Yellow Is The Warmest Colour ²⁷'2

2.6K 226 43
                                    

Unicode
_________





2 years later ..


ပန်းဥယျာဥ်ထဲမှာ ပန်းပင်​တွေ​ရေ​လောင်း​နေတဲ့
Yoona က ခြံထဲကိုဝင်လာတဲ့ကားတစ်စီး​ကြောင့်
လုပ်လက်စအလုပ်ကိုရပ်ထားပြီး​တော့
စင်ဝင်​​အောက်မှာရပ်လိုက်တဲ့ထိုကားအနားဆီကို
အ​ပြေး​ရောက်သွားခဲ့တယ် ။

ကား​ပေါ်က​နေဆင်းလာတာက အခြားသူမဟုတ်ပါဘဲ
သူမရဲ့ညီမဖြစ်သူ Kim Jennie ပင်ဖြစ်သည် ။

" တစ်မြို့ထဲမှာ​နေပြီး​​တော့ တစ်ပတ်ကိုတစ်​ခေါက်​လောက်​
အိမ်ပြန်လာပါလားညီမ​လေးရယ် ။ အခု​တော့ဖြင့် .. "

" ​တောင်းပန်ပါတယ် ။ J အလုပ်​တွေမအားလို့ပါ ။
ကိုယ်ပိုင်စီးပွား​ရေးလုပ်ငန်းဆို​တော့ ပိတ်ရက်​တွေပါမချန်
လုပ်​စရာတွေကများပြီး​တော့ အမြဲအလုပ်ရှုပ်​နေတာလေ "

" အဲ့ဒါဆိုလည်း အိမ်မှာပဲ​နေပြီးအလုပ်သွားပါ​တော့လား ?
အခု​​တော့ တိုက်ခန်းဝယ်ပြီးတစ်​ယောက်ထဲ​နေရတယ်လို့ "

Jennie က သိသိသာသာကို တိတ်ဆိတ်သွားခဲ့တယ် ။
အိမ်ထဲကိုဝင်လာတဲ့တစ်​လျှောက်လုံး သူတို့​တွေ ဘာစကားမှ
ထပ်မ​ပြောဖြစ်ကြ​ဘူး ။

ဧည့်ခန်းထဲကို​ရောက်လာ​ကြတော့ အထဲမှာထိုင်​နေတဲ့
Mr. Im က Jennie ကိုမြင်မြင်ချင်း ချက်ချင်းမတ်တပ်
ထရပ်ပြီး​ ​အ​ပြေး​ပွေ့ဖက်လာခဲ့သည် ။

" ​နောက်ဆုံးတစ်​ခေါက်အိမ်လာလည်သွားတာ
ဘယ်နှလ​တောင်ရှိသွားပြီလဲ သမီးငယ်​လေးရယ် .. ။
Daddy က အရမ်းလွမ်းပြီး​တော့ သတိရ​နေခဲ့တာ "

ဖက်ထားရာက​နေခွာပြီး​ပြောလာတဲ့ဖခင်ဖြစ်သူကို
Jennie ​ခေါင်းသာညိမ့်ပြလိုက်ပြီး​တော့ အနီးအနားက
ဆိုဖာ​ပေါ်မှာ ဝင်ထိုင်လိုက်တယ် ။

" အလုပ်​တွေများ​နေလို့ပါ ။ ​နောက်ပြီး​တော့
အခုတစ်​ခေါက်လာတာကလည်း အ​တော်ကြာမယ့်
ခွဲခွာမှုတစ်ခုအတွက် လာပြီး​တော့နှုတ်ဆက်တာပါ "

သမီးငယ်ဖြစ်သူရဲ့ ​ခက်ထန်စွာပြောဆိုလာတဲ့
စကား​တွေက Mr. Im အတွက် ​နေသားကျ​​နေပါပြီ ။

လွန်ခဲ့တဲ့ ၂ နှစ်​လောက်ကတည်းက သမီးငယ်နဲ့
သူ့ရဲ့ဆက်ဆံ​​ရေးက ဒီလို​​အေးစက်သွားခဲ့တာမဟုတ်လား ။
ဒီအိမ်က​နေ Lisa ထွက်သွားခဲ့တဲ့​နေ့ကတည်းက​​ပေါ့ ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now