အပိုင်း🌺၃၂🌺

131 6 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၂)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
         အခန်းထဲနေ ထွက်သွားသည့် ထစ်ချုန်းရဲ့ကျောပြင်ကို ဦးဓနမိုး အေးစက်စွာစိုက်ကြည့်နေလေသည်။
မျက်ကွင်းအောက်ကနေ ပျောက်သွားတော့မှ..ဘေးနားက ဖုန်းကို လှမ်းယူလိုက်ပြီး တစ်စုံတစ်ယောက်ဆီကို ဆက်လိုက်၏။
""ဇ ကိုပြောလိုက်ပါ..ငါစီစဉ်ထားတဲ့အတိုင်း လုပ်လိုက်တော့လို့..ဒီတစ်ခါတော့ လုံး၀မှားလို့မဖြစ်ဘူးနော်..လွန်းပုံရိပ်ဆိုတဲ့..ချာတိတ်လေးကို..လူ့လောကကနေအပြီးတိုင်..မောင်းထုတ်ပစ်လိုက်တော့..""
ဟု တစ်လုံးချင်းစီ သွေးအေးစွာနှင့် ပြောလိုက်လေသည်။
       ဟုတ်တယ်..။ လွန်းပုံရိပ် ဆိုတဲ့ချာတိတ်လေးက ငါ့ထက်အရင် လူ့လောက.ကနေထွက်သွားမှဖြစ်မယ်..။အကယ်၍ ငါအရင်သေသွားလို့ရှိရင်..ပြောဆိုဆုံးမရခက်တဲ့ ငါ့မြေးမိုက်လေး ထစ်ချုန်းက..ငါ့ပြောစကားကို နားထောင်မှာမဟုတ်ဘူး..။ ဘာဘဲ ဖြစ်ဖြစ် ငါ့ရဲ့အကြံစည်တွေ အောင်မြင်ဖို့အတွက် လွန်းပုံရိပ် သေကိုသေပေးရမယ်...။
🥀🥀🥀
     ""မောင်...""
အမေအေးဘေးနားမှာထိုင်နေတဲ့..ခါးသက်ကို လွန်း ပြုံးရင်းနဲ့ မောင်ဟုခေါ်လိုက်သည်။
ခါးသက်က လွန်းကို ဘာလဲဟူသော
‌မျက်၀န်းများနှင့်လှမ်းကြည့်လိုက်လေသည်။
""မောင်...ကိုလေ..အပြင်လေးခဏလောက်သွားဦးမယ်နော်...""
လွန်း အရဲစွန့်ပြီး ပြောလိုက်တော့..
ခါးသက် မျက်မှောင်တစ်ချက်ကြုတ်သွားလေသည်။ နောက်တော့ တစ်စုံတစ်ခုပြောဖို့ရန် ခါးသက်ဟန်ပြင်လိုက်၏။..
""ဘယ်ကိုသွားမလို့လဲ..""
ဟု အမေအေးကြားဖြတ်၀င်မေးလိုက်
ဝောာ့  ခါးသက်မျက်နှာကြီး မအီမသာ ဖြစ်သွားလေသည်။
""ဟုတ် အမေအေး..သားသူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့ပါ..""
""ဪ..ဒါများ သားရယ်..ကိုယ်သွားစရာရှိတာသွားပေါ့..""
ဟု အမေအေးကပြောလိုက်တော့..
လွန်းမျက်နှာလေး ၀င်းပသွားသလို.ခါးသက်မျက်နှာသည်မှာလဲ..
မဲပုတ်လို့သွားလေသည်။
      ချက်ချင်း ထိုင်နေရာကနေ ထလိုက်ပြီး..လွန်းရဲ့လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး တစ်နေရာဆီကို ဆွဲခေါ်သွားလိုက်၏။
""ဒါက ဘာသဘောလဲ..ခင်ဗျားက ဘယ်ကိုသွားမလို့လဲ..""
""သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့ပါဆို..""
""ဘယ်က သူငယ်ချင်းလဲ..""
ခါးသက် အော်ငေါက်လိုက်တာ ကျယ်သွားတာကြောင့်..အမေအေးပါ ကြားသွားလေသည်။
""သား..ခါးသက်ကလဲ..သွားပါစေကွယ်..ဘာတွေစိတ်မချဖြစ်နေတာလဲ..""
ဟု လှမ်းအော်ပြီးပြောလာလေသည်။
ခါးသက်က မချိပြုံးလေးပြုံးလိုက်သလို..လွန်းကလဲ အနိုင်ရသူတစ်ယောက်လို အလှပဆုံးပြုံးလိုက်၏။
""ခါးသက်..မင်းငါကိုသွားခွင့်မပြုဘူးဆိုရင် အမေအေးကို..ငါအမှန်တိုင်း အကုန်လုံး ဖွင့်ပြောလိုက်မှာနော်..""
ဟု တီးတိုးစွာဆိုလိုက်သည်။
ခါးသက် အံ့တစ်ချက်ကြိတ်လိုက်ပြီး..
""ဘာလဲ..ခင်ဗျားက ခြိမ်းခြောက်တာလား..""
""အင်း..""
""အဲ့ဒါဆို ကျွန်တော်ပါ လိုက်ခဲ့မယ်..""
"ဟင့်အင်း..မလိုက်ရပါဘူး..""
လွန်းထိတ်လန့်တကြား ငြင်းလိုက်လေသည်။
""အဟက်..ဘာလဲ..ခင်ဗျားက..ကျွန်တော်မသိအောင် ခိုးကြောင်ခိုးဝှက်နဲ့..ဘယ်သူ့ကိုသွားတွေ့မလို့လဲ..""
ခါးသက်..လွန်းရဲ့ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း လှုပ်ရမ်းရင်းနဲ့ မေးလိုက်သည်။
""ခါးသက်..မင်းနော် .""
""ဟဲ့...ဟဲ့..သားခါးသက်..မင်းဘယ်လိုဖြစ်နေတာလဲ..သွားပါစေ..""
လွန်းတို့အနားကို အမေအေးရောက်လာပြီး ပြောလိုက်သည်။
""ဟုတ်တယ်..အမေအေးရယ် .ကူပြောပေးပါဦး...မောင် အရမ်းချုပ်ချယ်လွန်းတယ် အမေအေးရယ်.
အဟင့်..အဟင့်...""
လွန်း မူယာ မာယာများကာ အမေအေးကို မျက်ရည်ခံထိုးပြီး စစ်ကူတောင်းလိုက်လေသည်။
     ခါးသက် မျက်လုံးကြီးပြူး အံ့ကိုကြိတ်လိုက်မိတော့..အမေအေးက..
ခါးသက်ရဲ့ ဗိုက်ခေါက်ကို ဆွဲလိမ်လိုက်သည်။
"အား...အမေအေး...အား.
နာတယ်ဗျ...""
""နင်ဟာလေ..တော်တော် အကျင့်မကောင်းတဲ့ကောင်ဘဲ..နေရာတကာ..လိုက်ပြီး သ၀န်တိုစရာလား..သား လွန်း..သွားစရာရှိတာသွား...ဒီကောင်ကို..အမေအေးထိန်းထားပေးမယ်..""
""ဟုတ်ကဲ့...အမေအေး..ကျေးဇူးတင်ပါတယ်...အရမ်းချစ်တယ်နော်..အမေအေး..အာဘွား...""
လွန်း ခပ်ချွဲချွဲဆိုရင်းနဲ့..အမေအေးပါးတစ်ဖက်ကို နမ်းလိုက်ပြီး ထိုနေရာကနေထွက်လာခဲ့သည်။
ခါးသက်မှာသာ..မအီမလည်ကြီးနဲ့ ကျန်ရစ်ခဲ့လေတော့သည်။
❤️❤️❤️
       ""လွန်းလေး...""
တိုးတိုးဖွဖွ ခေါ်သံလေးနဲ့အတူ လွန်းတစ်ကိုယ်လုံးကို ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်လိုက်သည့်သူကတော့..ထစ်ချုန်းမိုး...။
""အစ်ကို..လွန်းကို ‌..ပြောစရာရှိလို့ဆို..ဘာပြောမလို့လဲ..""
ထစ်ချုန်း ရင်ခွင်ထဲကနေ အသာရုန်းထွက်ရင်းနဲ့ လွန်းဆိုလိုက်သည်။
""အစ်ကို လွန်းကိုလွမ်းလွန်းလို့..တွေ့ချင်လို့ ခေါ်လိုက်တာလေ..မရဘူးလား.."
ထစ်ချုန်းစကားများကြောင့် လွန်းအနည်းငယ်  ကြောင်အန်းသွားလေသည်။ ထစ်ချုန်းက လွန်းရဲ့လက်ကို ဆွဲပြီး ကားပေါ် တက်ခိုင်းလိုက်လေသည်။ လွန်းလဲ အလိုက်သင့်လေး..တက်လိုက်သည်။
      ထစ်ချုန်း ကားလေးကို တစ်နေရာဆီကို မောင်းသွားလေသည်။ တစ်လမ်းလုံးစကားတစ်ခွန်းလေးတောင်မှ မပြောသည့် ထစ်ချုန်းကို လွန်းအသာငေးကြည့်နေမိ၏။
    အရင်ကထက် များစွာ ပိန်ကျသွားသည့် ထစ်ချုန်းကို ကြည့်ရင်း လွန်းရင်ထဲမချိ...။ အရမ်းလွမ်းတယ် အစ်ကိုရယ်..။ အစ်ကိုရဲ့အပြုံးလေးတွေကိုလဲ လွမ်းတယ်..။ အစ်ကိုရဲ့ရယ်သံလေးတွေ...။ စကားသံလေးတွေ..အကုန် အကုန် လွမ်းတယ် အစ်ကိုရယ်..။ နောက်ထပ်တစ်ကြိမ် နမ်းရှိုက်ခွင့်မရှိတော့တဲ့..အစ်ကိုနှုတ်ခမ်းလေးတွေကိုလဲ လွမ်းတယ်..။
❤️❤️❤️
     လူရှင်းတဲ့‌တစ်နေရာကိုရောက်တော့..ထစ်ချုန်း ကားလေးကို လမ်းဘေးထိုးရပ်လိုက်၏။
""လွန်းလေး..အစ်ကိုအရမ်းပင်ပန်းနေပြီ..‌နောက်ပြီး. .လွန်းလေးကိုလဲ အရမ်းလွမ်းတယ်..အား...အစ်ကို ဘာဆက်လုပ်ရမှန်းမသိတော့ဘူး.""
စိတ်ရှုပ်ထွေးစွာဆိုရင်းနဲ့..စီယာတိုင်ကို ဒေါသတကြီး ထုနှက်နေသည့် ထစ်ချုန်းကိုကြည့်ရင်း လွန်းရင်မကောင်း..။
"တော်ပါတော့..အစ်ကိုရယ်..တော်ပါတော့..""
လွန်း ထစ်ချုန်းရဲ့လက်တွေကိုဖမ်းချုပ်ကိုင်လိုက်ပြီး တားလိုက်သည်။
""ဟား...လွန်း..အစ်ကို့ကို စိတ်ပျက်နေပြီမလား..အစ်ကိုက အသုံးမကျတဲ့သူပါ..ကိုယ်ချစ်တဲ့သူတစ်ယောက်ကိုတောင်..ကာကွယ်မပေးနိုင်တဲ့..အသုံးမကျတဲ့သူကြီးပါ..."*
ထစ်ချုန်းပြောရင်းနှင့်..လွန်းရဲ့ရင်ခွင်ထဲ ခေါင်းလေးတိုး၀င်ပြီး..လွန်းရဲ့ခါးလေးကို တင်းကျပ်နေအောင်ဖက်ထားလိုက်၏။
"*လွမ်းတယ် လွန်းရယ်..အစ်ကို လွန်းကို..စက္ကန့်တိုင်း သတိရနေတယ်...
လွန်းရယ်..အစ်ကိုဘာဆက်လုပ်သင့်လဲ..မိသားစုနဲ့အချစ်ရေးကြားမှာ..အစ်ကိုဘာကိုရွေးချယ်ရမှန်းမသိတော့ဘူး..တာ၀န်တွေ..၀တ္တရားတွေ အကုန်လုံးကို..ဘေးဖယ်ထားရစ်ခဲ့ပြီး.အစ်ကိုသိပ်ချစ်ရတဲ့ မင်းလေးရဲ့လက်ကိုဆွဲပြီး..တစ်နေရာဆီကို ထွက်ပြေးသွားလိုက်ချင်တော့တယ်..အရာအားလုံးကို ဘာမှမစဉ်းစားဘဲနဲ့လေ..အဲ့ခါကျရင်..လွန်း.ကရော..အစ်ကိုခေါ်ရာနောက်ကို..လိုက်ရဲလား..""
ထစ်ချုန်းအမေးစကားများကို..လွန်းတည်ငြိမ်စွာနဲ့တစ်ခွန်းတည်း ‌ပြန်ဖြေလိုက်၏။
""တောင်းပန်ပါတယ်..အစ်ကို..လွန်းဆီမှာ..အဲ့လို သတ္တိမျိုး မရှိသေးဘူး..
လွန်းဆီမှာလေ..လေ.ကိုမာ၀င်နေတဲ့..ဒေါ်လေးငယ်ကို ပစ်ထားခဲ့ပြီး..အစ်ကိုနောက်ကို လိုက်ရဲတဲ့သတ္တိမျိုး မရှိသေးပါဘူး...""
လွန်း စကားများကြောင့် ထစ်ချုန်းရင်ထဲ နာကျင်သွားကာ..
""ဟုတ်သားဘဲ..အစ်ကိုမေ့သွားတယ်..sorryပါ..အစ်ကိုအရမ်းကို အတ္တကြီးသွားတယ်..တောင်းပန်ပါတယ် လွန်းလေး..""
""ရပါတယ် အစ်ကိုရယ်..လွန်းလဲ..တောင်းပန်ပါတယ်.."
"*မဟုတ်တာဘဲ လွန်းရယ်..လွန်းတောင်းပန်စရာမလိုပါဘူး..အစ်ကိုကသာ..ဘာမှမစဉ်းစားဘဲ အတ္တကိုရှေ့တန်းတင်ပြီး မေးလိုက်မိတာပါ..အစ်ကိုလွန်းလေးကိုအရမ်းချစ်လွန်းလို့..အတ္တကြီးသွားတာပါ...""
ထစ်ချုန်းပြောလာသည့် စကားများကြောင့် လွန်းရင် ထဲလှုပ်ခတ်သွားရ၏။
    ၀မ်းနည်းမှုကြောင့် ဝဲတက်လာသည့် မျက်ရည်တစ်စက လွန်း ရဲ့အမိန့်ကို ဆန့်ကျင်ပြီး ပါးပြင်ပေါ် ပေါက်ခနဲ့ ခုန်ဆင်းထွက်ကျလာသည်။ လွန်းပျာပျာသလဲ မျက်ရည်တွေကိုသုတ်လိုက်သည်။
  ""လွန်း..ဒီအတိုင်းလေး..ခဏလောက်နေမယ်နော်..အစ်ကို လွန်းပေါင်ပေါ် ခေါင်းအုံးပြီး ခဏလောက်မှေးခွင့်ပြုပါနော်..""
လွန်းရဲ့ပေါင်ပေါ်..ခေါင်းအုံးရင်းနဲ့ ဆိုလာသည့် ထစ်ချုန်းစကားများကြောင့်လွန်း မချိပြုံးလေးပြုံးရင်း ခေါင်းညိတ်ပြလိုက်၏။
     ထစ်ချုန်းက လွန်းရဲ့ပါးလေးကို အသာလက်နဲ့ထိရင်း ပြုံးတုံ့နေလေသည်။ နောက်တော့..လွန်းရဲ့ပေါင်မှာ ခေါင်းအုံးထားရင်း..ထစ်ချုန်းရဲ့မျက်၀န်းတွေက မှေးစင်းလို့သွား၏။
    လွန်းအသာ ထစ်ချုန်းရဲ့ ဆံပင်တွေထဲ လက်ချောင်းလေးတွေနဲ့ဆွပေးလိုက်တော့ သူ ခပ်ဖွဖွပြုံးနေလေရဲ့..။ချစ်ရတဲ့သူရဲ့ပေါင်ပေါ်မှာ..ခဏတာ ခေါင်းအုံးရင်း မှေးစက်ခွင့်ရတဲ့အခိုက်တန့်လေးက ထစ်ချုန်းအတွက်တော့..အဖိုးမဖြတ်နိုင်တဲ့ အချိန်အတိုင်းတာလေးတစ်ခုပင်..။
သူ့ရဲ့ဘေးမှာ လွန်းရှိနေရင်..
လုံခြုံမှု..နွေးထွေးမှု..ကြည်နူးမှုတွေပြည့်နှက်နေသလို ခံစားရ၏။
ကံကြမ္မာရယ် မရက်စက်ပါနဲ့..
ကျွန်တော်ရဲ့ဘေးနားကနေ ကျွန်တော်ရဲ့ပျော်ရွှင်မှုလေးတစ်စုံတစ်ရာကို..ဆွဲထုတ်မသွားပါနဲ့ဗျာ..။
လွန်းက ကျွန်တော်ရဲ့ အသက်ဝိညာဉ်..။လွန်းက ကျွန်တော်ရဲ့ပျော်ရွှင်မှု..။လွန်းက ကျွန်တော်ဘ၀ရဲ့ဖြစ်တည်ရာ...။လွန်းက ကျွန်တော်ဘ၀ရဲ့ အရာအားလုံး....။သိပ်ချစ်တယ် လွန်းရယ်.....။
❤️❤️❤️
အပိုင်း(၃၃) သိပ်မကြာ‌စေရပါဘူးနော်..။ ဒီကြားထဲ နေမကောင်းဖြစ်သွားလို့..အချိန်အတော်ကြာ ပစ်ထားမိသလိုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်နော်..။
                         ⭐ညှို့စက်ကွင်း⭐

ဝိုးတဝါးအိမ်မက်Where stories live. Discover now