အပိုင်း🍀၈🍀

140 7 0
                                    

💤ဝိုးတဝါးအိမ်မက်💤
🌈အပိုင်း(၈)🌈BL🌈
🍀🍀🍀🍀🍀🍀🍀🍀
         လွန်း..ရေပူနဲ့ရေအေး အချိုးစားမျှအောင်..ရောစပ်လိုက်ပြီး..ရေချိုးကန်ထဲ..ဆင်းစိမ်လိုက်သည်။
အား..တစ်ကိုယ်လုံး.လန်းဆန်းသွားသလို...။ ရေစိမ်ရင်း..အတွေးထဲ
အစီအရီ..ဝင်ရောက်လာသည်က..ခါးသက်ပြောပြသော..အကြောင်းရာများပင်..။.နေ့စဉ်နဲ့အမျှ ရန်ဖြစ် စကားများနေကြသော မိဘတွေကြောင့်..
အစ်ကို.ဘယ်လောက်ထိ အထီးကျန်ဆန်..ဝမ်းနည်းနေလိုက်ရှာမလဲ..။
        လွန်းငယ်စဉ်ဘဝတုန်းကလဲ နေ့စဉ်..နေ့စဉ်..တစ်ယောက်တစ်ခွန်း..အော်ဟစ် ကြိမ်းမောင်းနေကြတဲ့မိဘနှစ်ပါးကြောင့်..ချောင်တစ်ချောင်မှာ ပုန်းရင်း ငိုခဲ့ဖူးသည်။ မေတ္တာ ဆိုဘာမှန်းမသိ..။နေ့စဉ် ကြောက်ရွံ့မှုတွေသာ ကြီးစိုးခဲ့ရလေသည်။
        အစ်ကိုလည်း လွန်းလိုဘဲ.ခံစားခဲ့ရတာများလား..။လွန်း တွေးရင်း..
မျက်ရည်များက မဆဲ..။ပါးပြင်ပေါ်သို့..လိမ့်ဆင်းကျကုန်သည်။
လွန်း..​တစ်ကိုယ်လုံး.ခေါင်းမြှုပ်သွားအောင်ထိ..ရေကန်ထဲ.စိမ်လိုက်သည်။
ရေအောက်ထဲ လွန်း အားကအောင် အသံတိတ်ငိုကြွေးလိုက်၏။
❤❤❤
             ""ဒေါက်..ဒေါက်..""
""အစ်ကို..အစ်ကို..""
လွန်း..အစ်ကိုအခန်းတံခါးကို.အသာခပ်ဖွဖွ..ခေါက်ရင်း..ညှင်သာစွာအော်ခေါ်လိုက်သည်။ အစ်ကိုအခန်းထဲက ဘာအသံမှ ထွက်မလာ..။လွန်း..အသာတံခါးကို.တွန်းလိုက်တော့.ပွင့်သွားသည့်.အခန်းတံခါးလေး..။လွန်း.တစ်ခဏတာမျှတွေဝေသွားသည်။.အချိန်က.မစောတော့ဘူး..။အရမ်း.မိုးချုပ်နေပြီ..။အစ်ကို့အခန်းထဲ.ဝင်ရမလား..။မဝင်ရဘူးလား..။လွန်း.တွေဝေနေသည်။
       နောက်တော့ တိတ်ဆိတ်ငြိမ်သက်နေပြီး..လရောင်ခပ်မှိန်မှိန် သာ ရှိနေသည့်..အစ်ကိုအခန်းထဲကို လွန်းဝင်လာခဲ့လိုက်သည်။ကုတင်ထက်မှာ..အိပ်မောကျနေသည့်.အစ်ကို..။
လွန်း အသာခြေဖော့ပြီး. အစ်ကိုနားကိုတိုးကပ်လို့သွားလိုက်သည်။
        ပကတိ တည်ငြိမ်ပြီး ယောက်ျားပီသစွာ ခန့်ညားချောမောလွန်းလှသည့် အစ်ကို..။ လွန်း အစ်ကိုမျက်နှာလေးကို..မူးမိန်းစွာနဲ့.ငေး​စိုက်ကြည့်နေမိ၏။ အစ်ကို ပါးပြင်ပေါ်ကို..လက်ချောင်းလေးနဲ့အသာထိတို့လိုက်သည်။ နောက်တော့ အစ်ကိုရဲ့ ဘယ်ဘက်ပါးလေးကို..လွန်း အသာ ခပ်ဖွဖွလေး နမ်းရှိုက်လိုက်သည်။
     ""ပျော်ရွှင်ပါစေ အစ်ကို..အစ်ကိုပျော်နေတာကိုဘဲ လွန်းမြင်ချင်တယ်..""
     လွန်း တိုးတိတ်စွာရေရွတ်လိုက်ပြီး..အစ်ကိုအခန်းထဲက​နေ လွန်းပြန်ထွက်လာခဲ့လိုက်သည်။
       လွန်းအခန်းထဲကို ရောက်တော့.လွန်းအကြည့်တွေက ပြတင်းဝဆီကို ရောက်ပြန်သည်။.ခါးသက်မိုး..။
သူ့ဘဝကရော.သာယာချောမွေ့နေမှာတဲ့လား..။သူ့ဘဝကရော ဘယ်လောက်ထိအောင်.ကြမ်းတမ်းခက်ထန်နေလိုက်မလဲ..။လွန်း တွေးရင်း..ရင်ထဲ တင်းကြပ်လာပြန်သည်။
    သက်ပြင်းကို ခပ်ဖွဖွချရင်း..ပြတင်းဝဆီကို လွန်းရောက်သွားသည်။မိုးတောင်အတောင် ချုပ်နေပြီဘဲ..။ သူရှိနေမှာ မဟုတ်တော့ပါဘူး..။လွန်းတွေးရင်း..ပြတင်းတံခါးလေးကို.ဖွင့်လိုက်သည်။လွန်း အကြည့်တွေက ပန်းပင်တွေရှိရာဆီသို့...
""အို...""
လွန်းရဲ့ နုတ်ခမ်းနှစ်လွှာလေး ဖက်ခနဲ့.
ပွင့်သွားပြီး..အာမေဋိတ်သံလေး ထွက်သွားရလေသည်။.မျက်နှာတစ်ခုလုံး ရှိန်းခနဲ့.ဖြစ်သွားပြီး..ကပျာကယာ ပြတင်းတံခါးလေးကို ပိတ်လိုက်ရသည်။.ပန်းပင်တွေကြားမှာ သူရှိနေတယ်..။ လွန်း လှုပ်ရှားသွားသည့် ရင်အစုံကို လက်နဲ့ဖိရင်း..အသက်ကိုခပ်ဖြေးဖြေးလေး.ရှုလိုက်သည်။
ရှက်လိုက်တာ...လွန်း.ရေရွတ်လိုက်ပြီး..။အိပ်ရာပေါ် လှဲအိပ်လိုက်သည်။
စိတ်ထိန်းထားစမ်းပါ.လွန်းပုံရိပ်..။
မင်းက ယောက်ျားလေးတစ်ဦးနော်..။
ကိုယ့် အိန္ဒနြေဲ့ကိုယ်နေစမ်း..။
🍀🍀🍀
       ""အစ်ကို..အစ်ကို..ခဏနေဦး..""
လွန်း အခန်းထဲကနေ ထွက်လာတော့..
အောက်ထပ်ကိုဆင်းသွား
သည့်.အစ်ကို့ကိုလှမ်းခေါ်လိုက်သည်။လွန်း လှေကားထိပ်ဆီကို ရောက်သွားတော့.အစ်ကိုက..အောက်ကိုရောက်သွားပြီ..။လွန်း အစ်ကိုဆီရောက်အောင် ခပ်မြန်မြန်လေး.ပြေးဆင်းသွားလိုက်သည်။
""ဟာ..ဖြေးဖြေး..လွန်း..""
လှေကားထစ်က​နေ ပြေးဆင်းလာသည့်လွန်းကို ကြည့်ရင်း.ထစ်ချုန်းရင်ပူသွားရလေသည်။.ခြေချော်ပြီး ပြုတ်ကျသွားရင်ဒုက္ခ..။
""အမေ့..အား...""
ထစ်ချုန်း တွေးနေလို့မှ မဆုံးသေးဘူး..လွန်း.လှေကားထစ်ပေါ်ကနေ ခြေချော်ကျသွားလေသည်။
""ဟာ...လွန်း...""
ထစ်ချုန်း.အောက်ကနေ လွန်းကိုယ်လေးကို ဆီးဖမ်းလိုက်သည်။
  အရှိန်နဲ့ပြုတ်ကျလာတာကြောင့်..လွန်းရော..ထစ်ချုန်းပါ..နှစ်ဦးသားကြမ်းပြင်ပေါ်သို့..ထပ်လျှက်.ပစ်လဲသွားလေတော့သည်။.တော်သေးသည်။.သူ.လွန်းကို.အချိန်မှီ ဖမ်းလိုက်နိုင်လို့..။သူ့အပေါ် မှာ ထပ်လျှက် လဲကျနေတဲ့ လွန်း ခါးလေးကို ဖက်ထားလိုက်တယ်..။ ဟင်..ချိုလိုက်တာ..။နောက်ပြီး..နွေးထွေးပြီး နူးညံ့နေတာဘဲ...။ထစ်ချုန်း သတိထားကြည့်လိုက်တော့..
""ဟင်..""
""ဟာ..""
လွန်းနုတ်ခမ်းနဲ့ သူနုတ်ခမ်းက ထိမိနေလျှက်သားဖြစ်နေလေသည်။လွန်းရဲ့ မျက်နှာတစ်ခုလုံး ရှက်စိတ်ကြောင့်.နီရဲနေလေသည်။ထစ်ချုန်းမှာလည်း..မမျှော်လင့်ဘဲ..လွန်းနုတ်ခမ်းရဲ့.အထိတွေ့တွေကြောင့်..အသက်ရှုမှားနေမိ၏။
     လွန်း ကြုံးထဖို့.ကြိုးစားနေပေမယ့်.ထစ်ချုန်းရဲ့လက်တွေက လွန်းခါးလေးကို တင်းကြပ်နေအောင် ဖက်ထားတာကြောင့် လွန်းမှာ မလှုပ်သာ မယှက်သာ..။
""အစ်ကို...အစ်ကို..လွန်းကို.လွှတ်ပေးဦးလေ..""
လွန်း မချင့်မရဲလေးနဲ့ ဆိုလိုက်သည်။
ထစ်ချုန်း ဆီကနေ ဘာအသံမှ ထွက်မလာပေ..။နောက်ပြီး လွန်းခါးလေးကို
ပိုပြီးတော့တောင်.တင်းနေအောင် ဖက်ထားလိုက်ပြန်သည်။လွန်း ရှက်လွန်းလို့ သေတော့မည်..။ထိကပ်နေပါသော.ခန္ဓာကိုယ်နှစ်ခု..။ပေါက်ထွက် မတတ်ခုန်​နေပါသော.နှလုံးသားတွေ..။
""အစ်ကို..လွန်းကို..အင်း..အု...""
လွန်းစကားတောင်မဆုံးလိုက်..လွန်းနုတ်ခမ်းလေးကို..ဖိကပ်ပြီး နမ်းရှိုက်လိုက်ပါသော.ထစ်ချုန်း..။လွန်း အံ့သြလွန်းလို့..မျက်လုံး အပြူးသား..။
      လွန်းနုတ်ခမ်းကို.အစ်ကိုက.ငုံခဲပြီးနမ်းရှိုက်.နေသည်ဆိုသော အသိက..လွန်းကို ရူးခါသွားမတတ်ပင်..။
လွန်း အသက်ရှုဖို့တောင်မေ့လျော့နေခဲ့သည်။.လွန်း အိပ်မက် မက်နေတာများလား..။လွန်း တစ်ကိုယ်လုံး တိမ်တွေပေါ်မှာ  လွင့်မျောနေသလို..။
      အစ်ကို အနမ်းတွေအောက်မှာ..လွန်းလုံးဝကို..မလှုပ်မယှက်နဲ့..ပျော်ဝင်နေမိသည်။ အစ်ကို အနမ်းတွေကိုလဲ ပြန်ပြီး မတုံ့ပြန်မိသလို.ငြင်းလဲမငြင်းပယ်ခဲ့မိဘူး..။၁မိနစ်လောက်..လွန်းနုတ်ခမ်းလေးကို..သတိလက်လွှတ်..နမ်းရှိုက်မိနေသည့်  ထစ်ချုန်း..။အသိစိတ်ဝင်​လာတော့...မျက်နှာတစ်ခုလုံး ထူပူသွား​သည်။သူ့ကိုယ်ပေါ်က.လွန်းရဲ့ခါးလေးကို.ဖက်ထားသည့် လက်တွေကို ဖြေလျော့ပေးလိုက်သလို..အနမ်းတွေကို.ရပ်တန့်ပေးလိုက်သည်။
""Sorry...လွန်း...""
""ဟုတ်...ရ..ရပါတယ်..အစ်ကို..""
လွန်း..ထစ်ချုန်း.ကိုယ်ပေါ်ကနေ..အလျှင်မြန် ထလိုက်ပြီး..ထိုနေရာကနေ..ပြေးထွက်သွားလေတော့သည်။ထွက်ပြေးသွားတဲ့ လွန်းရဲ့ကျောပြင်ကိုငေးကြည့်ရင်း ထစ်ချုန်းပြုံးလိုက်သည်။
""မင်းလေးရဲ့ နုတ်ခမ်းသားတွေက..အရမ်းချိုပြီး.နူးညံ့နေတာဘဲ  လွန်းရယ်..""
  ထစ်ချုန်း ​တီးတိုးစွာရေရွတ်လိုက်သည်။လွန်း..အစ်ကိုနဲ့ဝေးရာဆီကို ရောက်တော့..ခုန်နေတဲ့..ရင်ခွင်အစုံကို လက်တစ်ဖက်နဲ့ဖိထားလိုက်သည်။နောက်တော့.ကျန်လက်တစ်ဖက်နဲ့.သူ့ရဲ့နုတ်ခမ်းတွေကို ထိကိုင်လိုက်တယ်..။
""လွန်းရဲ့..ပထမဦးဆုံးအနမ်းနဲ့အချစ်ကို ..အစ်ကို အပိုင်သိမ်းသွားပြီ..အစ်ကိုအတွက်ကရော..ဒါဟာ.ပထမဦးဆုံးအနမ်းများလား..""
😍😍😍
         ဒီနေ့တစ်နေ့လုံး..လွန်း.ရင်တွေအရမ်းခုန်နေသည်။.မနက်က အနမ်းတစ်ပွင့်အကြောင်းကို ပြန်စဉ်းစားမိတိုင်း...လွန်း မျက်နှာ​လေးက ပြုံးတုံးပြုံးတုံး.. ။အစ်ကို သိမ်းပိုက်သွားတဲ့..လွန်းရဲ့နုတ်ခမ်းလေးကို..ကိုင်ရင်း.အတွေးတွေ နယ်ချဲ့နေမိ၏။
"တစ်ယောက်တည်း..ဘာတွေတွေးပြီး..ပြုံးနေတာလဲ  ကိုလွန်း..""
အနားကိုရောက်လာသည့်.ခါးသက်ကို.လွန်း မလုံမလဲနဲ့.မော့ကြည့်လိုက်ရင်း..ခေါင်းကိုခါရမ်းပြလိုက်သည်။
      ခါးသက်ပြုံးရင်း လွန်းရဲ့ဘေးနားဝင်ထိုင်လိုက်သည်။ ရှက်သွေးဖြာနေတဲ့ လွန်း ရဲ့မျက်နှာလေးကို..အလိုမကျဟန်  စိုက်ကြည့်လိုက်သည်။
သို့ပေမယ့်..သူဘာတစ်ခွန်းမှ မဆိုပါဘူး..။နောက်တော့ ချောင်းတစ်ချက်ဟန့်လိုက်ပြီး..လည်ချောင်းကိုရှင်းလိုက်သည်။ လွန်းလဲ..တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ခါးသက်ဆီကနေ ထွက်ပေါ်လာမဲ့ စကားသံတွေကို မျှော်လင့်နေမိသည်။
    ""ဝဠာမိုးနဲ့ သူရဲ့ချစ်ဇနီး ဒေါ်ပန်းဝတ်မှုန်တို့ဟာ..ဘယ်လိုမှကို..ညှိနှိုင်း လို့မရတော့ဘူး..ဒေါ်ပန်းဝတ်မှုန်ဟာ..တစ်ထစ်ချကို..ဝဠာမိုးနဲ့.မေသက်တို့ကို..သမုတ်တော့တယ်..။.ဝဠာမိုးရဲ့အဖေ ဦးဓနမိုးက..မေသက်ကို.ဧကရာဇ်နန်းမြိုင်စံအိမ်တော်ကနေ အပြီးတိုင် မောင်းထုတ်တော့တာပေါ့..ဒါပေမယ့်..ဝဠာမိုးက မေသက်ကို..ကာကွယ်ပေးခဲ့တော့.အခြေနေတွေက ပိုဆိုးကုန်တော့တာပေါ့..။နောက်ဆုံး  ဝဠာမိုးလဲ မထူးဇာတ်ခင်းတဲ့အနေနဲ့..မေသက်ကို မယားငယ်အဖြစ်နဲ့ လက်ထပ်ယူလိုက်ရတော့တယ်..။ဒါမှ မေသက်..ဒီစံအိမ်တော်ကြီးကနေ ထွက်မသွားရတော့မှာလေ..။မေသက်ရဲ့ နားခိုရာ အသိုက်မြုံလေးကို..ကာကွယ်ပေးတဲ့အနေနဲ့..​မေသက်ကို.ဝဠာမိုးက လက်ထပ်ပေးခဲ့တာပါ..။သူတကယ်ချစ်တာကတော့..သူရဲ့ဇနီးကိုပါ..""
လွန်း..စိတ်ဝင်တစားနဲ့ နားထောင်နေမိသည်။.
""ဝဠာမိုးရဲ့ ပထမ မယားကြီးက သူ့ကို ကွာရှင်းပေးဖို့ တောင်းဆိုတယ်..ဒါပေမယ့်..ဝဠာမိုးက ကွာရှင်းမပေးခဲ့ဘူး..။
ဒေါ်ပန်းဝတ်မှုန် ရင်ထဲမှာ ဝဠာမိုးနဲ့မေသက်ကို အရမ်းမုန်းတီးနေမိတယ်..။
နေ့စဉ်နဲ့အမျှ..မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရှာတဲ့. ဒေါ်ပန်းဝတ်မှုန်..။
ဒေါ်ပန်းဝတ်မှုန်ကို ကြည့်ရင်းသူတို့ရဲ့ လူမမယ်သားလေးရဲ့ရင်ထဲမှာ အနက်ရှိုင်း.ဆုံး စိတ်ဒဏ်ရာတွေရလာခဲ့တယ်..။ အဆိုးဆုံးကတော့..မေသက်ဆီမှာ..ဝဠာမိုးရဲ့ ရင်သွေးလေး ရှိလာခဲ့တယ်..။ ကိုယ်ဝန်ဆောင်..မေသက်ရဲ့ဘေးနားမှာဘဲ..ဝဠာမိုး အနေများလာခဲ့တော့တယ်..။ ညတိုင်း.ဖခင်ပြန်လာနိုး..ပြန်လာနိုး.မျှော်နေမိတဲ့..ကလေးငယ်​လေးတစ်ဦး..။မိခင်ဆီမှာ.ဖခင်ပြန်လာဖို့ ပူဆာမိလေတိုင်း..မိခင်ဖြစ်သူ ငိုကြွေးနေတာကို သူမြင်ခဲ့ရတယ်..။သူ့တို့ဆီကနေ.သူ့တို့သိပ်ချစ်ရတဲ့အဖေကို..မိန်းမကြီးတစ်ဦးက လုယူသွားပြီဆိုတဲ့.အတွေးတွေက ၆နှစ်ကျော် ကလေးငယ်လေးတစ်ဦးရဲ့..အသည်းနှလုံးတွေကို ကွဲကြေစေခဲ့​တယ်..""
အို..သနားလိုက်တာအစ်ကိုရယ်..။လွန်း.ရင်ထဲမှာ တိုးတိုးဖွဖွလေး..ရေရွတ်လိုက်သည်။ လွန်း.မျက်ဝန်းထဲမှာ  ဖခင်ပြန်အလာကို စောင့်မျှော်နေရှာသည့်.ကလေးငယ်တစ်ဦးရဲ့ ရုပ်သွင်လေးက ပေါ်လာလေသည်။
      ""အဲ့ကလေးရဲ့ရင်ထဲကို နာကျည်းမုန်းတီးမှုတွေပြည့်သိပ်စေခဲ့တဲ့ နေ့လေးတစ်နေ့..။ဒေါ်ပန်းဝတ်မှုန်.တစ်ယောက်..ရောဂါသည်းပြီး..အသည်းသန်အခြေနေရောက်နေတဲ့အချိန်..။
ကလေးငယ်လေးက..အားကိုးတကြီးနဲ့..ဖခင်ကိုတမ်းတနေမိခဲ့တယ်..။
ဒါပေမယ့်..မိခင်ဖြစ်သူသာ.အသက်ဆုံးရှုံးသွားတယ်..ဖခင်ဖြစ်သူက ရောက်မလာခဲ့ဘူး..။ဘာဖြစ်လို့လဲ ကိုလွန်းသိလား..""
ခါးသက်က လွန်းကို စူးရဲစွာစိုက်ကြည့်ရင်း မေးလိုက်​တော့.လွန်း.ခေါင်းခါပြလိုက်သည်။
""ဘာဖြစ်လို့လဲဆိုတော့..အဲ့နေ့က.ကျွန်တော်ရဲ့မွေးနေ့ဖြစ်နေလို့လေ..မွေးဖွားကာနီးဖြစ်နေတဲ့ မေမေဘေးနားမှာ ဖေဖေရှိနေပေးရလို့..အစ်ကိုကြီး..အမေရဲ့ နောက်ဆုံးခရီးမှာ..ဖေဖေမရှိခဲ့တာပါ..။အစ်ကိုကြီးအမေ​ဆုံးတဲ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မွေးလာခဲ့တဲ့ ကျွန်တော့်ကို..အစ်ကိုကြီး.က အရမ်းဘဲမုန်းတီးနေခဲ့တယ်လေ..ကျွန်တော်ဆိုတာက.သူ့အတွက်တော့ ကံကြမ္မာဆိုးတွေကို သယ်ဆောင်လာပေးခဲ့တဲ့သူလေ""
လွန်း..ခါးသက်ကို..ဂရုဏာသက်စွာ.ငေးကြည့်နေမိ၏။ ခါးသက်.ပြောပြခဲ့တဲ့..အကြောင်းရာတွေကို လွန်း နားထောင်လို့အပြီးမှာ..ဘယ်သူ့ကို အပြစ်တင်ရပါမည်နည်း..။ကံကြမ္မာကိုဘဲ.ယိုးမယ်ဖွဲ့လို့ အပြစ်သာတင်ချင်​မိတော့၏။
ခါးသက် မျက်နှာပေါ်က.ဝမ်းနည်းရိပ်တွေကို လွန်းမြင်နေရသည်။.ခါးသက်ရဲ့.ငယ်ဘဝဟာလဲ..အစ်ကိုထစ်ချုန်းလိုဘဲ..မိဘမေတ္တာ တွေငတ်မွတ်ခဲ့ရမှာအမှန်..။လွန်း.ကိုယ်တိုင်ကလည်း.မိဘမေတ္တာငတ်မွတ်ခဲ့တဲ့သူဆိုတော့.ကိုယ်ချင်းစာမိသည်။ ခါးသက်ရဲ့ပုခုံးလေးကို..လွန်းဖိကိုင်ရင်း နှစ်သိမ့်ပေးလိုက်သည်။
""အာ...မင်းဒါ ဘာလုပ်တာလဲ..""
ရုတ်တရက်..လွန်း ကိုယ်လေးကို.ရင်ခွင်ထဲဆွဲသွင်း ပြီး.ဖက်လိုက်သည့်..ခါးသက်ကြောင့်.လွန်း..လန့်သွားမိ၏။သူ့ရင်ခွင်ထဲကနေ.လွန်း.ရုန်းထွက်ဖို့ကြိုးစားလိုက်၏။.ခါးသက်၏.လက်တစ်ဘက်က.လွန်းရဲ့ခါးလေးကို.ခပ်တင်းတင်း..​ဖက်ထားပြီး..ကျန်လက်တစ်ဘက်က..လွန်း.ရဲ့.ကျောပြင်ကို.ဖက်ထားခြင်းဖြစ်သည်။.လွန်း.ခါးသက်ရဲ့.ရင်ဘတ်ကို.လက်နှစ်ဘက်နဲ့.တွန်းထုတ်ပြီး.ရုန်းထွက်ကြည့်သည်မရ..။
    အားသန်လွန်းလှပါဖိ..။.အစ်ကိုထစ်ချုန်းတို့.ခါးသက်တို့နှင့်ယှဉ်ရင်.လွန်းခန္ဓာကိုယ်လေးက.သေးလွန်းလှသည်။.၆ပေနီးပါးရှည်လျားကြသည့်..သူတို့အရပ်နှင့်ယှဉ်ပါရင်..၅ပေ၄လက်မကျော်သာ.ရှိသည့်.
လွန်း၏အရပ်က...ရင်ခွင်မှီအရပ်လေးလို.ဖြစ်နေသည်။
""ခဏလေး...ခဏလေးဘဲ..ဒီအတိုင်းနေပေးပါ့လား..ကိုလွန်း..ကျွန်တော်.တောင်းဆိုတာပါ.."".
တောင်းတောင်းပန်ပန်နဲ့ ဆိုလာသည့်..
ခါးသက်၏စကားကြောင့်.လွန်း.အသာငြိမ်ပေးလိုက်ရသည်။ငြိမ်မပေးလို့ကလဲမရ..။လွန်းရုန်းနေလဲ အပို..။အားချင်းမှမမျှတာ..။
      လွန်း ငြိမ်ပေးလိုက်တော့..။လွန်းကိုယ်လေးကို.ခါးသက်..ပိုတိုးလို့.ဖက်ထားလေသည်။.လွန်းမျက်နှာတစ်ခုလုံးကလည်း.ခါးသက်ရင်ခွင်ထဲမှာ.စုံးစုံးမြုပ် လို့​နေ၏။လွန်းကြားနေရသည်။.ခါးသက်မိုး၏ နှလုံးခုန်သံကို..။တစ်ဒုတ် ဒုတ်နဲ့..သူဘာဖြစ်လို့များ..ရင်ခုန်သံတွေအရမ်း..မြန်နေရတာလဲ..။
💕💕💕
အပိုင်း🍓၉🍓လေး မျှော်ပေးကြပါဦးနော်..။ ဖတ်ရတာ ပျင်းနေပြီလားမသိဘူး😁။ဦးက စာရေးညံ့တော့ သည်းခံပြီးသာ ဖတ်ပေးကြပါနော်😘😘😘။.
                         🍉ညှို့စက်ကွင်း🍉

ဝိုးတဝါးအိမျမကျWhere stories live. Discover now