• 11 •

672 87 1
                                    

( Zawgyi )

အဆုံးသတ် .. ?


သာယာနေတဲ့ ရာသီဥတုကနေ ကောင်းကင်က မှောင်မိုက်ပြီး မိုးတွေလေတွေ သည်းထန်လာတယ်။ ရာသီဥတုက တအား ရုတ်တရက်ဆန်တာမို့ ဒီလိုအခြေအနေကို လုံးဝ မျှော်လင့်မထားတဲ့လူတွေက စိတ်ပျက်စွာ ညည်းညူကြတယ်။

အဲ့ထဲမှာ မင်ဟျောင်း လဲ အပါအ၀င်ဖြစ်တယ်။
မနက်ထဲက ကောင်းကင်က ကြည်လင်နေပြီး မိုးရွာမယ့် အရိပ်အယောင်လုံးဝ မရှိတာမို့ သူဟာ ထီးကို ယူမလာခဲ့ဘူး။

အတန်းကလည်း ဆင်းတော့မှာဖြစ်လို့ သူဟာ တုန့်ဆိုင်းခြင်းမရှိပဲ Luna ကို ဖုန်းဆက်ပြီး အကူအညီတောင်းရတော့တယ်။

" တကယ် အားနာပါတယ် မိုးရွာမယ်ဆိုတာ လုံးဝမထင်ထားတာမို့ ငါလည်း ထီးကိုမယူလာမိဘူး "

" ရပါတယ် မဟုတ်လည်း ငါက နင့်ကျောင်းဘက် လာနေကြပဲကို အားနာစရာလား "

မိုးက လေတွေလည်းပါပြီး တော်တော်လေးကို သည်းထန်စွာနဲ့ ရွာချနေတော့တာပါပဲ။ လေဒဏ်ကို မခံနိုင်တဲ့ ထီးလေးက လေသွားရာနောက်သာ ပါနေတော့တယ်။
အဲ့တာကြောင့် သူတို့နှစ်ယောက်လည်း ထီးကို ပိတ်ပြီး နီးရာနေရာမှာ မိုးခိုရတော့တာပဲ။

" မုန်တိုင်းတွေဘာတွေရှိတယ်လည်း မကြားမိပါဘူးနော် "

" အင်း ဟုတ်ပါ့ ဘယ်လိုဖြစ်တာလဲမသိဘူး "

ရုတ်တရက် နှစ်ယောက်ကြား တိတ်ဆိတ်သွားရင်းကနေ Luna က စကားစလာတယ်။

" မှတ်မိလား အရင်က ဒီလို မိုးခိုနေရင်းနဲ့ ငါတို့ ပထမဆုံး နမ်းခဲ့ဖူးတာကိုလေ .. "

" . . . "

" တကယ့်ကိုပဲ ပြောချင်တာတစ်ခုကလေ

ငါ နင့်ကို တကယ် သဘောကျခဲ့တာ Lee Mark "

အဲ့ဒီအကြောင်းတွေကို ပြန်မပြောချင်တော့တဲ့ မင်ဟျောင်းက Luna ကို ခပ်သာသာပဲ အကြည့်လွှဲလိုက်တယ်။

ဒါတွေကို ဘာဖြစ်လို့ ပြန်ပြောနေတာလဲဆိုတာ တကယ် နားမလည်တော့ဘူး။

" အတိတ်ကအကြောင်းတွေဆိုပေမယ့် လမ်းခွဲခဲ့ဖူးတဲ့သူတွေထဲမှာ ငါပထမဆုံး သတိတရရှိတာ နင်ပဲဖြစ်ပြီး ငါပထမဆုံး ပြန်တွဲဖို့ ပြောခဲ့တာလည်း နင်ပဲ "

B.A.C.K • MH ( Complete )Where stories live. Discover now