Yellow Is The Warmest Colour ¹³

1.4K 186 55
                                    

Unicode
-------------










Landon ​ကို Jennie ​ရောက်​တော့
လေဆိပ်မှာ လာကြိုသူက ​​အကိုဝမ်းကွဲဖြစ်တယ် ။
ကားနဲ့ ​ခေါ်ရာကို လိုက်လာခဲ့​ပေမယ့်
သူရပ်လိုက်တဲ့​နေရာက ​ဆေးရုံမဟုတ်ဘဲ
ခြံဝန်းအကျယ်ကြီးနဲ့ နှစ်ထပ်တိုက်​လေးတစ်လုံး ...



" Nini ဆင်း​တော့​လေ "



" ​ဆေးရုံမသွားဘူးလား Mark
Mommy ဆီ Nini သွားချင်တယ် "



" အထဲကို အရင်လိုက်ခဲ့ပါ Nini ရယ် "



ပြုံးပြီး​ပြောလာတဲ့ အကိုဖြစ်သူ​နောက်က​နေ
Jennie အိမ်ထဲကို လိုက်ဝင်လာခဲ့​တော့
ဧည့်ခန်းထဲအ​ရောက်မှာ လုံးဝ အံ့အားသင့်သွားရတယ် ။

ကားတိုက်မှုဖြစ်လို့ စိုးရိမ်ရပါတယ်ဆိုတဲ့
Mommy က ဧည့်ခန်းထဲမှာ Daddy ဖက်က
​ဆွေမျိုး​​တွေနဲ့ ​ဝိုင်​သောက်ပြီး စကား​​တွေပြော​လို့၊
Jennie ကို ​တွေ့​တော့ Mommy က ပြုံးပြပြီး
ဝိုင်ခွက်ကို စားပွဲမှာတင်ကာ အနားကို​​ရောက်လာခဲ့တယ် ။



" ဘာလို့လိမ်ရတာလဲ Mommy
ဘယ်​လောက်စိတ်ပူသွားရသလဲ သိလား "



" ​တောင်းပန်ပါတယ် Baby ရယ်
Mommy ဒီအတိုင်း​ခေါ်ရင်မလာမှာစိုးလို့ "



" ဘာ​တွေ ဒီ​လောက်အ​ရေးကြီး​နေလို့
သမီး မလာမှာကို စိုးရိမ်​နေရတာလဲ "



" Jennie "



အ​နောက်ဖက်က​နေ ထွက်လာတဲ့
​ခေါ်သံ​ကြောင့် လှည့်ကြည့်လိုက်​တော့
၄ နှစ်​လောက်အထိ အတူတူ​ကျောင်းတက်ခဲ့တဲ့
သူငယ်ချင်း​ဟောင်းဖြစ်သူ KittyChicha ...



" Are you kidding me ?
နင် ဒီမှာ ဘယ်လိုလုပ်​ရောက်​နေတာလဲ
ငါတို့​တွေ အဆက်အသွယ်ပြတ်သွားတာ
ဘယ်​လောက်​တောင်ကြာ​နေပြီလဲ Kitty "



သူမကို Jennie ဝမ်းသာအားရ​ပြေးဖက်ရင်း
​ပြောလိုက်​တော့ Kitty က ပြန်ပြီး​ပွေ့ဖက်တယ် ။



" နင့် Mommy က ​ငါ့ အ​ဖေရဲ့
သူငယ်ချင်းဆိုတာ ​မေ့​နေတာလား
ဒါနဲ့ ​နေကြပါဦး သတင်း​​ကောင်းကို
နင် အခုထိ မကြားရ​သေးဘူးလား "



Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now