အပိုင်း🌺၃၄🌺

123 7 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၃၄)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
     တိတ်ဆိတ်လွန်းနေတဲ့ ညတစ်ညမှာ..အသာတိတ်တခိုး..ကြိတ်ပြီး...ငိုရှိုက်နေရရှာသည့်. ကောင်လေးတစ်ယောက်..။ကောင်းကင်ယံထက်ဆီက...တခြမ်းပဲ့လလေးကလဲ....သူ့နဲ့အပြိုင်...ကြေကွဲလို့နေရှာ၏။
အခန်းရဲ့ထောင့်လေးတစ်နေရာမှာ..ကျုံ့ကျုံလေးထိုင်ရင်း..လွန်း..
အသံတိတ်ငိုကြွေးနေမိ၏။
    မုန်းသည်။ ပျော့ညံ့လွန်းလှသည့်..မိမိကိုယ်ကိုမုန်းမိသည်။အသံမထွက်ရလေအောင်...
ပါးစပ်ကို လက်နဲ့တင်းကြပ်နေအောင်ပိတ်ထားပြီး...လွန်း..ငိုကြွေးနေမိ၏။
တစ်ခါတစ်ခါ...မဆိုစလောက်လေး ငိုသံသဲ့သဲ့ထွက်သွားလေတိုင်း..ကုတင်ပေါ်မှာ..အိပ်စက်နေသည့်..ခါးသက်ကို..လွန်းမလုံမလဲ..လှမ်းကြည့်ရသည်က အမော....။ဒါပေမယ့်..လွန်းသတိမထားလိုက်မိဘူး...။
သူငိုကြွေးနေတာကို...​ဝမ်းနည်းကြေကွဲနေတဲ့မျက်ဝန်းတွေနဲ့ငေးကြည့်နေတဲ့..ခါးသက်ကိုပေါ့..။
❤❤❤
""သားရဲ့ပါးက ဘာဖြစ်ထားတာလဲ..""
အမေအေးရဲ့ အမေးစကား‌ကြောင့်..လွန်းအယောင်ယောင်အမှားမှားနဲ့ ပါးလေးကိုကိုင်လိုက်မိသည်။ မနေ့ညကခါးသက် ရိုက်လိုက်သည့် ဘယ်ဘက်ပါးလေးကအခုထိ နာကျင်နေဆဲ..။သို့ပေမယ့်လဲ လွန်းရဲ့ရင်ဘတ်ထဲက ..ဒဏ်ရာလောက်တော့မနာကျင်။
"ဟုတ်ကဲ့..ဘာမှမဖြစ်ပါဘူး..အမေအေး..မနေ့ညက..သားချော်လဲခိုက်မိသွားတာပါ..""
လွန်း အသာခပ်ဖွဖွပြုံးရင်..မုသားစကားတို့ဆိုလိုက်၏။
"ဪ သားရယ် ဂရုစိုက်မှပေါ့ကွယ်...အရမ်းဘဲနာနေလား..""
ဂရုဏာသက်စွာ မေးလာသည့်..အမေအေးကို လွန်းပြုံးပြရင်း..ခေါင်းကိုသာ..အသာခါရမ်းပြလိုက်သည်။
ပင်ပန်းသည်။ဒီအချိန်မှာ ဟန်လုပ်ပြီး..ပြုံးနေရတာကို..လွန်းပင်ပန်းသည်။ ရင်ထဲမှာ ကမ္ဘာပျက်မတတ်..ပြိုလဲ ကြေကွဲ နာကျင်နေရတဲ့အချိန်မှာ အပြုံးတုကိုဆင်မြန်းပြီး..အရာရာအဆင်ပြေနေသယောင်..ဟန်ဆောင်နေရတာ လွန်းပင်ပန်းသည်။
     သက်ပြင်းကို အသာချရင်း..လွန်းလုပ်စရာရှိ‌တာတွေကိုဘဲ လုပ်နေလိုက်သည်။ ခါးသက် တစ်ယောက် လွန်းရဲ့အနားကိုတိုးကပ်လာကာ..
""ဘယ်လိုလဲ အဆင်ပြေရဲ့လား..""
မနေ့ညက သူမဟုတ်သည့်အတိုင်း..ညင်သာစွာမေးလာသည့်..ခါးသက်ကို လွန်းစူးရဲစွာစိုက်ကြည့်လိုက်ပြီး..
""မင်းဘဲပြောကြည့်လေ..ငါအဆင်ပြေနေလားဆိုတာ...""
""ကျွန်တော် တကယ်စိတ်ပူနေလို့ မေးနေတာဗျ..နောက်ပြီး..မနေ့ညက ခင်ဗျားကိုရိုက်လိုက်မိတဲ့အတွက်လဲ တောင်းပန်ပါတယ်...အရမ်းနာနေလား..""
ခါးသက်သူရိုက်လိုက်မိသည့် လွန်းရဲ့ပါးပြင်လေးကို စိတ်မကောင်းစွာငေးစိုက်ကြည့်ရင်း ဆိုလိုက်သည်။
လွန်း..အသာခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး..
""မင်းနာကျင်စေချင်လို့ ရိုက်လိုက်တာဘဲလေ..မနာဘဲနေမလား....အခုချိန်မှာ..ငါတစ်ယောက်တည်းဘဲ အေးဆေးချင်တယ်ခါးသက်..မင်းပြောစရာမရှိရင်..ထွက်သွားပေးပါလား..""
ခပ်ပြတ်ပြတ်ထွက်ပေါ်လာသည့်..လွန်းစကားများကြောင့်..ခါးသက် သက်ပြင်းတစ်ချက်ချလိုက်ပြီး..ထိုနေရာကနေလှည့်ထွက်လာခဲ့တော့၏။
❤️❤️❤️
        ဆေးရုံအခန်းလေးထဲက ကုတင်ပေါ်မှာ မလှုပ်မယှက် လှဲလျောင်းနေသည့် ဒေါ်လေးငယ်ရဲ့ လက်‌ကို လွန်း အားကိုးတကြီး ဆုပ်ကိုင်ထားနေမိသည်။
သတိပြန်ရလာပါတော့ ဒေါ်လေးငယ်ရယ်..သားတောင်းပန်ပါတယ်..။
သားရဲ့မိုက်ပြစ်တွေကြောင့်..ဒေါ်လေးငယ်တို့ အခုလိုဖြစ်နေရတာတောင်..သားလေတစ်ကိုယ်ဆန်စွာနဲ့ ဒေါ်လေးငယ်ကို လိုအပ်နေတယ်..။
သား အတွက် ဒေါ်လေးငယ် သတိရလာပေးပါတော့ဗျာ..။
  စိတ်ထဲကနေ မချင့်မရဲလေး တီးတိုးစွာ ရေရွတ်လိုက်ရင်း ပါးပြင်းထက်က မျက်ရည်တွေကို လွန်း လက်ခုံနဲ့သုတ်လိုက်၏။
        ဒီအချိန်မှာ မိုက်ရူးရဲဆန်ဆန် အတွေးတစ်ခုက ခေါင်းထဲတိုး၀င်လာပြန်သည်။ အကယ်၍ သူသာ ဒီလောကကြီးထဲမှာ မွေးဖွားမလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ..။
သူ့ကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့သူတွေ မနည်းတော့ဘူး။ သူရဲ့မိဘတွေရယ်...ဒေါ်လေးငယ်တို့ရယ်..နောက်ပြီး အစ်ကို...နောက်ပြီး ခါးသက်..သူတို့တွေအားလုံး လွန်းကြောင့် ထိခိုက်နာကျင်ခဲ့ရတာ။
လွန်းက..သူတို့အားလုံးအပေါ်မှာ ကံဆိုးမှုတွေ ယူဆောင်လာပေးခဲ့မိတဲ့ အဓိက တရားခံ...။ အကယ်၍ ..အကယ်၍များ...လွန်းသာ..ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့ရင်...သူတို့အားလုံး ပျော်ရွှင်ကြလေမလား...။
       လွန်း ပင်ပန်းနေပြီ ဒေါ်လေးငယ်..အရာအားလုံးကို လက်လျော့လိုက်ချင်ပြီ..။ဒေါ်လေးငယ်ကို သားလိုအပ်နေတယ်..သတိပြန်ရလာပါတော့နော်...။
လူနာခန်းလေးထဲမှာ ငူငူငိုင်ငိုင် နဲ့ထိုင်နေသည့်..လူငယ်လေးရဲ့စိတ်ထဲမှာ..ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး..။
❤️❤️❤️
""အစ်ကို....""
မရဲတရဲ ခေါ်သံလေးနဲ့အတူ လွန်း အရှေ့ကို ငှက်သိုက်ပုလင်းလေး ထိုးပေးလာတာကြောင့် လွန်း မော်ကြည့်လိုက်မိသည်။
   အပြုံးချိုချိုလေးတွေနဲ့ တန်ဆာဆင်ထားသည့်..သူနာပြုမလေးတစ်ဦး..။
လွန်းအဒေါ်ကိုလွန်းကိုယ်စား စောင့်ရှောက်ပေးနေတဲ့သူ...။
""ဟို...အစ်ကိုမျက်နှာက ဖြူဖျော့နေလို့...အားရှိအောင်..ငှက်သိုက်လေး သောက်လိုက်ပါဦးနော်..""
အထစ်ထစ်အငေါ့ငေါ့ ပြောနေသည့်..သူနာပြုမလေးကို လွန်းကြောင်အစွာငေးကြည့်နေဆဲ...။
သူနာပြုမလေးက လွန်းလက်ထဲ ငှက်သိုက်ပုလင်းလေး အတင်းထိုးထည့်ပေးနေလေတော့..
""ဟာ...မဟုတ်တာဘဲ...ဆရာမရယ်..ကျွန်တော် လက်မခံပါစေနဲ့..""
လွန်း အားနာစွာနဲ့ ငြင်းပယ်လိုက်၏။
""မဟုတ်တာဘဲ..အစ်ကိုရယ်..ကျွန်မက စေတနာနဲ့ပေးတာပါ..သောက်လိုက်ပါနော်...""
သူနာပြုဆရာမလေးက ပြောပြောဆိုဆိုနဲ့ လွန်းနဖူးလေးကို..သူမ..ရဲ့လက်နဲ့စမ်းကြည့်နေပြန်၏။
""ဟင်...အစ်ကို..ကိုယ်တွေပူနေတယ်..နေမကောင်းဘူးထင်တယ်..""
""အာ...အရမ်းကြီး မဆိုးပါဘူး ရပါတယ်..ငှက်သိုက်အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော် သောက်လိုက်ပါ့မယ်...""
မလိုအပ်ဘဲ စကားတွေ ဖောင်ဖွဲ့နေမှာကို လွန်းကြောက်တာကြောင့် အသာတကြည်ဘဲ သူနာပြုဆရာမလေးပေးတဲ့ ငှက်သိုက်ကို လက်ခံလိုက်သည်။ထိုအခါကျမှာ ပြုံးတော်မူသွားသည့် သူနာပြုဆရာမလေး...။
""ဟီး..ဟုတ်...နေမကောင်းဘူးဆိုရင်လဲ တစ်ခါတည်း ဆရာ၀န်နဲ့ပြသွားနော်..""
""ဟုတ်ကဲ့ပါ...""
လွန်း ပြုံးတုံ့ရင်းဆိုလိုက်တော့ သူနာပြုဆရာမလေး သဘောအကျကြီး ကျနေတော့တာပေါ့..။
  လွန်းကို ပြုံးရွှင်စွာကြည့်ရင်းနဲ့ တက်ကြွစွာထွက်သွားတဲ့ သူနာပြုဆရာမလေးရဲ့ ကျောပြင်ကိုကြည့်ရင်း လွန်း သက်ပြင်းလေးရှိုက်လိုက်မိ၏။
   ထိုအချိန် လွန်းလက်ထဲက ငှက်သိုက်ပုလင်းလေး ဇတ်ခနဲ့ လုယူခြင်းကိုခံရလိုက်တာကြောင့် လွန်း အထိတ်လန့်လှည့်ကြည့်လိုက်တော့ ခါးသက်ဖြစ်နေ၏။
  လွန်းကို စူးရဲစွာ စိုက်ကြည့်နေတာကြောင့် လွန်းကျောထဲစိမ့်ခနဲ့တောင်ဖြစ်သွားရသည်။
ခါးသက်က သူနာပြုဆရာမလေး ပေးသွားတဲ့ ငှက်သိုက်ပုလင်းလေးကို တွေဝေတုန့်ဆိုင်း မနေဘဲ အမှိုက်ပုံးထဲ ပစ်ထည့်ပစ်လိုက်သည်။
""ခင်ဗျားကို ကျွန်တော်က အငတ်ပစ်ထားနေလို့လား..သူများ..ပေးတဲ့ ပစ္စည်းတွေကို လျှောက်လက်ခံနေရအောင်...နောက်ဆို သူများဘာပေးပေးလက်မခံနဲ့ ကြားလား..."""
ခက်ထန်မာကြောစွာနဲ့ ဆိုလာသည့်..ခါးသက်ကို လွန်းဒီအတိုင်းလေးဘဲ ငေးကြည့်နေခဲ့သည်။
ခွန်းတုံ့ပြန်ပြောဖို့အတွက် လွန်းမှာ အားအင်မရှိတော့ဘူး။။။
အသာလေးဘဲ ငြိမ်နေလိုက်တော့သည်။
       ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငြိမ်သက်နေသည့် လွန်းကို ကြည့်ရင်း ခါးသက်ထူးဆန်းနေသလိုမျိုးခံစားနေရ၏။
    ဖြူဖျော့နွမ်းလျ နေသည့် ပုံပေါက်နေသည့် လွန်းမျက်နှာလေးကြောင့် ခါးသက် လဲ ဘာမှမဆိုမိတော့..။
ရင်ထဲမှာ စိုးရိမ်စိတ်တွေ ကြီးထွားနေတာ ခါးသက်သာ အသိဆုံးဘဲလေ..။
       ဆေးရုံကနေ ပြန်လာတဲ့လမ်းတစ်လျှောက်လုံး လွန်း အိပ်ရင်းနဲ့ လိုက်ပါလာခဲ့သည်။ နဖူးလေးကိုအသာစမ်းရင်း နေကောင်းလား မေးဖို့ရန်တောင် ခါးသက်တွန့်ဆုတ်နေမိ၏။
ညတိုင်း ညတိုင်း အသာတိတ်တဆိတ် ငိုရှိုက်နေတာကို မြင်လေတိုင်း ခါးသက်ရင်ထဲမချိ။ အသာရင်ခွင်ထဲ ထွေးပွေ့ထားပြီး အနမ်းတွေနဲ့ နှစ်သိမ့်ပေးချင်ပါသော်လည်း...တချို့သော..အကြောင်းပြချက်တွေကြောင့်..ခါးသက် ရင်နာနာနဲ့..မျက်နှာလွဲခဲ့ရတာကလဲ အခါခါ...။
    ဘယ်လို လုပ်ရမလဲ..။ ဆုပ်ရင်လဲဆူး စားရင်လဲရူး.ဆိုသလိုမျိုးဖြစ်နေတဲ့ ကျွန်တော်အဖြစ်ကို ခင်ဗျားမသိပါဘူး...။ ခင်ဗျား နာကျင်နေကို မြင်ရတိုင်း အပြေးလေးထွေးပွေ့ထားပေးခဲ့ချင်ပေမယ့်...Dရဲ့မျက်နှာ‌ကိုပြေးမြင်ယောင်နေတယ်..။ ခင်ဗျားကိုချစ်နေတဲ့ ကျွန်တော်ရဲ့စိတ်အလုံးစုံကို ချပြချင်နေပေမယ့်လဲ...Dအပေါ်မှာ မတရားသလို ဖြစ်နေစိုးတဲ့စိတ်တွေကြောင့် ဒွိဟ ဖြစ်နေခဲ့ရတဲ့ ကျွန်တော်အဖြစ်ကို ဘယ်သူတွေကများ စာနာပေးနိုင်မှာလဲ...။ လူတစ်ယောက်ကို အရမ်းချစ်ပြီး...အရမ်းမုန်းနေရတဲ့ ခံစားချက် ...။အဲ့ခံစားချက်တွေကို ကျွန်တော်မဖော်ပြနိုင်သလို..နားလည်နိုင်အောင်လဲ ရင်မဖွင့်ပြတတ်ဘူး ကိုလွန်းပုံရိပ်...။
ကြာလာရင်..ကျွန်တော် ရူးသွားမလားမသိဘူး...။အဟက်..ရူးသွားရင်လဲ တစ်မျိုးကောင်းတာ‌ပေါ့...ကျွန်တော်ခင်ဗျားကို အရမ်းချစ်နေတယ်ဆိုတဲ့အကြောင်းကို မေ့လျော့သွားတာပေါ့....။
❤️❤️❤️
       အိမ်ကိုရောက်သည့်တိုင်အောင်..လွန်းနိုးမလာခဲ့ပေ..။
""ဟေ့...ဟေ့..အိမ်ရောက်နေပြီ...""
ခါးသက် အော်နိုးလိုက်ပေမယ့်လဲ လွန်းက တုတ်တုတ်မျှမလှုပ်.။
မရဲတရဲနဲ့ လွန်းရဲ့ပုခုံးကိုလှုပ်နိုးလိုက်မိသည်။
""ဟင်...အင်း..ဟင့်..""
ညည်းညူးသံ တိုးတိုးလေးနဲ့အတူ လွန်းနိုးလာခဲ့လေပြီ..။
မျက်လုံးနှစ်လုံးကို လက်နှစ်ဖက်နဲ့ပွတ်ရင်း အိပ်မှုန်စုံမွှား..ဖြစ်နေသည့် လွန်းပုံစံလေးကို ကြည့်ရင်း ခါးသက် ပြုံးတုံ့နေမိ၏။
""ရောက်ပြီလား..""
""အင်း...""
လွန်း ကားတံခါးကိုဖွင့်ပြီး ဆင်းဖို့ဟန်ပြင်သည်။ ခါးသက် အလျှင်အမြန် အရင်ဦးအောင် ကားပေါ်ကနေဆင်းလိုက်သည်။
     လွန်း ကားပေါ် အဆင်း ခေါင်းထဲ မိုက်ခနဲ့ ဖြစ်သွားကာ..ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားလေသည်။
ခါးသက်..ထူပူသွားကာ..လွန်းကိုယ်လေးကို အသာလှမ်းထိန်းလိုက်၏။
""ရတယ်။ ဖယ်..""
လွန်း ခါးသက် လက်တွေကိုတွန်းဖယ်နေသည့်တိုင်အောင် ခါးသက် လက်မလွှတ်ပေးသေးပေ..။နောက်တော့ လွန်း နဖူးပေါ် ကျရောက်လာသည့် ခါးသက်လက်ဖဝါးကို လွန်း အလန့်တကြားဖယ်ထုတ်နေမိ၏။
""အသာနေစမ်းပါ..ခင်ဗျား ကိုယ်တွေပူနေတယ်..နေမကောင်းဘူးလား..""
""ရတယ်..မသေလောက်ထိဖြစ်တာမဟုတ်လို့..စိတ်မပူနဲ့....""
ဘောက်ဆတ်ဆတ်လေးဆိုရင်း..
ခါးသက်လက်တွေကိုတွန်းဖယ်ရင်း လွန်း ဒယိမ်းဒယိုင်နဲ့ထွက်သွားသည်။
ခါးသက် စိတ်ပူခြင်းများစွာနဲ့ လွန်းရဲ့အနောက်ကို ပြေးလိုက်သွားသည်။
   ထိုအချိန် အိမ်ထဲကနေ ထွက်လာသည့် နေလင်းသာကြောင့် လွန်းရော ခါးသက်ပါ ခြေလှမ်းတွေ ကိုယ်စီ ရပ်တန့်သွားကြလေသည်။
     နေလင်းသာက လွန်းကို ရွံ့စဖွယ် စိုက်ကြည့်ရင်း မဲ့ပြုံးလေးပြုံးသည်။
နေလင်းသာ တစ်ယောက် လွန်းကို တစ်စုံတစ်ခုပြောဖို့ ဟန်ပြင်နေတုန်းမှာဘဲ..
""မင်းက ဒီကိုဘာလာလုပ်ပြန်တာလဲ..""
နေလင်းသာရဲ့ ပုခုံးတစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲကိုင်ရင်း ခါးသက်မေးလိုက်သည်။
""ကိုကိုဆီလာတာလေ...ကိုကို..ဒီလူကြီး ကိုဘာဖြစ်လို့လက်ထပ်ခဲ့လဲဆိုတာ နေသိသွားပြီ...""
နေလင်းသာက ခါးသက်လက်ထဲကတေ ရုန်းထွက်လိုက်ပြီး
လွန်းကို စူးရဲစွာ စိုက်ကြည့်ရင်း ဆိုသည်။
လွန်း အနေနဲ့ ဒီအချိန်မှာ နေလင်းသာရဲ့ စကားနာထိုးမှုတွေကို မကြားချင်တာကြောင့် အသာရှောင်ထွက်သွားဖို့အလုပ်..
""ဖြန်း....""ခနဲ့ မြည်သံနှင့်အတူ လွန်းရဲ့ ဘယ်ဘက် ပါးပြင်လေး ထူပူသွားရပြန်၏။
""နေလင်းသာ...မင်းဒါဘာလုပ်တာလဲ.. ""
ဒေါသတကြီး နဲ့ထွက်ပေါ်လာသည့် ခါးသက်အမေးစကားကို နေလင်းသာက..ခနဲ့တဲ့တဲ့အပြုံးနှင့်အတူ..
""လူသတ်သမားကောင်ကို..ပါးရိုက်လိုက်တာလေ..လူသတ်သမား..
ငါ့အစ်ကိုကိုသတ်ပြီး မင်းကတော့ ကောင်းစားနေတာပေါ့လေ..ကျက်သရေကိုမရှိဘူး..လူသတ်သမားကောင်...."""
နေလင်းသာ ကလွန်းရဲ့ အင်္ကျီ ကော်လံစကို..ဆွဲရင်း ဆိုသည်။
ခါးသက် အံဩမှင်သက်နေရာကနေ..လွန်းရဲ့အင်္ကျီ ကော်လံစကို ဆွဲထားသည့်.နေလင်းသာရဲ့ လက်တွေကို ဆွဲဖယ်ပစ်လိုက်သည်။
""ဖယ်...ကိုကို၀င်မပါနဲ့...ဒီလူသတ်သမားကောင်ကို နေ.တစ်ခုခုလုပ်ရမှ ကျေနပ်နိုင်မယ် ကိုကို...""
နေလင်းသာက..လွန်းကို လက်ညိုးထိုးရင်း ဒေါသတကြီး အအော်ပြောလေသည်။ခါးသက် လွန်းကိုကြည့်လိုက်တော့..မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့နေသည်ကိုတွေ့တော့ ရင်ထဲမချိ. ။
နေလင်းသာရဲ့ လက်တွေကို ခပ်ကြမ်းကြမ်းဆောင့်ဆွဲလိုက်ပြီး...
""ဒေါ်လေးတာ.""
ခါးသက် ခေါ်သံအဆုံး အိမ်ထဲကနေ ပြေးထွက်လာရှာသည့် ဒေါ်တာ..။
""ကိုလွန်းပုံရိပ်ကို သူအခန်းထဲမှာ အနားယူလို့ရအောင် ခေါ်သွားပေးပါ..""
""ဟုတ်..ဟုတ်ကဲ့ပါ..အစ်ကိုလေး..""
လွန်းရဲ့ဘေးနား ဒေါ်တာ ရောက်လာတော့မှ နေလင်းသာကို ခပ်ကြမ်းကြမ်း ဆွဲခေါ်ရင်း ခါးသက်ထွက်သွားလေသည်။
❤️❤️❤️
အပိုင်း ❤️၃၅❤️မနက်ဖြန် ည တင်ပေးမယ်နော် ကတိ 😁😁။
မေ့နေလောက်ပြီ မေ့ရင် အစကနေ ပြန်ဖတ်🤭🤭🤭။

ဝိုးတဝါးအိမ်မက်Where stories live. Discover now