အပိုင်း🍀၁၁🍀

138 7 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၁၁)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀

           ""ဘာဖြစ်လို့လဲဆိုတော့..အစ်ကိုရဲ့..ညီဆိုတဲ့..ခါးသက်မိုးက..ဒီလောကကြီးထဲမှာ.မရှိတော့တာကြာပြီလေ..တိတိကျကျ ပြောရမယ်ဆိုရင်..ခါးသက်မိုး..ဆုံးသွားတာ..၄နှစ်တောင်ကြာခဲ့ပြီ..""
""ဗျာ..""
လွန်း...ကြားလိုက်ရတဲ့စကားကြောင့်..ကိုယ်နားကိုတောင် ကိုယ်မယုံချင်ဖြစ်သွားရ၏။
""ဟုတ်လို့လား...ခါး..ခါးသက်မိုးက..ဆုံးသွားပြီဟုတ်လား.."
""ဟုတ်တယ်..ခါးသက်မိုး ဆုံးသွားတာကြာပြီ....""
""ဒါ...ဒါဆို..လွန်းနဲ့တွေ့​ခဲ့တဲ့သူက..ခါးသက်မိုးမဟုတ်ရင်..ဘယ်သူလဲ..""
လွန်း..စိတ်လှုပ်ရှားစွာနဲ့ဆိုလိုက်၏။
ထစ်ချုန်း မျက်မှောင်တစ်ချက်ကြုပ်လိုက်ပြီး..
""လူလိမ်ဘဲနေမှာပေါ့...သူက ဘာဖြစ်လို့ ခါးသက်မိုးဟန်ဆောင်ပြီး...လွန်းရဲ့အနားကိုရောက်လာရတာလဲ...""
""အစ်ကိုဆီမှာ..ခါးသက်မိုးရဲ့ ဓာတ်ပုံရှိရင်..လွန်းကို ပြပါလားဟင်..,""
""ကျစ်...လွန်းရယ်..အဲ့အကောင်ရဲ့.ဓာတ်ပုံက..ဘယ်လိုဖြစ်ပြီး..အစ်ကိုဆီမှာ ရှိမှာလား...""
""အစ်ကိုက..တကယ်ဘဲ..ခါးသက်မိုးကို..အရမ်းမုန်းနေတာလား..""
""အဟက်..မုန်းတာထက်​ကို.ပိုတယ်..လွန်း..တော်ပြီး...ဒီအကောင်ကြောင်းကို.ထပ်ပြီး..ပြောမနေတော့နဲ့..""
ထစ်ချုန်း အလိုမကျစွာပြောလိုက်တာကြောင့်..လွန်း.အသာငြိမ်နေလိုက်၏။
ခါးသက်မိုးက..ဆုံးသွားပြီတဲ့..။
ဒါဆို..လွန်းနဲ့တွေ့နေတဲ့သူက ဘယ်သူများပါလိမ့်..။သူက လွန်းဆီကနေ..ဘာကိုလိုချင်လို့..ခါးသက်မိုး.အယောင်ဆောင်ပြီး..လွန်းရဲ့အနားကိုရောက်လာတာပါလိမ့်...။
🤔🤔🤔
                   ""ဆေးရုံပေါ်က​ ကုတင်ထက်မှာ..အသက်ရှုပိုက်တန်းလန်း.နဲ့.အသက်ကို.ခက်ရာခက်ဆစ်ရှုနေရတဲ့..မေမေရဲ့အဖြစ်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ ငေးစိုက်ကြည့်
နေရရုံကလွဲပြီး..အစ်ကို..ဘာမှမတတ်နိုင်ခဲ့ဘူး..လွန်း...""
ကြေကွဲစွာ..ဆိုလာသည့်.အစ်ကိုမျက်နှာလေးကို..လွန်း.ဂရုဏာသက်စွာငေးကြည့်လိုက်သည်။
အစ်ကိုရဲ့အမေရဲ့အုတ်ဂူရှေ့မှာ..ပန်းစည်းလေးချရင်း..အစ်ကို.ပုခုံးကို..နှစ်သိမ့်ပေးတဲ့အနေနဲ့..ဖျစ်ညှစ်ပြီး.လွန်း.​ဆုပ်ကိုင်လိုက်သည်။
""အစ်ကိုရဲ့စိတ်ထဲမှာ..
.ဖေဖေ.ရောက်လာပါစေ..အကြိမ်ကြိမ်အခါခါဆုတောင်းနေခဲ့မိတယ်...အစ်ကိုရှေ့မှာ..ရောဂါကိုအသည်းသန်.ခံစားနေရတဲ့.မေမေ..ငြိမ်သက်သွားခဲ့.တယ်..နောက်ထပ်..နောက်ထပ်..ဘယ်တော့မှ.မနိုးထတော့မဲ့..အိပ်စက်ခြင်းမျိုးနဲ့.မေမေ
.ထာဝရ..အိပ်ပျော်သွားခဲ့တဲ့အချိန်ထိ..ဖေဖေရောက်မလာခဲ့ဘူး...
အဟက်..ဘယ်ရောက်လာနိုင်ပါ့မလဲ..အဲ့နေ့က..လောကကြီးထဲကို..ဝင်ရောက်လာမဲ့.လူတစ်ဦးကို..ဖေဖေက စောင့်မျှော်နေခဲ့တာလေ..အစ်ကို..သူတို့ကို.မုန်းတယ်.လွန်း..အစ်ကိုတို့ဘဝထဲကနေ..ဖေဖေကို..လုသူသွားတဲ့..သူတို့သားမိနှစ်ယောက်ကို.ကိုကိုမုန်းတယ်..""
ကလေးဆန်စွာ..ပြောနေသည့်..အစ်ကိုပုံစံကြောင့်..လွန်း.ရင်ထဲ.နာကျင်နေမိ၏။.လွန်းခံစားလို့
ရပါတယ်..။အစ်ကိုရင်ထဲခံစားချက်တွေ..။နောက်ပြီး..အစ်ကိုရင်ထဲက.အမုန်းတရားတွေ..။
       လွန်း..ကိုယ်လေးကို..တင်းကြပ်နေအောင်.ဖက်ပြီး..အစ်ကိုငိုကြွေးနေခဲ့သည်။အစ်ကို.အခုလိုမျိုး.ငိုကြွေးနေတဲ့.ပုံစံမျိုး​ကို..လွန်း.တစ်ခါမှ မမြင်ခဲ့ဖူးဘူး..။လွန်း..ရင်တွေနာနေပါပြီ..အစ်ကိုရယ်..မငိုပါနဲ့တော့..။
🌸🌸🌸
          အစ်ကိုရဲ့မျက်နှာလေးကို..လွန်း.မသိမသာအကဲခတ်လိုက်ပြီးနောက်...
""ဟို..အစ်ကို..လွန်းတစ်ခုမေးမယ်နော်..""
""အင်း..မေးလေ..လွန်းရဲ့..""
""သူ..ခါးသက်မိုးလေ..ဘယ်လိုဖြစ်ပြီး.ဆုံးသွားတာလဲဟင်..""
""ကျစ်..လွန်းက.ဘာဖြစ်လို့..သိချင်နေရတာလဲ. ""
ထစ်ချုန်း အလိုမကျဟန်.ပြောလိုက်တော့..မျက်နှာလေးငယ်သွားသည့်.လွန်းကိုကြည့်ရင်းစိတ်ထဲမကောင်း...
""ဟင်း...ဟုတ်ပြီလေ..လွန်းသိချင်နေရင်..အစ်ကိုပြောပြမယ်..ခါးသက်က..သူ့ရဲ့သူငယ်ချင်း..ဒီလင်းသာ..နဲ့.ချစ်သူတွေဖြစ်ခဲ့တယ်ဆိုတာ.လွန်းသိပြီးပြီနော်. ""
""ဟုတ်...""
""သူတို့နှစ်ယောက်အကြောင်းကို..အစ်ကို..ဘိုးဘိုးဆီမှာ တိုင်ပြောခဲ့မိတယ်..ဘိုးဘိုးသိသွားတော့..သူတို့နှစ်ယောက်ကို..မဖြစ် ဖြစ်တဲ့နည်းနဲ့ ခွဲခဲ့ကြတယ်..ဒါပေမဲ့..သူတို့နှစ်ယောက်က..လက်မခံကြဘဲ..အဝေးတစ်နေရာကို.ထွက်ပြေးဖို့အတွက်..စီစဉ်ခဲ့တယ်လေ...။သူတို့အစီစဉ်အတိုင်းထွက်ပြေးခဲ့ကြရင်းနဲ့
လမ်းမှာ  သူ့တို့နှစ်ယောက်မောင်းလာတဲ့..ကားကို..တဘက်က.အရှိန်နဲ့ မောင်းလာတဲ့ကားက.ဖြတ်တိုက်လိုက်တယ်..။အဲ့ကားအက်စီးဒန့်မှာ..ခါးသက်မိုးရဲ့ချစ်သူ..ဒီလင်းသာ..သေဆုံးခဲ့ရတယ်..။ခါးသက်မိုးကတော့..အသက်ရှင်ကျန်ရစ်ခဲ့တယ်ပေါ့..။ချစ်သူကို.ဆုံးရှုံးလိုက်ရတဲ့..
ခါးသက်မိုး..အရူးတစ်ပိုင်းဖြစ်ခဲ့ရတယ်လေ.။တစ်နေ့..ခါးသက်မိုး..အိမ်ကနေထွက်သွားခဲ့တယ်.။နောက်တစ်ရက်ကျတော့..အစ်ကိုတို့ဆီကို..သက်ဆိုင်ရာက.အကြောင်းကြားလာတယ်..။ခါးသက်မိုး..မောင်းသွားတဲ့.ကားက.ချောက်ထဲကျပြီး..ကားမီးလောင်မှုဖြစ်ပွားခဲ့တယ်တဲ့လေ..။အစ်ကိုတို့လဲ.သတင်းကြားကြားချင်း..သွားပြီး..ခါးသက်မိုး.ဟုတ်မဟုတ်..စစ်ဆေးခဲ့ရတယ်..။ကားက.မီးလောင်ခဲ့တာဆိုတော့..အလောင်းက..ရုပ်ပျက်ဆင်းပျက်ကို.ဖြစ်နေခဲ့ပြီ. ။ဒါပေမယ့်..သူစီးသွားတဲ့ကားရယ်..နောက်ပြီး.ခါးသက်မိုး.လက်မှာအမြဲတမ်း..ဝတ်ဆင်ထားတဲ့..လက်စွပ်ရယ်ကို.ကြည့်ပြီး..အဲ့ဒီရုပ်အလောင်းက.ခါးသက်မိုးဆိုတာကို..အတည်ပြုခဲ့လို့.ရခဲ့တာလေ..""
ဟု  ထစ်ချုန်းက ရှည်လျားစွာနဲ့ ပြောပြလေသည်။
""ဒါဆိုရင်..ခါးသက်မိုး..သေဆုံးသွားတုန်းက..သူရဲ့ရုပ်က ဘယ်သူဘယ်ဝါရယ်လို့..မှန်းလို့မရအောင်.ပျက်စီးနေခဲ့တာပေါ့..""
""ရုပ်ပျက်ဆင်းပျက်..ဖြစ်နေခဲ့တယ်ဆိုပေမယ့်..အဲ့လူက..ခါးသက်မိုးမှ ခါးသက်မိုး အစစ်ပါ လွန်းရယ်..ကျန်တာ ဘာမှ ခေါင်းထဲ ထည့်မထားနဲ့တော့..
နောက်ပြီး..လွန်းနဲ့တွေ့ခဲ့တဲ့သူကိုလဲ.အစ်ကို.မိအောင်ဖမ်းမယ်..""
ထစ်ချုန်း လွန်း ခေါင်းလေးကို ခပ်ဖွဖွ လေးပုတ်ရင်းနဲ့.ပြောသည်။လွန်း..အသာပြုံးနေရင်းနှင့်..
      ""ချစ်တယ်..လွန်း...""
""ဗျာ...""
ရုတ်တရက်..ထစ်ချုန်း နုတ်ကနေ.ပွင့်ထွက်လာသည့်..စကားသံသဲ့သဲ့လေးတစ်ခွန်း...။လွန်း..ရင်တွေခုန်ပြီး..
လက်ဖျား ခြေဖျားတွေ..အေးစက်လို့သွား၏။.
.နောက်တော့  လွန်းစိတ်ထဲ တိုးဝင်လာသည့်..အတွေးတချို့ကြောင့်..လွန်း..မျက်ဝန်းထဲ.အရည်ကြည်လေးတွေ လဲ့လာကာ..ထစ်ချုန်းကို..ကျောခိုင်းလိုက်၏။
""လွန်းရဲ့.စိတ်ကို.တမင်.စမ်းသပ်နေတာလား အစ်ကို...""
"ဟင်..မဟုတ်ပါဘူး..လွန်းရဲ့..အစ်ကို..လွန်းကိုတကယ်ချစ်တာပါ...""
ထစ်ချုန်း စကားကြောင့်.လွန်း..မချိပြုံးလေးပြုံးလိုက်ရင်း..
""အစ်ကိုက..ခါးသက်မိုးကို.ယောက်ျားချင်းချစ်ကြိုက်ခဲ့လို့..အထင်သေးခဲ့တယ်..ရှုံ့ချခဲ့ဖူးတယ်လေ...အဲ့လို..ယောက်ျားလေးချင်းချစ်တာကို..အထင်သေးခဲ့တဲ့အစ်ကို.နုတ်ကနေ..လွန်းကို.ချစ်တယ်လို့..ပြောတဲ့စကားကို.လွန်းက.ယုံကြည်ပေးရမှာတဲ့လား...""
လွန်း..ဝမ်းနည်းစိတ်တွေကို ထိန်း​ရင်းပြောလိုက်တော့..လွန်းကိုယ်လေးကို.အနောက်ကနေ..ထစ်ချုန်း..သိုင်းဖက်လိုက်သည်။
     ""အစ်ကို ဝန်ခံပါတယ်..လွန်းရယ်..
အစ်ကို..ခါးသက်မိုးကို မုန်းနေတဲ့စိတ်ကြောင့်..သူတို့ကို.ရှုံ့ချခဲ့တာပါ..။အစ်ကို.လွန်းနဲ့တွေ့ဆုံခဲ့တဲ့နောက်ပိုင်း..
အစ်ကို.ရင်ထဲမှာ အချစ်စိတ်တွေ ပေါက်ဖွားလာခဲ့တာပါ.လွန်းရယ်..."
""ဒါပေမယ့်..လွန်းက ယောက်ျားလေးလေ..အစ်ကို..""
""လွန်းက.ယောက်ျားလေးဘဲဖြစ်ဖြစ်..ဂြိုလ်သားလေးဘဲဖြစ်ဖြစ်..အစ်ကို.အတွက်ကတော့
အရေးမကြီးပါဘူး...လွန်းက.လွန်းဖြစ်နေလို့ကို..အစ်ကိုကချစ်တာ...မင်းရဲ့ဖြစ်တည်မှုလေးကို..အစ်ကိုက.မြတ်နိုးတာ..။မင်းရဲ့ရယ်သံလေးတွေကို..အစ်ကိုက.တန်ဖိုးထားတာ..
ချစ်တယ်..လွန်း..""
တိုးတိုးမွမွ..ဆိုရင်း..လွန်းရဲ့
.လည်တိုင်ကျော့ကျော့လေးကို.ဖွဖွလေး.နမ်းရှိုက်လိုက်၏။
""ဒါပေမယ့်...အစ်ကိုရဲ့အဘိုးကတော့..လွန်းတို့ကို..သဘောတူမှာမဟုတ်ဘူးနော်..ခါးသက်မိုး..တို့ကိုတောင်..မရ ရအောင်.ခွဲခဲ့သေးတာဘဲ..လွန်းတို့ကိုလဲ..ခွဲဖို့..ကြိုးစားမှာသေချာတယ်..အစ်ကို..".
""လွန်းရယ်..အစ်ကို ရင်ဆိုင်မှာပေါ့..စိတ်ချပါ..လွန်းသာ..အစ်ကို့ကို.ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းဘဲပြောလိုက်ပါ..ဖြစ်လာမဲ့ ပြဿနာတွေ..အနှောင့်ယှက် အဟန့်အတားတွေကို..အစ်ကို..ရင်ဆိုင်ရဲပါတယ်..လွန်းလေး..""
ထစ်ချုန်းစကားများကြောင့်..လွန်း.သဘောကျစွာ..ပြုံးလိုက်မိ၏။နောက်တော့..လွန်းရဲ့ပါးပြင်ကို.နမ်းရှိုက်ဖို့ ကြိုးစားနေသည့်.ထစ်ချုန်းကို..လွန်း.တွန်းထုတ်လိုက်ပြီး..
,"ဟိုး...ဟိုးထား.ဆရာ..ဘယ်လိုကြီးလဲ..အခု ချစ်တယ်ပြောပြီး..လူကို..ပိုင်စိုးပိုင်နင်း လာနမ်းလို့ ရလိမ့်မယ်လို့ထင်နေတာလား..""
""ဟာ..လွန်းကလဲကွာ..ပထမဦးဆုံးအကြိမ်လဲ..မဟုတ်တော့ဘဲနဲ့..."
""ဘာ...ဘာပြောလိုက်တယ်..ကိုထစ်ချုန်းမိုးဒါ..ခင်ဗျား..အတွက် ပထမဦးဆုံးအကြိမ်မဟုတ်ဘူးဆိုတော့..
ခင်ဗျားကြီးရဲ့..ပထမဦးဆုံး အနမ်းကို..ဘယ်သူက ယူသွားတာလဲ ပြော..""
လွန်း  အူတိုသွားသည့် လေသံလေးနှင့် ခပ်ဆတ်ဆတ်လေးမေးလိုက်တော့..ထစ်ချုန်း..သဘောကျစွာ.ရယ်မောလိုက်သည်။
""အဟက်..အဟားဟား..
လွန်းရယ်..အူတိုတတ်လိုက်တာကွာ..လွန်းမမှတ်မိတော့ဘူး..ကိုယ်တို့ရဲ့  ပထမဦးဆုံးအနမ်းကိုလေ..လှေကားပေါ်ကနေ..ခုန်ချလိုက်ပြီး..ဒီလူကို.ဇွတ်အတင်း.နမ်းခဲ့တဲ့သူက.ဘယ်သူလဲ..""
""ဟာ..""
ထစ်ချုန်း ပြောလိုက်သည့်စကားကြောင့်..လွန်းရှက်သွားကာ..ထစ်ချုန်း..ကိုယ်ကို​တွန်းထုတ်လိုက်ပြီး..
""အဲ့တုန်းက..မတော်တဆ.ဖြစ်သွားတာလေ..ဘယ်သူက ဇွတ်နမ်းလဲဆိုတာ..ကိုယ့်ဘာသာ အသိဆုံးဖြစ်မှာပေါ့နော်..ဦးထစ်ချုန်းမိုးကြီးရဲ့..""
လွန်း..ခပ်မာမာလေးရန်ပြန်တွေ့ပြီး..ထစ်ချုန်းကိုကျောခိုင်းပြီးထွက်သွားလေသည်။
""ဟေ့..နေဦးလေ..ဒီလို.ရှက်ရမ်းရမ်းပြီး..ထွက်သွားလို့ ရရိုးလား..""
""အား...မသိဘူးကွာ..အစ်ကိုနော်...""
ထစ်ချုန်း လွန်းကိုယ်လေးကို..ကောက်ချီပြီး..တစ်ပတ်..မွှေ့ရမ်းလိုက်သည်။.ထစ်ချုန်းနဲ့လွန်းတို့နှစ်ယောက်အား.သစ်ပင်တစ်ပင်၏ပင်စည်ကို..ကွယ်ပြီး..လူတစ်ဦး..ဓာတ်ပုံခိုးရိုက်နေသည်ကိုတော့..သူတို့နှစ်ဦးသတိမထားလိုက်မိကြပေ..။
👨‍❤️‍👨👨‍❤️‍👨👨‍❤️‍👨
        လွန်း အိပ်မပျော်ပါ..။ရုတ်တရက် အစ်ကိုဆီကနေ.ချစ်ခွင့်ပန်ခြင်းကိုခံလိုက်ရတာ ယုံတောင်မယုံနိုင်ဘူး..။နောက်ပြီး..လွန်းနဲ့ဆုံတွေ့ခဲ့တဲ့သူက.ခါးသက်မိုး မဟုတ်ဘူးတဲ့..။
သူ..လွန်းဆီက​..သနားကြင်နာမှုတွေကို..ညာယူခဲ့တယ်..။နောက်ဆုံး..လွန်းကို..ခါးသက်ရဲ့ချစ်သူ..ဒီလင်းသာ.အဖြစ်..အစားထိုးဖို့ကိုတောင်..ကြိုစားခဲ့တယ်..။မင်း.ဘယ်သူလဲ..။   ဘာဖြစ်လို့..လွန်းအနားကို..ခါးသက်မိုးဟန်ဆောင်ပြီး.ချဉ်းကပ်လာခဲ့တာလဲ..။အတွေးတွေနဲ့အတူ..လွန်း..ပြတင်းတံခါးဝကနေ.​ကောင်းကင်ကိုမော့ကြည့်နေမိ၏။
နောက်တော့..လွန်း..သူရှိနေလေမလားဆိုပြီး..ခြံထဲကို.မျက်လုံးဝေ့အကြည့်...
""ဟင်...သူ...သူရှိနေတယ်..""
လွန်း..ဘာမှ တွေးမနေတော့ဘဲ..။အခန်းထဲကနေ.ပြေးထွက်လာပြီး.အောက်ထပ်ကို.ဆင်းလာခဲ့၏။
နောက်တော့..တစ်ယောက်တည်း.ခြံထဲကို.ရောက်သွားလေသည်။
      ပတ်ဝန်းကျင်တစ်ခုလုံး..တိတ်ဆိတ်ငြိမ်သက်.မှောင်မဲနေသည်။.တစ်ခါတစ်ခါ.လေတိုးသံသဲ့သဲ့ကလွဲ၍..တခြား.ဘာအသံမှမကြားရ..။လရောင်အားကိုးနဲ့..ပန်းပင်တွေကြားမှာ..လွန်း..သူကိုရှာဖွေနေမိသည်။ထွက်လာခဲ့စမ်းပါ..။မင်းဘယ်သူလဲဆိုတာ.ငါသိချင်တယ်  ။
""အမေ့...အား...""
ရုတ်တရက်..လွန်း.ကိုယ်လေး..တွန်းလှဲလိုက်တာကြောင့်..လွန်းမြေပြင်ပေါ်..လဲကျသွားသည်။
လွန်းကို.အပေါ်စီးကနေ.စိုက်ကြည့်နေသည့်သူ..။လွန်း..ကြောက်လန့်ပြီး..အော်ဟစ်အကူညီတောင်းဖို့.ဟန်ပြင်လိုက်သည်။
""အင်း...အူး...""
သူက.လွန်းရဲ့.ပါးစပ်ကို..အရင်ဦးအောင်..လက်နဲ့ဖိပိတ်လိုက်တာကြောင့်..လွန်းအသံလေး..အပြင်ဘက်ဆီသို့.ထွက်မသွားခဲ့ပေ...။
နောက်တော့ လွန်းကိုကြည့်ပြီး
သူ မဲ့ပြုံး​လေးတစ်ချက်ပြုံးသည်။
ကျန်လက်တစ်ဘက်နဲ့.လွန်းကို​​ဆွဲထူနေသည့်အချိန်..လွန်း..သူ့ရင်ဘက်ကို..အားကုန်တွန်းထုတ်လိုက်ပြီး..အလျှင်မြန်..ထလိုက်သည်။
""မင်း..ဘယ်သူလဲ..""
လွန်း..သူ့ကိုလက်ညိုးထိုးရင်း.မေးလိုက်သည်။
""ကျွန်တော်  ခါးသက်မိုးလေ..ကိုလွန်းရဲ့..""
""ဟင့်အင်း..မဟုတ်ဘူး..မင်းက..ခါးသက်မိုးမဟုတ်ဘူး..ခါးသက်မိုးက..သေသွားပြီတဲ့..""
."သြော်...သူက ကိုလွန်းကို အဲ့လိုဘဲပြောပြထားတာလား..""
""မင်းဘယ်သူလဲ..ငါမေးနေတယ်လေ..""
""ရော်..ကိုလွန်းရယ်..ကျွန်တော်က..ခါးသက်မိုး.အစစ်ကြီးပါဗျ..""
"မင်း.ထပ်ပြီး.ငါကိုလိမ်ညာဖို့မကြိုးစားပါနဲ့..မင်းက.ခါးသက်မိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး.""
""အဟက်..ကိုလွန်းရယ်..ကျွန်တော်.မညာပါဘူး..​ကျွန်တော်က..ခါးသက်မိုး.အစစ်ပါ..""
သူပြောရင်းနဲ့.လွန်းနားကို.တိုးကပ်လာနေတာကြောင့်..လွန်း.ကြောက်ပြီး..သူနားကနေ..ပြေးထွက်ဖို့ကြိုးစားလိုက်သည်။ဟုတ်တယ်. ။သူဘယ်သူလဲဆိုတာကို.လွန်းစိတ်မဝင်စားတော့ဘူး..။
     အခုချိန်..ဦးလေးရာပြည့်တို့..အစ်ကိုတို့ကို လှမ်းအော်ပြီးအကူညီတောင်းရမယ်. ။လွန်းအတွေးတွေနဲ့အတူ..ပြေးထွက်သွားဖို့ ဟန်ပြင်လိုက်သည်။
""ဟင်..အင်း...""
လွန်း ကိုယ်လေးကိုသူ..အနောက်ကနေ သိုင်းဖက်ပြီး ဖမ်းချုပ်လိုက်သည်။နောက်ပြီး..သူ့လက်ထဲက လက်ကိုင်ပုဝါတစ်ထည်နဲ့..လွန်းရဲ့ပါးစပ်နဲ့ ​နှာခေါင်းကိုအုပ်လိုက်လေသည်။
  လွန်းကိုယ်လေး..သူလက်ထဲမှာ ပျော့ခွေကျသွားသည်.။နောက်တော့..လွန်း.အမြင်အာရုံတွေဝေဝါးလာတော့သည်။လွန်း သတိမလစ်ခင်..လွန်း.နားလေးကပ်ပြီး..ပြောလာသည့်..စကားလေးတစ်ခွန်း...
""ကျွန်တော်က ခါးသက်မိုး အစစ်လား အတုလား..သိချင်ရင်..အစ်ကိုကြီးဆီကနေ ဓာတ်ပုံတောင်းပြီး..ကြည့်လိုက်ပါလားဟင်..""
😯😯😯
အပိုင်း🍓၁၂🍓မျှော်ပေးကြဦးနော်.။ဒီနေ့အပိုင်း စာရှည်တယ်နော်.။တိုတယ်မပြောကြနဲ့ 🙄။
                        🍉ညှို့စက်ကွင်း🍉

ဝိုးတဝါးအိမျမကျWhere stories live. Discover now