Uni
နေ့လယ် အတန်းတက်ဖို့ အခန်းထဲပြန်နေတုန်းမေမေဆီက ဖုန်းလာတယ်
"ဟယ်လိုမေမေ "
"အေး မင်းအခုကျောင်းကပြန်လာခဲ့တော့ နက်ကိုပါခေါ်လာခဲ့ ငါအိမ်ကနေစောင့်နေမယ် "
"ဟုတ်ကဲ့ သားခေါ်လာခဲ့ပါမယ်"
မေမေဖုန်းချသွားတော့ မိန့်အတန်းမတက်တော့ဘဲ နှင်းဆီနက်တို့ အတန်းကိုပဲလျှောက်သွားလိုက်တယ် ဆရာ မဝင်သေးဘူးထင်တယ်
အခန်းဝရောက်တော့ တွေ့ပီ
ရှေ့ဆုံးတန်းမှာ ခေါင်းလေးငုံ့ပြီးအိပ်နေတာထင်တယ်
ကျွန်တော်လည်း သူနိုးလာမှခေါ်မယ်ဆိုပြီး အခန်းရှေ့မှာရပ်စောင့်နေလိုက်တယ်
......
"ဟေ့ ယမုံ မင်းဘဲကြီး အခန်းရှေ့မှာရပ်နေတယ် ဘာလဲကွ တို့faတွေအားကျအောင်လာROခိုင်းထားတာလား"ယမုံကြည့်လိုက်တော့
ကိုကိုခန့်ချောကြီးခုဏက စကားပြောတာလွန်သွားလို့ ကိုကိုကငါ့ကိုလာတောင်းပန်တာထင်တယ် အတန်းရှေ့မှာရပ်နေတာဆိုတော့
ယမုံပြေးထွက်သွားလိုက်တယ်
ကိုကို့ကိုသိပ်မစောင့်စေချင်ဘူးလေ
အခန်းထဲကကောင်မတွေက ကဲကကဲနဲ့
"ကိုကိုရယ် ဘာလိုလိုက်လာတာလဲ ယမုံကဘယ်လိုမှသဘောမထားပါဘူး"
"ငါက မင်းဆီလာတာမဟုတ်ဘူး မင်းထွက်လာတာနဲ့အတော်ပဲ မင်းဝင်သွားရင် နှင်းဆီနက်ကိုနိုးပြီးငါရောက်နေတယ်လို့ ပြောလိုက်ပါ "
ယမုံ အောင့်သက်သက်နဲ့ အခန်းထဲ ပြန်ဝင်သွားတယ်
"ဟဲ့ထမင်းချက် ထစမ်းထမင်းချက် နင့်အလုပ်ရှင်ခေါ်နေတယ်သွားလိုက်ဦး"
တမင်တကာ အသံကိုကျယ်ကျယ်အော်ပြောလိုက်တာ တစ်ခန်းလုံးကြားအောင်လို့ ဒါမှကိုကိုနဲ့သူရဲ့ပတ်သက်မှုကိုသူများကိုမရှင်းပြရမှာလေ
နက်အိပ်ချင်မူးတူးနဲ့ အခန်းပြင်ထွက်လာတော့ "မင်းတစ်ချိန်လူံး အဲ့လိုအိပ်နေတာပဲလား ဒါနဲ့များRoll 1ဘယ်လိုရလဲမသိဘူး ဟက်"နက်လည်းဘာမှမငြင်းချင်တာနဲ့

YOU ARE READING
မျက်ရည်တွေနဲ့ဆောက်တဲ့အိမ်
Romanceမုန်းလို့မဟုတ်ပေမယ့် အမြင်ကပ်လို့ မဆိုသလောက်လေးဒုက္ခပေးမိတာပါ မိန့်အာဏာ ဘဝက ရုပ်ရှင်လိုနာရီပိုင်းအတွင်းမပြီးသွားလို့ ဆင်းရဲရတာ အရမ်းကြာပြီးပင်ပန်းလွန်းတယ် နှင်းဆီနက်