• 7 •

702 96 1
                                    

( Zawgyi )

စားပွဲပေါ်က ကော်ဖီခွက်ရဲ့ အငွေ့တွေက တထောင်းထောင်းထနေပေမယ့် ပတ်ဝန်းကျင်ရဲ့ အအေးဓာတ်ကြောင့် အလျှင်အမြန်ပဲ အေးစက်သွားရတယ်။

တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပေမယ့် အကြည့်တွေက ထိုအေးစက်စက်ကော်ဖီခွက်ဆီမှာ .. ။
ကော်ဖီ အေးစက်သွားတဲ့အထိ ဘာစကားမှမပြောဖြစ်ကြသေးတဲ့ သူတို့ .. ။

" ကိုယ် .. တောင်းပန်ပါတယ် "

အကြာကြီးနေမှ ထွက်လာတဲ့ သူ့ရှေ့ကလူဆီက ထွက်လာတဲ့ စကားတစ်ခွန်း။

ဘာကိစ္စကြောင့် တောင်းပန်ရတာလဲ။
ထားခဲ့တဲ့အတွက်လား။

ဘာစကားမှပြန်ပြောမလာတဲ့ သူ့ကို ဘယ်လိုထင်သွားမလဲမသိပေမယ့် အခုချိန်မှာသာ သူစကားပြောလိုက်မယ်ဆိုရင် အက်ကွဲနေတဲ့ သူ့ရဲ့အသံကို ကြားရလိမ့်မယ်။

ရက်တွေအများကြီး ငိုထားရလို့ သူ့အသံတွေဟာ နားထောင်ချင်ဖွယ်ရာမရှိ။

သူက မျက်စိရှေ့က တောင်းပန်နေတဲ့လူရဲ့ မျက်နှာလေးကို မကြည့်နိုင်ဘူး။ ထိုလူ့မျက်နှာကိုမြင်တာနဲ့ သူက အရူးလို ဆွဲထားလိုက်မိမယ်ထင်တယ်။

" ချန်းနီး .. ကိုယ် တကယ် စိတ်မကောင်းပါဘူး
အရင်တည်းက ကိုယ့်ကိုယ်ကိုယ် သေချာသုံးသပ်ပြီးမှ ချန်းနီးကို ပြောထဲ့သင့်တာ အခု ကိုယ့်ကြောင့် .. ကိုယ့်ကြောင့် ချန်းနီးက .. "

" ဘာဖြစ်လို့လဲ ~ "

ဆိုင်ထဲ ၀င်ဝင်လာချင်းတစ်ခေါက်ကလွဲလို့ အခုတစ်ခါက မင်ဟျောင်းကို သူပထမဆုံးကြည့်မိခြင်းပဲ။
လည်ချောင်းထဲကထွက်လာတဲ့ အက်ကွဲကွဲအသံကို ကြားတဲ့အခါ ထိုလူက အံ့သြတယ်။

" ကျွန်တော်က ဘာဖြစ်လို့လဲ အဆင်ပြေတယ် ကျွန်တော်လုံးဝအဆင်ပြေတယ် တောင်းပန်စရာမလိုပါဘူး
လုံးဝ လုံးဝ တောင်းပန်စရာမလိုဘူး .. "

Minhyung ရှေ့က ကောင်လေးဟာ သူ့ဘာသာ အဆင်ပြေတယ်ပြောနေပေမယ့် မျက်ဝန်းထဲမှာ အရည်ကြည်လေးတွေလဲ့လာတယ်။
မျက်ရည်တွေကျနေပေမယ့် ပြုံးပြီး သူအဆင်ပြေတယ်ချည်းပြောနေတဲ့ ကောင်လေးကြောင့် သူ့ကိုယ်သူ အပြစ်တင်မိပြန်တယ်။

B.A.C.K • MH ( Complete )Where stories live. Discover now