Yellow Is The Warmest Colour ¹⁷

1.4K 196 85
                                    

Unicode
_________











အိမ်ကိုပြန်လာ​တော့ Lisa မရှိ​နေဘူး ။
Chaeyoung ဖုန်းဆက်​ပေမယ့် ဖုန်းမကိုင်တဲ့ Lisa က
ထပ်ပြီး​တော့စိတ်ပူရ​အောင်လို့ မမိုက်မဲ​လောက်ဘူးမလား?
တကယ်ပဲစိုးရိမ်မိပါတယ် ။


ကားတစ်စီးပြီးတစ်စီး ဖြတ်သွား​နေတဲ့
မြင်ကွင်းကိုကြည့်​နေတဲ့ Lisa က ကားမှတ်တိုင်မှာ
ထိုင်​နေခဲ့တာ ၁ နာရီ နီးပါး​လောက်ရှိ​နေပြီဖြစ်သည် ။

သူမ အိမ်ကိုပြန်​တော့မယ်ဆိုပြီး Jisoo ကို ​ပြောကာ
ထွက်လာခဲ့​ပေမယ့် တကယ်တမ်းမိမိအ​ခြေအ​နေက
လမ်းဆက်​လျှောက်ဖို့ အင်အားလုံးဝမရှိ​တော့ဘူး ။

မျက်ရည်​တွေနဲ့ ရှိုက်ကြီးတငင်ငင်ငို​နေတဲ့
သူမကို လမ်းသွားလမ်းလာတစ်ချို့က အ​တွေးမျိုးစီနဲ့
ကြည့်သွားကြ​ပေမယ့် Lisa ဂရုမစိုက်နိုင်ခဲ့ဘူး ။


" Jennie က ရက်စက်တယ် "


ခပ်တိုးတိုးရေရွတ်မိတယ် ။
သူမက မိမိအ​ပေါ် အကြိမ်​ပေါင်းများစွာ
ရက်စက်ခဲ့တာကိုသိ​​ပေမယ့် ​ယောင်လို့​တောင်
' Jennie က မုန်းစရာ​ကောင်းတယ် ' ဆိုတဲ့
စကားတစ်ခွန်းကို​တော့ Lisa မ​ပြောထွက်ဖြစ်ခဲ့ဘူး ။

သူမ ရက်စက်သမျှကို Lisa ခံနိုင်ရည်ရှိပါတယ် ။
​သေ​​လောက်​အောင်နာကျင်မှု​တွေ​ပေးလည်းရပါတယ် ။
ဒါ​ပေမယ့် Lisa က Jennie ကို​တော့ လုံးဝမမုန်းနိုင်ဘဲ
သူမကိုချစ်​နေရတာကိုက အလှပဆုံးဝဋ်​ကြွေးတစ်ခုလို့
ခံယူထားတဲ့သူ ။

ဟက် ... ရယ်ရတယ်​နော် ။

အ​တွေးနဲ့အတူ ဟက် ခနဲရယ်မိ​တော့ ​ဘေးမှာထိုင်​နေကြတဲ့
လူတစ်ချို့က ​မိမိနဲ့ ခပ်​ဝေး​ဝေးကို တိုး​ရွှေ့သွားကြတယ် ။
သူတို့ရဲ့အ​တွေးထဲ Lisa က အရူးတစ်​ယောက်လားဆိုပြီးပေါ့ ။

ထို​နေရာမှာ မိနစ်ပိုင်း​​လောက်ဆက်ထိုင်​နေပြီးတာနဲ့
Lisa ထွက်လာခဲ့တယ် ။ အ​မေ မရှိ​ခဲ့ပေမယ့်
အရှက်တရားရှိတတ်ဖို့သင်ယူခဲ့ရတဲ့ မိမိက
အရူးတစ်​ယောက်လိုမျိုး လူ​တွေရဲ့အကြည့်ခံအ​ပြောခံအဖြစ်
ခပ်ကြာကြာဆက်မ​နေချင်​တော့ဘူး ။ မိမိကိုကြိုက်သလို
​ပြောဆိုခွင့်ရှိတဲ့သူက Jennie တစ်​ယောက်တည်းသာ ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now