About - B.A.C.K & Note

623 44 8
                                    

[ Zawgyi]

Hello Everyone! It's me yooderella_eun.
အမှန်တိုင်းပြောရင် ဒီဟာလေးကို ဖတ်ပေးစေချင်ပါတယ်။
မဖတ်လည်း ဖြစ်ပေမယ့် B.A.C.K ရဲ့ plot အကြောင်း ပိုနားလည်အောင် ရှင်းပြချင်လို့ပါ။

တချို့မှာ အိုင်ပြန်ဖတ်တာတောင် လိုချင်တဲ့နေရာကို မရောက်သွားတဲ့ အကွက်လေးတွေရှိတာမို့ ရှင်သွားအောင် ပြောပြချင်တာပါ။
( အိုင်က တအား စကားများတာ။ အဆုံးထိ ဖတ်မယ်စဉ်းစားထားတဲ့သူတွေကို ကြိုအားနာပြီး တအား ကျေးဇူးတင်ပါတယ်။ >< )

ဒီတော့ အိုင်က HE ကို ရွေးခဲ့လိုက်တယ်ပေါ့နော်။
အစကနေ အဆုံးထိကို တကယ် SE လုပ်ချင်ခဲ့တာပါ။ Plot အနေနဲ့ရော ဘာရော တွေးမိရင် SE က အကောင်းဆုံးလို့ထင်တာပါ။ ( အခုထိ )
လူတစ်ယောက်တည်းနဲ့ကိုပဲ သုံးကြိမ်ပြန်တွဲတယ်ဆိုတာက နည်းနည်း Reality မဆန်လောက်ဘူးလို့ တွေးကြမယ်ထင်လို့ SE လုပ်ဖို့တွေးထားတာပါ စရေးတည်းကပေါ့နော်။ ( but အပြင်မှာလည်း ရည်းစားဟောင်းနဲ့ ခဏခဏပြန်တွဲတာမျိုးရှိမယ်ထင်ပါတယ် )

အချိန် သုံးလကျော်ယူခဲ့ရတဲ့ Fiction လေးက နောက်ဆုံးမှာ အဆုံးသတ်သွားပါပြီ။
စစချင်းက အပိုင်းတိုလေးပဲ ရေးမယ်စဉ်းစားထားပေမယ့် ဘာကြောင့်မှန်းမသိ အရစ်ရှည်ရင်း ဒီလို ဆယ်ပိုင်းကျော်သွားပါတယ်။ ဘုရား တရား။!

နောက်ဆုံးပိုင်းက စာလုံးရေ လေးထောင်ကျော်တယ်!

B.A.C.K မှာ အဓိက ပေးချင်တဲ့ Msg ကလေ
( ဒီလိုပြောရင် ရယ်ကြမလားမသိဘူး Fiction လေးပဲကို ပေးချင်တဲ့ မက်ဆေ့ခ်ျတွေဘာတွေလုပ်တော့ အဟွန်း )
ပေးချင်တဲ့ မက်ဆေ့ခ်ျက ကိုယ့်စိတ်ကိုယ် သေချာမသိပဲ တစ်စုံတစ်ယောက်ကို လက်လွှတ်လိုက်မိရင် နောင်တတရားနဲ့အတူ သေမတတ်နာကျင်ရတဲ့ ခံစားချက်က လိုက်ပါလာမှာပါ။
ပြန်တွေးမိတိုင်း " ငါ ဒီလူကို ဘာလို့ လက်လွှတ်လိုက်ရပါလိမ့် သူက ငါ့အပေါ် ဘယ်လောက်တောင် ကောင်းခဲ့လဲ " ဆိုတာတွေကို ပြန်တွေးရင်း ရင်ထဲခံပြင်းပြီး ကိုယ့်ကိုယ်ကိုယ် မတရားတွေ အားမလိုအားမရဖြစ်ရပါတယ်။
ခံစားဖူးတဲ့သူတွေဆို အဲ့လိုခံစားချက်မျိုးကို နောက်တစ်ခါ မခံစားချင်ပါဘူး။ရည်းစားက လမ်းခွဲသွားလို့ အသည်းကွဲတာမျိုးထက် ကိုယ်က လက်လွှတ်မိခဲ့လို့ ကိုယ်က မကောင်းလို့ သူက လမ်းခွဲသွားပြီးမှ ကိုယ်က ပြန်လိုချင်ပြီး နောင်တရတာမျိုးက ပိုခံစားရခတ်ပါတယ်။ တစ်ဖက်ကလည်း သူ့ကို ထပ်မနာကျင်စေချင်လို့ အတင်းတွန်းအားမပေးချင်နဲ့။
ရေးခဲ့တဲ့ Mark / Minhyung Character မှာ အဲ့လိုမျိုး ခံစားချက် တွေ့ခဲ့ရလားမသိပေမယ့် မတွေးခဲ့ရရင်လည်း အိုင့်အားနည်းချက်ပေါ့နော်။

B.A.C.K • MH ( Complete )Where stories live. Discover now