• 3 •

930 126 2
                                    

( Zawgyi )

" ကိုယ့်ကို တကယ် မချစ်တော့တလား "

" .. မချစ်ချင်တော့တာ "

______________

မနေ့ကကိစ္စပြီးတော့ တစ်ပတ်လောက်ထိ သူ့ရှေ့မှာပေါ်မလာတော့တဲ့ သူ ။
ဘာဖြစ်ဖြစ် ကောင်းတာပဲလို့ တွေးမိပေမယ့် ဘာလို့ သတိရနေမှန်း ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။

" တော်ကြရအောင် ဟုတ်ပြီလား ထပ်ပြီး နာကျင်ချင်မနေစမ်းပါနဲ့ "

* Ring ~ *

ဖုန်းကို ထုတ်ကြည့်တော့ Gp chat ကနေ Vd call ဖြစ်တာမို့ လူရှင်းတဲ့နေရာကို သွားကာ ဖုန်းကိုင်လိုက်သည်။

Renjun - ရား !! LeeHaechan ဖုန်းကိုင်တာ ဘာကိစ္စနောက်ကျနေတာလဲ မင်း !!!

ထုံးစံအတိုင်း တစ်ခုခုဆိုတာနဲ့ HaungRenjun က အရင်ဆုံး ထအော်ပါသည်။ အရင်အခြေအနေတိုင်းဆို ပြန်အော်မိမှာပေမယ့် သူ့မှာ အခုအဲ့လိုလုပ်ချင်စိတ်ရှိမနေဘူး။

" လူရှုပ်နေလို့ပါကွာ "

Jeno - မျက်နှာက ဘာဖြစ်နေတာလဲ ဟယ်ချန်း

Jaemin - ဘာလဲ ဖျားနေတာလား

သူမျက်နှာမကောင်းတာကိုသိသွားတဲ့ သူငယ်ချင်းတွေက ဖုန်းကင်မရာနားကပ်ကာ သူ့ကိုပြူးကြည့်ကြတော့သည်။
ခုန အော်နေတဲ့ Renjun တောင် စိုးရိမ်ပြီး ကင်မရာနားကပ်လာသည်။

" မင်းတို့ မျက်နှာကြီးတွေ ကင်မရာနားကပ်မလာကြနဲ့ကွ !
တကယ်ပဲ ကြောက်ဖို့ကောင်းတယ် "

သူစလိုက်မှ အကုန်လုံးစိတ်သက်သာသွားပုံနဲ့ ပြုံးလာကြသည်။

တကယ့်ကိုပဲ သူငယ်ချင်းဆိုတာ ဒါမျိုးထင်ပါရဲ့။
တခြားအချိန်တွေသာ အော်ချင်အော်မယ်။ ဆဲချင်ဆဲကြမယ်။
တကယ့်အချိန်တွေကြ အနားမှာ အမြဲရှိနေပေးတာ သူငယ်ချင်းတွေပဲ မဟုတ်ပါလား။

သူက အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် သူငယ်ချင်းကံတော့ ကောင်းခဲ့သည်ထင်ပါရဲ့။

" မြန်မြန်ပြော ဘာပြောမလို့ ဖုန်းဆက်လိုက်ကြတာလဲ "

Renjun - ' အဲ့တာက ဟို .. ´

B.A.C.K • MH ( Complete )Where stories live. Discover now