• 14 •

704 91 3
                                    

( Zawgyi )

အဆုံးသတ်တွေက အမြဲတမ်း လှပမနေပါဘူး။
ဒါပေမဲ့ လူသားတွေကတော့ လှပတဲ့အဆုံးသတ်ကိုသာ အလိုရှိကြတယ်။


သူ့အိမ်ကိုသိသွားတည်းက အမြဲအကြောင်းအမျိုးမျိုးရှာပြီး ဝင်ထွက်နေတတ်တဲ့ လူက အခုလည်း သူ့အိမ်ကို အလုပ်ကိစ္စနဲ့ဆိုကာ ရောက်နေပြန်တယ်။
တစ်အိမ်လုံးကို သူ့အိမ်သူ့ယာလို သွားလာနေတာ အိမ်ပိုင်ရှင်ဖြစ်တဲ့ ဟယ်ချန်း ကတော့ ဘာမှမပြောလိုတော့ဘူး။

အခုလည်း မီးဖိုချောင်ထဲဝင်သွားပြီး ညစာဆိုတာကို သွားလုပ်နေသေးသည်။
အရင်ကဆို Minhyung စားဖို့ကို သူကသာ ချက်ပေးရတာဖြစ်သည်။ ထိုလူသားက ကြက်ဥကိုတောင် မတူးအောင် မကြော်တတ်ပါ။

အခုတော့ နည်းနည်းအဆင်ပြေလာပါပြီ။
ကြည့်ရတာ ကနေဒါမှာ ဟင်းချက်တာ သင်ခဲ့တယ်ထင်ပါ့။

" ချန်းနီး စားလို့ရပြီ "

နည်းနည်းကြာတော့ မီးဖိုချောင်က ခေါ်သံနဲ့အတူ ဟယ်ချန်းလည်း မတုန့်ဆိုင်းပဲ သွားလိုက်သည်။
စားပွဲပေါ်က တွေ့နေရတဲ့ ကင်မ်ချီကျီဂဲနဲ့ ပဲပြားဟင်းရည်ရယ်က စားချင်စဖွယ်။
တခြား ဟင်းအမယ်တွေကိုလည်း လုပ်ထားသေးတဲ့ လူက သူ့စကားအတိုင်း ဟယ်ချန်းကို ဝိတ်တတ်အောင် တကယ်ကြီး ကျွေးချင်နေပုံရသည်။

" စားကြည့် ချန်းနီး အရသာရှိလား "

" မဆိုးပါဘူး "

အခုနောက်ပိုင်း ဟယ်ချန်း တတ်လာတာက ထိုလူနဲ့တွေ့ရင် စကားကို ဘယ်တော့မှအမှန်မပြော​တာပဲ။
သူတို့အခြေအနေက ကောင်းတယ်လည်းမဟုတ် မကောင်းတယ်လည်းမဟုတ် ခပ်ဝေးဝေးနှင်နေပေမယ့် ပြောမရလို့သာ အနားမှာထားထားရသည်။
သူသိတာ အီမင်ဟျောင်းက မတရား ခေါင်းမာလာသည်လေ။

" ကိုယ် ခရီးထွက်စရာရှိတယ် နည်းနည်းကြာမယ်ထင်တယ် "

ထွက်လာတဲ့ မင်ဟျောင်းရဲ့ စကားအဆုံးမှာ ဟယ်ချန်းရဲ့ ဟင်းခတ်နေတဲ့လက်တွေက တုန့်ဆိုင်းသွားရသည်။

" သွားလေ ငါနဲ့ဆိုင်တာကြ.. "

မူမပျက်အောင် ထိန်းထားလိုက်နိုင်တဲ့ ဟယ်ချန်းက သရုပ်ဆောင်လည်းကောင်းသည်။

B.A.C.K • MH ( Complete )Where stories live. Discover now