Yellow Is The Warmest Colour ⁷

1.8K 211 35
                                    

Unicode
------------













" Baby ? "





Jennie ​ပြောမယ့်စကား​တွေဟာ
မ​နေ့က ​တွေ့ခဲ့တဲ့အမျိုးသားရဲ့ Lisa အ​ပေါ်
သုံးနှုန်းလိုက်​သော အ​ခေါ်အ​​ဝေါ်​ကြောင့်
အလိုမကျစွာ နှုတ်က​ရေရွတ်မိတယ်

Lisa က Jennie ကို သတိထားမိပုံပါပဲ

ပုခုံးကို ခပ်ဖွဖွဆုပ်ကိုင်လာတဲ့လက်​ကြောင့်
သူမဖက်ကိုလှည့်ပြီး​ မော့ကြည့်လိုက်တယ်





" ကိုယ့်ရဲ့ သူငယ်ချင်းပါ
သူ့နာမည်က Kwon Bam တဲ့
ကိုယ်က​ ရင်းရင်းနှီးနှီး Bam လို့ပဲခေါ်တယ် "





" ​တွေ့ရတာဝမ်းသာပါတယ်
ဒီက Kim Jennie မှတ်လား ?
Lisa ​​ခဏခဏ​ပြော​ဖူးတော့ လူကိုရင်းနှီး​နေပြီ "





Jennie အလိုက်ထိုက်
နှုတ်ခမ်းလှုပ်ရုံလေး ပြုံးပြလိုက်တယ်

ထိုအမျိုးသားရဲ့ Lisa အ​ပေါ်ကြည့်တဲ့
အကြည့်​တွေဟာ သိပ်​တော့အ​ရောင်မကင်းဘူး





" မနက်ဖြန် Kim Jisoo ​မွေး​​နေ့
အဲ့ဒါ နင်တို့အိမ်မှာပဲလုပ်မှာလား Lisa ? "





" ည 7 နာရီ​လောက် party အတွက်
ပြင်ဆင်ကြမယ်လို့​တော့ ​ပြောထားတယ်
တက္ကသိုလ်အဖွဲ့က သူငယ်ချင်း​အနည်းစုပဲမို့
အိမ်မှာပဲညအိပ်ဖို့လည်း ပြင်​ပေးထားပြီးသား

နင်တို့​ကောင်​တွေ အိမ်မှာလာကူကြဦး​နော် "





Kim Jisoo ဆိုတဲ့ အမည်ကို
Chae ပြောပြဖူးလို့ Jennie သိ​နေတယ်

ညဖက်အထိ အိမ်မပြန်ဘဲကျင်းပကြမယ့် party ပွဲဟာ
Lisa ရဲ့ အိမ်မှာဆိုတာကို စိတ်ထဲ သိပ်ပြီးဘဝင်မကျဘူး





စကား​တွေ​ပြော​နေကြပြီး Bam ဆိုတဲ့သူက
Jennie ကိုနှုတ်ဆက်စကား​ပြောကာထွက်သွားတယ်

ထိုအမျိုးသားနဲ့စကား​ပြောပြီးသွား​တော့မှ
လှည့်ကြည့်လာတဲ့ Lisa ကို လျစ်လျူရှုရင်း
သူမ အ​စောကထည့်​ပေးထားတဲ့အရက်ကို ​မော့လိုက်သည်





" မနက်ဖြန် အိမ်မှာ ​​မွေး​နေ့ party လုပ်မှာ​လေ "





" အင်း ~ ခုဏကကြားပါတယ် "





Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now