်ပဲ သူငယ်ချင်းဖြစ်လာတယ်။
အမြဲတမ်း သူ့ကို ပြုံးပြပြီး ဂရုစိုက်ပေးတတ်တဲ့ Luna ကြောင့် တခြားသူငယ်ချင်းတွေကပါ သူတို့ကို စလာကြတယ်။

တစ်နေ့မှာတော့ Luna က သူ့ကို သဘောကျနေတယ် လို့ပြောလာတယ်။
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမဲ့ ရည်းစားမထားဖူးသေးတဲ့ သူက
ဘာမှမစဉ်းစားနေပဲ Luna ရဲ့ ဖွင့်ဟချက်ကို လက်ခံလိုက်တယ်။
သူဟာ Luna ကို ချစ်နေလား ဆိုတာတော့ သူကိုယ်တိုင်လည်း မသိ။
ဒီတိုင်း တခြားသူတွေ ရည်းစားထားနေတာမို့ သူလည်း ထားချင်မိတဲ့သဘောသက်သက်နဲ့ .. ။

ဒါပေမယ့် ၂လလောက်တွဲပြီးတဲ့အချိန်မှာ မထင်မှတ်နိုင်လောက်အောင်ပဲ
Minhyung က Luna ကို အရမ်းသဘောကျနေခဲ့ပြီးပြီ။

သူ့ဘက်ကစပြီး စာတိုတွေပို့လာတတ်တယ်။
သူ့ဘက်ကပဲစပြီး Luna ကို ဂရုစိုက်ပေးလာတယ်။
အဲ့လိုမျိုး Luna ဘက်ကပဲ စပြီးလုပ်ပေးတတတဲ့အရာတွေကို သူကလုပ်ပေးတတ်လာတယ်။

ဒါပေမယ့် Luna က အဲ့အချိန်မှာ သူ့ကို ဂရုမစိုက်ပေးလာတော့ဘူး။
သူနဲ့လည်း တွေ့တဲ့အချိန်တွေနည်းလာတယ်။

နောက်ဆုံးတော့ အဆုံးသတ်အချိန်ရောက်လာတာပါပဲ။

သူက အဲ့အချိန်တည်းက လူတွေကို အများကြီး သဘောမကျမိတော့ဖို့ သတိထားတော့တယ်။

B.A.C.K • MH ( Complete )Where stories live. Discover now