• 15 •

722 90 10
                                    

[ Zawgyi ]

တစ်လတိတိ ထိုလူဟာ သူ့နားက ပျောက်သွားပြီးနောက် ပြန်ပေါ်လာတော့ မျက်နှာက ညိုးငယ်စွာ။
သူ့လက်ထဲ အစိမ်းနုရောင် စာရွက်တစ်ရွက်ပေးသွားပြီးနောက် ခပ်ဖျော့ဖျော့ပြုံးကာ ထွက်သွားပြန်သည်။

အခုချိန်မှာ သူ့လုပ်ရပ်တွေကို နားမလည်နိုင်ဆုံးက ဟယ်ချန်းပဲ ဖြစ်မယ်။

အစိမ်းနုရောင်စာရွက်လေးကို သူဟာ ဖတ်လည်းမဖတ်မကြည့်ခဲ့သေးသလို လွှင့်လည်း မလွှင့်ပစ်မိ။

အချိန်တွေကြာသွားပေမယ့် သူ့စိတ်က သူတို့ နောက်ဆုံးတွေ့ခဲ့ကြတဲ့ အချိန်ကို သတိရသွားတယ်။

အဲ့တုန်းက ထိုလူသာ သူ့ကို ပြန်ဆွဲထားပေးခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးက ခဏခဏ နာကျင်အောင်လုပ်သည်။ ကြည့်ရတာ အဲ့တုန်းက ထိုလူသားက သူ့ကို တကယ် စိတ်ထဲမရှိခဲ့ပုံပါပဲ။

" Lee Minhyung.. "

ထိုစကားလုံးသုံးလုံးကို သူ့ပါးစပ်က ခေါ်လိုက်မိချိန်မှာတော့ စတူဒီယိုထဲက လူတွေအကုန် သူ့ကို လှည့်ကြည့်လာကြတယ်။

ထိုအမျိုးသားကို ဒီနာမည်ခေါ်တဲ့သူက 100% သူတစ်ယောက်ပဲရှိသည်။
ဟယ်ချန်းခေါ်တာကိုကြား​တော့ ထိုအမျိုးသားက PD နဲ့ စကားပြောနေရာက လှည့်ကြည့်လာသည်။

သူ့စိတ်ထင် တစ်လအတွင်း ပိန်သွားလိုက်တာ။





အရေးပေါ်လှေကားမှာ တွေဝေစွာရပ်နေတဲ့ လူနှစ်ယောက်ရှိသည်။
ဟယ်ချန်းက သူ့ဘောင်းဘီအိတ်ကပ်ထဲက စာရွက်အစိမ်းနုရောင်လေးကို ကမ်းပေးလာသည်။

" .. ကျွန်တော်.. မဖတ်ချင်သေးဘူး "

သူ့ကို တွေတွေလေးပြန်ကြည့်လာတဲ့ မင်ဟျောင်းက အနီးကပ်တွေ့မှ ပိန်သွားတာကို သိသိသာသာ မြင်​နေရသည်။
မျက်ကွင်းတွေညိုနေပြီး မျက်နှာက အားမရှိပုံပေါက်နေသည်။

" ခင်ဗျား.. နေမကောင်းဘူးလား "

ပြုံးသည်။
ထိုလူက ဘာမှမပြုံးပဲ ပြုံးသည်။
သို့သော် ထိုအပြုံးက တော်တော်လေး ဖျော့တော့သည်။

ရုတ်တရက်အနီးကပ်လာတဲ့ လူရဲ့ခေါင်းက ဟယ်ချန်းရဲ့ ဘယ်ဘက် ပုခုံးပေါ် ကွက်တိကျသည်။
ရုတ်တရက်မို့ မရုန်းမိတဲ့သူက ကိုယ်ကိုခွာမယ်အလုပ် ကြားလိုက်ရတဲ့ သက်ပြင်းချသံတိုးတိုးကြောင့် မလှုပ်မိတော့။

B.A.C.K • MH ( Complete )Where stories live. Discover now