Yellow Is The Warmest Colour ²²

1.4K 209 64
                                    

Unicode
_________


ထိပ်တန်းစာရင်းဝင် နာမည်ကြီး​​ Hotel တစ်ခု ။

အဖြူ​ရောင်လွင်ပြင်​လို ဟောခန်းအကျယ်ကြီးထဲမှာ
ပန်းခရမ်း​ရောင် ပန်း​မျိုးစုံတို့ ဖူးပွင့်​နေကြသလိုပဲ ။

ဒီလိုမျိုးလှပတဲ့အရာ​တွေကြားထဲမှာ
အထီးကျန်​နေတဲ့သူမက အ​​တော်​လေးကို
သနားစရာ​ကောင်းလွန်း​နေလိမ့်မယ် ။

လှပတဲ့​တေးသံ​လေး​တွေက သူမအတွက်​တော့
လွမ်းဆွတ်စရာ ၊ နာကျင်စရာအ​ထောက်အပံ့​တွေလိုမျိုး ။

" ပြုံးထား အမ ။ ဒါနင့်ညီမရဲ့ မဂ်လာပွဲ ။
နင့်ညီမရဲ့ ဇာပနပွဲအခမ်းအနားမဟုတ်ဘူး "

အံကြိတ်သံနဲ့​ ပြောလာတဲ့ ​ဘေးနားကညီမဖြစ်သူ
Chae ရဲ့ စကား​ကြောင့် သူမ အ​တွေးလွန်​နေရာက​နေ
သတိဝင်လာခဲ့တယ် ။

" ဘာဖြစ်လို့ နိမိတ်မ​​​ရှိတဲ့စကား​တွေ​ပြော​နေရတာလဲ ? "

" နိမိတ်မ​ရှိတဲ့စကား​တွေမ​ပြော​စေချင်ရင်
အမရဲ့ မျက်နှာကိုလည်း နဲနဲ​လောက်ပြင်လိုက်​လေ "

" နှစ်​ယောက်သား ဘယ်လိုဖြစ်​နေကြတာလဲ ?
ဟိုမှာဓါတ်ပုံရိုက်​တော့မယ် ။ တိတ်တိတ်​နေကြ​တော့ "

ခပ်တိုးတိုး တွတ်ထိုး​နေကြတဲ့နှစ်​ယောက်ကို
Jisoo မ​နေနိုင်တဲ့အဆုံး ဝင်​ဟောက်လိုက်ရတယ် ။

" ငါပြုံးပါ့မယ် ဟုတ်ပြီလား ? "

ဓါတ်ပုံရိုက်ဖို့​ အချိန်ရေတွက်သံကိုကြားရတဲ့အခါ
Lisa အတတ်နိုင်ဆုံးပြုံးထားလိုက်တယ် ။
အသက်မပါတဲ့အပြုံး​တွေဆို​ပေမဲ့ ညီမတစ်​ယောက်ရဲ့
မဂ်လာပွဲမှာ အမဖြစ်သူအ​နေနဲ့ မျက်နှာပျက်စရာ​တွေ ၊
အားနာစရာ​တွေ ၊ လူ​ပြောစရာ​တွေဖြစ်​အောင် မ​နေချင်ဘူး ။

မိနစ်​နှစ်ဆယ်လောက်ကြာပြီးတဲ့​နောက်မှာ​တော့
အခြားသူငယ်ချင်းမိတ်​ဆွေ​တွေနဲ့ အတူတူ
မှတ်တမ်းတင်ဓါတ်ပုံရိုက်​နေကြတဲ့ Chae နဲ့
Jisoo တို့ အနားက​နေ Lisa ထွက်လာခဲ့တယ် ။

×××

Hotel အ​ပေါ်ဆုံးထပ် ပန်းခြံနေရာကို​ရောက်လာခဲ့ပြီး
ခုံတန်း​ရှည်​​လေး​ပေါ်မှာထိုင်လိုက်ရင်း Lisa ရဲ့ အ​တွေး​တွေက
လွန်ခဲ့တဲ့နှစ်​တွေဆီမှာ ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now