Yellow Is The Warmest Colour ²⁵' short "S"

1.4K 148 46
                                    

Unicode 🌼
_________



ဒီဇာတ်လမ်း​ဟောင်းတစ်ပုဒ်က Kim မျိုးရိုး
အမွှာ​မောင်နှမနှစ်​ယောက်နဲ့ ​ယောကျ်ားတစ်​ယောက်ကို
အ​ခြေခံထားတယ် ။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမှာ
ဖြစ်ပျက်ခဲ့တဲ့ရှုပ်​ထွေးမှု​တွေကလည်း နက်နဲတယ် ။

Kim Jin Kyung ( အမ ) နဲ့ Kim Byung Hyun
(​ မောင် ) တို့ အမွှာ​မောင်နှမ နှစ်​ယောက်က Im Han Byul
ဆိုတဲ့ ​ယောကျ်ားတစ်​ယောက်ထဲကိုပဲ ချစ်ခဲ့ကြတယ် ။

ဒါ​ပေမဲ့ Im Han Byul နဲ့ ချစ်သူ​တွေဖြစ်သွားကြတာက
အမွှာထဲက ​မောင်ဖြစ်တဲ့သူ Kim Byung Hyun ပဲ ။
နှစ်​ယောက်သားက လိင်တူချစ်သူ​တွေဆို​ပေမဲ့ သဘာဝထက်
ပိုပြီးနက်နက်ရှိုင်းရှိုင်းသစ္စာရှိခဲ့ကြတယ် ။ ချစ်ခဲ့ကြတယ် ။
မိဘ​တွေသ​ဘောမတူကြ​ပေမဲ့ သူတို့ လက်ထက်ခဲ့ကြတယ် ။

သားအဖြစ်က​နေ အ​မွေပြတ်စွန့် ပစ်ခံလိုက်ရပြီးတဲ့​နောက်
Kim Byung Hyun က Im Se Ah ဆိုပြီး
အမျိုးသားဖြစ်သူရဲ့ မျိုးရိုးအမည်နဲ့ နာမည်​ပြောင်းခဲ့​တယ် ။

Im Yoon-ah ဆိုတဲ့ သမီးဦး​လေးကိုလည်း
အငှားကိုယ်ဝန်​ဆောင်​ပေးတဲ့သူ​ကြောင့် သူတို့ ရခဲ့တယ် ။
​ခေတ်မီနည်းပညာ​တွေတိုးတက်လာ​တော့
Im Yoon-ah ​လေးနှစ်သားအရွယ်​လောက်​မှာ
​နောက်ထပ်က​လေးကို Kim Byung Hyun ကိုယ်တိုင်
ကိုယ်ဝန်​ဆောင်ပြီး​​မွေးဖို့ သူတို့ ကြိုးစားခဲ့ကြတယ် ။

​​မြေးဖြစ်သူမျက်နှာနဲ့ Kim Byung Hyun ကို
သူ့ မိဘ​တွေက ပြန်အဆက်အသွယ်လုပ်ခဲ့ပါတယ် ။
သားအဖြစ် ပြန်လက်ခံခဲ့တယ် ။

ပြဿနာ​တွေကလည်း Kim Byung Hyun တို့ မိသားစု
သူ့ မိဘ​တွေဆီကို မိသားစု​တွေ့ ဆုံပွဲအတွက် လာလည်တဲ့
ညမှာ စတယ် ။

အဲ့ညက Kim Jin Kyung က သူ့ ​အမွှာမောင်ရဲ့
ခင်ပွန်းဖြစ်သူကို ​ဆေးခတ်ပြီး​တော့ အပိုင်သိမ်းခဲ့တဲ့ည​ပေါ့ ။

​မောင်ဖြစ်သူက သိ​တော့ ခင်ပွန်းဖြစ်သူကို​ရော ၊
သူ့ အမကို​ရော စိတ်နာနာနဲ့ သမီးဖြစ်သူ Im Yoon-ah ရဲ့
လက်ကိုဆွဲပြီး အ​​ဝေးကိုထွက်သွားခဲ့တယ် ။

Im Han Byul က ချစ်ရတဲ့သူနဲ့ သမီးဖြစ်သူကို
လိုက်ရှာရင်း Kim Jin Kyung ကို လက်မထက်ဖို့
တင်းခံထား​ပေမဲ့ အရာအားလုံးက ​နောက်ကျကုန်ပြီ ။
Kim Jin Kyung မှာ သူနဲ့ ရတဲ့ကိုယ်ဝန်ရှိ​နေတာ​ကြောင့်
မတတ်သာတဲ့အဆုံးမှာပဲ သူ လက်ထက်လိုက်ရတယ် ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now