Yellow Is The Warmest Colour ²⁵

1.4K 197 60
                                    

Unicode 🌼
------------





​နေ့ လည်စာစားဖို့ လာ​ခေါ်​​တာ​ကြောင့် Yoona ဥယျာဥ်ထဲက​နေ
ထွက်လာခဲ့တယ် ။ ဒါ​ပေမဲ့ တကယ်တမ်းကျ​တော့ ထမင်းဝိုင်းမှာ
မိမိနှင့် ဖခင်ဖြစ်သူနှစ်​ယောက်ထဲသာဖြစ်သည် ။

" Ruby က အပြင်သွားတယ် ။ Lisa ကလည်း အ​စောက ​
ဆေးလာ​တောင်းတုန်းက​ သူ မဆာ​သေးဘူးလို့ ​ပြောသွား​တော့
သမီးနဲ့ Daddy နှစ်​ယောက်ထဲ​ ​နေ့ လည်စာ စားရ​တော့မှာပေါ့ "

" ဟုတ်ကဲ့ "

မိမိစိတ်​တွေက အ​စောတုန်းက ဥယျာဥ်ထဲမှာ Lisa ပြောသွားတဲ့
စကား​တွေဆီမှာသာ ရောက်​နေခဲ့တာမို့ ဖခင်ဖြစ်သူကို ခပ်တိုတို
ဖြင့်သာ တုံ့ ပြန်​ပြောဆိုလိုက်သည် ။

" ဒါနဲ့ ဥယျာဥ်ထဲမှာ _ "

ကိုယ့်အရိပ်အကဲကိုကြည့်​နေပုံရသည့် ဖခင်ဖြစ်သူက စကားကို
အဆုံးထိမ​ပြောဘဲ ရပ်တန့် လိုက်တယ် ။
Yoona လည်း လွင့်​နေတဲ့အာရုံ​​တွေကို ပြန်စုစည်းပြီး​ အ​ရှေ့ က
ဖခင်ဖြစ်သူကို ​​လေးစားသမှုပြုလိုက်ရသည် ​။

" ​တောင်းပန်ပါတယ်​နော် Daddy ! "

" ရပါတယ် ကိစ္စမရှိပါဘူး "

" Daddy အ​စောက ဘာ​ပြောမလို့ လဲဟင် ? "

" ဥယျာဥ်ထဲမှာ Lisa က သမီးကို လက်ထက်ဖို့ ​ပြောတဲ့ကိစ္စ ၊
အဲ့ဒါဘာဖြစ်လို့ ငြင်းလိုက်ရတာလဲ ? "

" သမီးတို့ ပြော​နေတာကို Daddy ကြားသွားတာလား ? "

အံ့သြတကြီး​မေးလိုက်​​တော့ ဖခင်ဖြစ်သူက ခေါင်းညိမ့်ပြတယ် ။
ဒီစကား​​တွေက ဖခင်ဖြစ်သူအတွက် ကြားလို့ ​ကောင်းမယ့်အရာ​တွေ
မဟုတ်နိုင်​လောက်ဘူး ။
​လေးလံလာတဲ့စိတ်နဲ့ အတူ Yoona သက်ပြင်းရှည်ချမိသည် ။

" ဒုတိယထပ် ဝရံတာမှာ ပန်းပင်​တွေ​ရေ​လောင်း​နေတုန်း သမီးတို့ ​
ပြောတဲ့စကားအချို့ကို Daddy မ​တော်တဆကြားလိုက်ရတယ် ။
တစ်ချို့ စကား​တွေကို သိပ်နားမလည်​ပေမဲ့ သမီးကို Daddy
ပြောပြချင်တာက ညီမ​လေးအတွက်ဆိုပြီး မငဲ့ပါနဲ့ ၊ ထပ်ပြီး​​တော့
လည်း အနစ်နာမခံပါနဲ့ ​တော့ ။ သမီးငယ်အပေါ်မှာ Daddy အရမ်းအလိုလိုက်ခဲ့ရင်း သမီးကြီးအပေါ်မှာ​​ကျတော့ ဘာတစ်ခုမှ
တာဝန်မ​ကျေခဲ့ရဘူး ။ Lisa ​ပြောတာကိုလက်ခံလိုက် ။
အစစအရာရာ ကြည့်စီစဥ်​ပေးမှာမို့ သမီးက ​ပျော်​အောင်​နေပါ "

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now