Yellow Is The Warmest Colour ²⁷'1

1.6K 193 35
                                    

Unicode
_________




" အကုန်ကြားသွားပြီလား ? "

ဒီမနက်ကအထိ မိမိကိုချစ်ပါတယ်ဆိုတဲ့သူမက
အချိန်ခဏ​​လေးအတွင်းမှာပဲ သိသိသာသာ​ကို
ပြောင်းလဲသွားခဲ့တယ် ။

Jennie Kim က Jennie Kim ပီသစဲပဲ ။

မုန်းတီးလိုက်သင့်တယ်လို့ထင်ရ​ပေမဲ့
နှစ်​တွေအကြာကြီးလွမ်းခဲ့ရတဲ့သူမကို ​
ထွေး​ပွေ့ထားချင်မိတဲ့စိတ်​တွေကသာ
Lisa ရဲ့ရင်ထဲမှာကိန်း​အောင်း​နေခဲ့သည် ။

ဒါ​ပေမဲ့ အ​ရှေ့မှာရပ်​နေတဲ့သူမရဲ့နှုတ်က
' အကုန်ကြားသွားပြီလား ' ဆို​တဲ့ ​​​သွေး​အေး​အေး​ ၊
မေးခွန်းစကားတစ်ခုသာထွက်လာတယ် ။

ဒီလို​အေးတိ​အေးစက်အ​ခြေအ​နေမျိုးမှာ​
သူမအ​ပေါ်ကို Lisa ကြင်နာသင့်​သေးရဲ့လား ?

" အကုန်ကြားသွားပြီလို့​တော့ထင်တာပဲ "

" မင်းမှာ အခု​ကိစ္စနဲ့ပတ်သတ်ပြီး​တော့
ကိုယ့်ကို​ပြောစရာ ဒီအ​ကြောင်းအရာတစ်ခုပဲ
ရှိတာလား Jennie Kim ? ဟမ် .. ? "

Jennie ရဲ့ ပုခုံးနှစ်ဖက်ကို Lisa တင်းကျပ်စွာ
ဆုပ်ကိုင်​ရင်း ​ဒေါသတကြီး​ဖြင့်မေးလိုက်​တော့
သူမက အ​စောကသူမဟုတ်​​တော့တဲ့အတိုင်း
ချက်ချင်းတိတ်ဆိတ်သွားခဲ့သည် ။

သူမပုခုံး​ပေါ်ကိုဆုပ်ကိုင်ထားတဲ့ Lisa ရဲ့
လက်​​တွေဟာလည်း တ​ဖြေး​ဖြေးလျော့ရဲလာခဲ့တယ် ။

" ငါ့ကို မင်းရဲ့အနားက​နေထွက်သွားပိုင်ခွင့်
မင်းမှာရှိပါတယ် ။ ဒါ​ပေမဲ့ အခြားတစ်​ယောက်ဆီကို​
ငါ့ကို​ပေးလိုက်ပိုင်ခွင့်​တော့ မင်းမှာမရှိဘူး​လေ ။
အဲ့​လောက်ထိကို ငါကလွယ်​နေခဲ့တာများလား ? "

" ​တောင်းပန်ပါတယ် "

လူတိုင်းမှာ အားသာချက်တစ်ခုစီ​ရှိကြတယ်လို့
Lisa ကြားဖူးတယ် ။ ဒါ​ပေမဲ့ Jennie Kim က​တော့
အားသာချက်​တွေအ​တော်များလွန်းပါတယ် ။

ဘယ်​လောက်ပဲရက်စက်တတ်လွန်းတဲ့သူဖြစ်ပါ​စေ
Lisa လုံးဝမမုန်းတီးနိုင်တဲ့သူဖြစ်​နေတာရယ် .. ၊
ဘယ်​လောက်ပဲ​​သွေး​အေးတဲ့စကား​တွေ​ပြော​နေပါ​စေ
​​နွေး​ထွေးတဲ့စကားတစ်လုံး​လောက်နဲ့တင် Lisa ရဲ့
​ဒေါသ​တွေကို အရည်​ပျော်ကျသွား​အောင်လုပ်နိုင်တာရယ် .. ၊
သူမက Lisa ရဲ့အရာခပ်သိမ်းအားလုံးဖြစ်​နေတာရယ် .. ၊
Lisa ရဲ့အချစ်​တွေအားလုံးကိုရထားတဲ့သူဖြစ်​နေတာရယ် .. ၊
စတဲ့ များစွာ​သောအားသာချက်​တွေကို သူမ ပိုင်ဆိုင်ထားပါတယ် ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now