Yellow Is The Warmest Colour ²⁴

1.4K 222 65
                                    

Unicode 🌼
------------





ဒီကို Lisa ​​ရောက်တာ ၁ လ​ကျော်သွားပြီ ။

အတိတ်ကို​မေ့ပစ်ပြီး​တော့ ​သူမ ပျော်​ရွှင်​နေပြီလားဆိုတာ
မ​ပြောတတ်​​ပေမဲ့ Korea မှာထက် ဒီမှာပိုပြီး​​ပျော်ရွှင်​နေမယ်
ဆိုတာ​ကိုတော့ Yoona ယုံကြည်တယ် ။

အဲ့လို​ပျော်ရွှင်​စေဖို့ Yoona ဘယ်​လောက်ထိ
အရိပ်တကြည့်ကြည့် ဂရုစိုက်​​ပေး​နေရတာလဲ ။

ဒါ​ပေမဲ့ မ​နေ့ တုန်းက Lisa ကို ကြည့်ရတာ ဝမ်းနည်း​နေတဲ့ပုံပဲ ။
ထမင်းစားခန်းထဲမှာ ညီမ​လေးကို ​တွေ့ လိုက်ရလို့ ထင်တယ် ။

Lisa ဒီကို​ရောက်ပြီး​နောက်တစ်​နေ့ ကတည်းက ညီမ​လေးနဲ့
ထိပ်တိုက်မ​တွေ့ ​အောင် ​ရှောင်​နေတာကို Yoona ရိပ်မိပါတယ် ။

သူငယ်ချင်း​တွေနဲ့ တစ်ပတ်​လောက် ခရီးထွက်သွားတဲ့
ညီမ​လေးကြောင့် အဲ့အ​တောအတွင်း Lisa ရွှင်လန်း​နေ​သေးတယ် ။

ဒါ​ပေမဲ့ မ​နေ့ က​တော့ ဘာအ​ကြောင်းမှမ​သိ​သေးတဲ့
ဖခင်ဖြစ်သူ​ကြောင့် သူတို့ ​တွေ မျက်နှာချင်းဆိုင်ခဲ့ကြရသည် ။

" ပန်း​​လေး​တွေက သိပ်လှတယ်​နော် "

လသာ​ဆောင်ရှေ့ ၊ အိမ်​​တော်ရဲ့ ဥယျာဥ်ထဲမှာ Yoona
ပန်းပင်​​တွေရေ​လောင်း​နေတုန်း အ​တွေး​တွေများ​နေခဲ့တယ် ။

ဒါ​ပေမဲ့ အသံတစ်ခုကို​တော့ တန်းမှတ်မိပါရဲ့ ။

အ​နောက်ကနေ ကြားလိုက်ရတဲ့အသံ​ကြောင့်
Yoona လှည့်ကြည့်ပြီး​​တော့ ပြုံးပြလိုက်သည် ။

" နိုးလာပြီလား Lisa _ မနက်စာ​ရောစားပြီးသွားပြီလား ? "

" စားပြီးသွားပါပြီ "

ပြုံးရွှင်​နေတဲ့ Lisa က မ​နေ့ ညကနဲ့ မတူဘူး ။ ​ပြောရင်းဆိုရင်း
အနားကို​ရောက်လာတဲ့သူမက ကြည်လင်​နေတဲ့မျက်ဝန်း​တွေနဲ့
Yoona ကို ကြည့်လာသည်မှာ တကယ့်ကိုအထူးအဆန်းပင် ။

" Lisa _ ​နေ​ကောင်းပါတယ်​နော် ? "

" ​ကောင်းပါတယ် ။ ​​Lisa __ Unnie ကို ပြောစရာရှိလို့ "

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now