Yellow Is The Warmest Colour ²⁰

1.3K 204 57
                                    

Unicode
-------






အခု Jennie ပြိုလဲ​နေပြီထင်ပါရဲ့ ... ။

ဧည့်ခန်းထဲမှာ ဘာစကားသံမှမထွက်ဘဲတိတ်ဆိတ်​လို့နေတယ် ။
အ​စောက​လေးတင်ရိုက်ခွဲခံထားရတဲ့ ငါးကန်​ကရေ​တွေဟာ
ကြမ်းပြင်ထက်မှာရွှဲ​စို​နေသည် ။ ငွေ​ရောင် Arowana
ငါး ၂ ​ကောင်ကလည်း အခုထိဖြတ်ဖြတ်လူး​နေစဲ ။ ဒီမြင်ကွင်းကို Jennie မျက်​တောင်မခတ်ဘဲစိုက်ကြည့်​နေမိတာ ထို ငါး ၂ ​ကောင်
ငြိမ်ကျပြီးသေသွားတဲ့အထိ​ ။

" ​​နောက်ကွယ်မှာဖောက်ပြန်​နေခဲ့တာလား?
ကျွန်မကိုဒုက္ခ​ပေးဖို့အတွက်များလက်ထက်ခဲ့တာလားဟင်?
ရှင် ဘာ​ကြောင့်ဒီ​လောက်အထိယုတ်မာရတာလဲ?
​နောက်ပြီး​တော့ Lisa ကိုလည်း လွှတ်ထား​ပေးလိုက်ပါ​တော့ "

" ကိုယ်တောင်းပန်ပါတယ်
ဒါ​ပေမယ့်အခုကိစ္စက ဒီလိုမှမလုပ်ရင် ကိုယ့်အပြင်
Jennie တို့မိသားစုကိုပါထိခိုက်​စေမှာစိုးလို့ပါ "

" ဘာ​ပြောတယ်? "

​Bam ရဲ့ အ​ရှေ့ကို Jennie အလျှင်အမြန်​​
လျှောက်သွားလိုက်တယ် ။ ဆိုဖာ​ပေါ်မှာထိုင်​နေတဲ့သူ့ကို
အက်ျီ​ကော်လံက​နေဆွဲယူပြီးမေးလိုက်​တော့
အလိုက်သင့်မတ်တပ်ထရပ်တဲ့ Bam က
သိပ်ကိုစိတ်ပျက်စရာ​ကောင်းမှန်းမသိခဲ့ဘူး ။

" ကျွန်မရဲ့မိသားစုအတွက်စိုးရိမ်တယ်ဆိုရင်
အစကတည်းက မ​ဖောက်ပြန်ပါနဲ့လား လူယုတ်မာရဲ့ "

​ဒေါသတကြီးနဲ့​ပြောလိုက်တဲ့စကားအဆုံးမှာ
Jennie လက်ပါလာခဲ့တယ် ။ ပါးကို အားပြင်းပြင်းနဲ့
ရိုက်ချလိုက်​တော့ အသားနာတဲ့ Bam က ​
ဒေါသထွက်သွားပြီး မျက်နှာကြီးတစ်ခုလုံးနီရဲလာသည် ။

" ငါလုံးဝမမှားဘူးကွ !!
မင်းငါ့ကို လင်​ယောကျ်ားတစ်​ယောက်လိုမျိုးဆက်ဆံခဲ့လို့လား?
ဇနီးမယားတစ်​ယောက်ရဲ့ကြင်နာယုယမှု​တွေကို ငါမရခဲ့တာ​​ကြောင့် အပြင်မှာအ​​ပျော်ရှာတာ​လေ ... အဲ့ဒါ ငါမှားလား? "

" ရှင်က မကြာခင် က​လေးအ​ဖေဖြစ်​လာတော့မှာ​လေ
ဒီ့ထက်​ပိုပြီး​တော့ ဆင်ခြင်​တွေ ထပ်မ​ပေး​ပါနဲ့​တော့လား?
ကျွန်မ က​လေး​မွေးပြီးတဲ့အထိမ​စောင့်နိုင်​​တော့ဘူး
မနက်ဖြန် ကျွန်မတို့ကွာရှင်းကြရ​အောင် Bam ! "

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now