အပိုင်း🍀၂၀🍀

160 11 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၂၀)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

     ထစ်ချုန်းပြောလာသည့် စကားများကို..သရဖီ စိတ်အေး​အေး
ထားပြီး နားထောင်​နေရလေသည်။.မိမိရဲ့ ခင်ပွန်းလောင်းဖြစ်လာမဲ့သူတစ်ဦးက..တခြားယောက်ျားလေးတစ်ဦးကို.ချစ်​ကြိုက်နေကြောင်းပြောပြတာကို..သရဖီအနေနဲ့.နားထောင်ရတာ.ခက်လွန်းလှသည်။.
မိမိ၏လေးစား​အားကျခဲ့တဲ့Bossရဲ့နှလုံးသားတစ်ခုလုံးကို...သိမ်းပိုက်သွားတဲ့..ထိုကောင်လေးအပေါ်မှာ.သရဖီအနည်းငယ်.အူတိုနေလျှက်..။
   ""Boss အနေနဲ့..Bossရဲ့ညီကို.အကြွင်းမဲ့ယုံကြည်တယ်ပေါ့..
တစ်နှစ်ဆိုတဲ့အချိန်အတွင်း..ဘာမဆိုဖြစ်လာနိုင်တယ်လေ..တော်ကြာ..Bossရဲ့ကောင်လေးကို..bossရဲ့ညီက..အတင်း.အဓမ္မ သိမ်းပိုက်သွားခဲ့ရင်..ဘယ်လိုလုပ်မလဲ..""
သရဖီ ကောက်မေးလိုက်တော့..ထစ်ချုန်းတွေဝေသွားလေသည်။
""နောက်ပြီး..bossပြောခဲ့တယ်နော်..
Boss.ညီရဲ့.ချစ်သူက..လွန်းပုံရိပ်ကြောင့်.သေခဲ့ရတာဆို..သူက.လွန်းပုံရိပ်ကို..ဂလဲ့စားခြေချင်နေတာဆို..
တစ်နှစ်လုံးလုံး..လွန်းပုံရိပ်ကို..အခန်းထဲမှာပိတ်လှောင်ထားပြီး..နှိပ်စက်နေမယ်ဆိုရင်ရော.bossဘယ်လိုလုပ်မလဲ..bossအနေနဲ့.လွန်းပုံရိပ်ကို.ချစ်တယ်ဆိုရင်..သူ့ကို.bossရဲအဘိုးလက်ကနေရော..နောက်ပြီး.bossရဲ့ညီလက်ကနေရော..လွတ်အောင်..ကာကွယ်စောင့်ရှောက်ပေးရမှာလေ..အခုတော့..bossက..လွန်းပုံရိပ်ကို..bossရဲ့ညီ.ခါးသက်မိုး.လက်ထဲထားခဲ့တာတော့.မဟုတ်သေးဘူးနော်..""
     သရဖီက တွေးတွေးဆဆလေးနဲ့ ဆိုလာသည်။.သရဖီပြောလာမှဘဲ..ထစ်ချုန်း.သေချာတွေးမိတော့သည်။.သူ့အနေနဲ့.ဘာဖြစ်လို့များ.လွန်းကို.ခါးသက်မိုးလက်ထဲ..လွယ်လွယ်ကူကူထားရစ်ခဲ့ရတာပါလိမ့်.။ဘာကြောင့်လဲ..။အမှန်တကယ်တော့.သူ့ခေါင်းထဲမှာတစ်နှစ်အတွင်း..အဘိုးကို.အနိုင်ရချင်တဲ့စိတ်တွေကဘဲ.ကြီးစိုးနေသည်။အဘိုးထက်ပိုပြီး..အာဏာပါဝါအင်အားကြီးသူတစ်ယောက်ဖြစ်ဖို့အရေးကိုဘဲ..သူတွေးနေချင်းသာ..။လွန်းကို..အပြည့်ဝကာကွယ်ပေးဖို့အတွက်..သူ​က..သူများတွေထက်..အင်အားကြီးနေဖို့လိုသည်။အာဏာပါဝါ..လုပ်ပိုင်ခွင့်တွေ..အများကြီးရှိနေမှဖြစ်မည်. ။
       ကုန်ကုန်ပြောရရင် လွန်းနဲ့သူကြားမှာ..နှောင့်ယှက်တားဆီးမဲ့သူတွေမှန်သမျှကို သူရှင်းထုတ်ပစ်ချင်သည်။

ဝိုးတဝါးအိမျမကျWhere stories live. Discover now