Yellow Is The Warmest Colour ²¹

1.4K 206 66
                                    

Unicode
------


တုန်ရီ​နေတဲ့လက်​တွေနဲ့ ကား​မောင်း​နေတဲ့ Yoona က
ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ​ရေ​တွေရွှဲစိုလို့​နေတယ် ။

SMC ​ဆေးရုံကိုရောက်​တော့ သူမက ကားကို
ဖြစ်သလိုရပ်လိုက်ပြီး ဆေးရုံထဲကိုပြေးဝင်လာခဲ့သည် ။

အရူးတစ်ပိုင်းလိုဖြစ်​နေတဲ့ သူမရဲ့ပုံစံ​ကြောင့်
သူနာပြုဆရာမ​အချို့ကလည်း အ​ပြေးရောက်လာကြတယ် ။

" စိတ်​အေး​အေးထားပါ ဘာဖြစ်လာတာလဲမသိဘူး "

" နှလုံး အထူးကုပါရဂူ Dr. Im Yoon-ah မဟုတ်လား? "

မလှမ်းမကမ်းက​နေ ထွက်​ပေါ်လာတဲ့​အသံ​ကြောင့်
Yoona လှမ်းကြည့်လိုက်​တော့ မြင်လိုက်ရတဲ့ထိုသူက
မိမိ ဒီ​ဆေးရုံကို အခုလိုမျိုးအ​ပြေးအလွှား​​ရောက်လာခဲ့ရတဲ့
အ​ကြောင်းပြချက် ။

" Jessica ! "

" ဆရာမ​တို့ ... ကိုယ်လုပ်စရာရှိတာသွားလုပ်လို့ရပါတယ်
ဒါက ကျွန်မဆီကိုလာတဲ့ ကျွန်မရဲ့သူငယ်ချင်း Dr. Im ပါ "

Jessica​ ​ပြောလိုက်​တော့ သူနာပြုဆရာမ​တွေက
အနားက​နေထွက်သွားကြတယ် ။ အဲ့နောက်မှာ​တော့
မိမိအနားကို​ရောက်လာတဲ့သူငယ်ချင်းဖြစ်သူကို
Yoona လှည့်ကြည့်ရင်း ... ။

" ငါ နင့်အကူအညီလိုအပ်​နေတယ် Jessica ! "

" နင်ဘာဖြစ်လာတာလဲ Yoona?
ငါ့ကို​ စိတ်​​အေး​အေးထားပြီး​ပြောစမ်းပါ "

" Korea ကို ငါရောက်လာခဲ့ရတဲ့အဓိကအ​ကြောင်းက
ငါ့ညီမ​လေးကိုလိုက်ရှာမလို့ဆိုတာ နင်သိတယ်မလား? "

" နင့်ညီမ​လေးက Korea ကို ​ရောက်​နေတာလား? "

" ငါ သူ့ကိုပြန်ရှာ​တွေ့ပြီ ဒါ​ပေမဲ့ ... "

" ဒါ​ပေမဲ့ ဘာဖြစ်လဲ? "

" သူ ​ဆေးအသုံးလွန်ထားတယ်
ငါ့ညီမဖြစ်​နေ​တော့ ငါကု​ပေးလို့မဖြစ်ဘူး​လေ
​ဆေးရုံ​ခေါ်လာရင်လည်း ဒီနိုင်ငံသားမဟုတ်ဘဲ
ဘယ်​ဆေးရုံကမှ တာဝန်ယူ​ပေးမှာမဟုတ်ဘူး
အဲ့ဒါ​ကြောင့် ငါ့မှာ နင်ပဲရှိ​တော့တယ် Jessica !
ညီမ​လေးကို ငါ့အိမ်မှာ လိုက်ကု​ပေးပါ​နော် "

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now